ထိုင်းနိုင်ငံ CI ထုတ်ပေးရေး စခန်းများ ပိတ်သိမ်းထားခြင်း မရှိကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးထုတ်ပြန်

ထိုင်းနိုင်ငံ CI ထုတ်ပေးရေး စခန်းများ ပိတ်သိမ်းထားခြင်း မရှိကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးထုတ်ပြန်
Published 22 October 2017

ထိုင်းနိုင်ငံရှိ  CI ထုတ်ပေးရေး စခန်းများ ပိတ်သိမ်းထားခြင်းမရှိဘဲ ပုံမှန်လည်ပတ်လျက်ရှိကြောင်း အောက်တိုဘာ ၂၁ ရက်တွင် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သတင်းထုတ်ပြန်သည်။

ဖေ့ဘွတ်စ်လူမှုကွန်ရက်တွင် CI စခန်းများ ပိတ်သိမ်းမည်ကြောင်းနှင့် ငွေပေးသွင်းမှုများ မရှိတော့ကြောင်း ပျံ့နှံ့လျက်ရှိရာ CI စခန်းများ ပိတ်သိမ်းထားခြင်းမရှိကြောင်းနှင့် ငွေပေးသွင်းမှုများကိုလည်း ပိတ်သိမ်းထားခြင်း မရှိပါကြောင်း မြန်မာသံရုံး၏ သတင်းထုတ်ပြန်ချက်ထဲတွင် ပါဝင်သည်။

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်လျက်ရှိသည့် နေထိုင်ခွင့်သက်တမ်းကျန်ရှိနေသေးသော ယာယီပတ်စ်ပို့ ကိုင်ဆောင်ထားသည့် မြန်မာရွှေ့ပြောင်းလုပ်သားများနှင့် ယာယီ နေထိုင် အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (ဘတ်ကတ်ခေါ်  TR-38 ) ကိုင်ဆောင်ထားသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၊ ထိုင်း နိုင်ငံအစိုးရမှ ၂၀၁၇ ခုနှစ် ဇူလိုင် ၂၄ ရက်မှ သြဂုတ် ၇ ရက်အထိ သက်ဆိုင်ရာနယ်မြေ အလုပ်သမားရုံးများတွင် မှတ်ပုံတင်ခွင့်ပြုထားသော မြန်မာရွှေ့ပြောင်း အလုပ်သမားများ Counter Service Co.Ltd ၏ ငွေသွင်း ကောင်တာများဖြစ်သော Seven Eleven စတိုးဆိုင်များတွင် ငွေပေးသွင်းစေပြီး ထိုင်း နိုင်ငံရှိ စမုစခွန်မဟာချိုင်(၁)၊ (၂)၊ စမုပရကန်၊ မယ်ဆိုင်၊ မဲဆောက်၊ ရနောင်း၊ ချင်းမိုင်၊ ဆောင်ခလာနှင့် နခွမ်စဝမ်မြို့များတွင် စခန်းများ ဖွင့်လှစ်၍ မည်သူမည်ဝါဖြစ်ကြောင်း သက် သေခံလက်မှတ်  (Certificate of Identity -CI) ကို ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent