ဒွိန်းဂျွန်ဆင် ဟောလိဝုဒ် Walk of Frame တွင် ဂုဏ်ပြုခံရ

ဒွိန်းဂျွန်ဆင် ဟောလိဝုဒ် Walk of Frame တွင် ဂုဏ်ပြုခံရ
Published 15 December 2017

သက်ရှိထင်ရှားဆွဲဆောင်မှုအရှိဆုံး အမျိုးသားသရုပ်ဆောင်နှင့် ကမ္ဘာ့ဝင်ငွေအများဆုံးရသရုပ်ဆောင်အဖြစ် ဖော်ပြခံခဲ့ရသည့် အက်ရှင်သရုပ်ဆောင် ဒွိန်းဂျွန်ဆင်သည် ဒီဇင်ဘာ ၁၃ ရက်တွင် ဟောလိဝုဒ် Walk of Fame ၌ ဂုဏ်ပြုခံခဲ့ရသည်။

ဘောလုံးကစားသမား၊ နပန်းအားကစားသမားမှသည် သရုပ်ဆောင်ဖြစ်လာခဲ့သည့် အသက် ၄၅ နှစ်အရွယ်ရှိ ဂျွန်ဆင်က လက်တွဲဖော်လော်ရင်းဟာရှီရန်နှင့် သမီးဖြစ်သူ အသက်နှစ်နှစ်အရွယ်ရှိ ဂျက်စမင်နှင့်အတူ ဟောလိဝုဒ် Boulevard လမ်းတွင်ပြုလုပ်သည့် အခမ်းအနားသို့ တက်ရောက်ခဲ့သည်။ နှစ်ပေါင်းများစွာကြိုးစားခဲ့မှုကြောင့် ဟောလိဝုဒ် Walk of Fame တွင် ၂,၆၂၄ ခုမြောက်ကြယ်ပွင့်ဖြင့် ဂုဏ်ပြုခံခဲ့ရခြင်းဖြစ်ကြောင်း၊ မိမိ၏အနုပညာအလုပ်များကို ကူညီပံ့ပိုးပေးခဲ့သည့် မိတ်ဆွေများနှင့် မိသားစုဝင်များကို ကျေးဇူးတင်ကြောင်း ဂျွန်ဆင်က ပြောကြားခဲ့သည်။ Sony Pictures Motion Picture Group ၏ ဥက္ကဋ္ဌတွမ်ရော့သ်မန်က ဂျွန်ဆင်သည် လက်မှတ်ရောင်းချမှု ဝင်ငွေဒေါ်လာဘီလျံများစွာ ရှာဖွေပေးခဲ့သူတစ်ဦးဟု ချီးကျူးခဲ့သည်။ ဂျွန်ဆင်သည် Fast and Furious၊ Hercules၊ Snitch၊ G.I.Joe: Retaliation၊ Empire State၊ Pain and Gain၊ Baywatch၊ The Fate of The Furious၊ Central Intelligence၊ San Andreas စသည့်ဇာတ်ကားများဖြင့် အောင်မြင်ခဲ့သည်။

Most Recent