မာဂေါ့ရော့ဘီက The Sims ရုပ်ရှင်ကို ထုတ်လုပ်ရန် စီစဉ်နေ

မာဂေါ့ရော့ဘီက The Sims ရုပ်ရှင်ကို ထုတ်လုပ်ရန် စီစဉ်နေ
Published 24 March 2024

သရုပ်ဆောင် မာဂေါ့ရော့ဘီသည် The Sims ရုပ်ရှင်ကို ရိုက်ကူးထုတ်လုပ်ရန် စီစဉ်နေသည်ဟု သိရသည်။

အသက် ၃၃ နှစ်အရွယ်မာဂေါ့သည် ၎င်း၏ခင်ပွန်းတွမ်အက်လာရီနှင့်အတူ LuckyChap Entertainment ကို ဦးဆောင်နေပြီး ဂရီတာဂါဝစ်၏ Barbie ရုပ်ရှင်သည် အံ့မခန်း အောင်မြင်မှုရရှိခဲ့ပြီးနောက် အထင်ကရ ဗီဒီယိုဂိမ်း The Sims ကိုအခြေခံ၍ ရုပ်ရှင်ဇာတ်ကားသစ်ကို ထုတ်လုပ်ရန် ၎င်း၏ကုမ္ပဏီကစိတ်ဝင် စားလျက်ရှိသည်ဟု TheInSneider  တွင် ဖော်ပြထားသည်။Barbie ရုပ်ရှင်တွင် မာဂေါ့သည် နာမည်ကျော် Mattle အရုပ်အဖြစ် ပါဝင်သရုပ်ဆောင်ထားသည်။

The Wolf of Wall Street သရုပ်ဆောင် မာဂေ့ါနှင့် ၎င်း၏ခင်ပွန်းတို့သည် ၎င်း၏ LuckyChap ပူးပေါင်းဆောင်ရွက်သူ ဂျိုဆီမက်နာ မာရာနှင့်အတူ Vertigo Entertainment ၏ ရိုင်လီတို့က တွဲဖက်လုပ် ဆောင်သွားမည်ဖြစ်သည်။

အသစ်ထွက်ရှိလာမည့် ယင်းရုပ်ရှင်နှင့်ပတ်သက်၍ အကျယ်တဝင့်ထုတ်ပြန်ထားခြင်းမရှိသော်လည်း EA ဗီဒီယိုဂိမ်းဖြစ်သည့်The Sims ကို ကွန်ပျူတာဗားရှင်းအတွက် ၂၀၀၀ ပြည့်နှစ်တွင် မိတ်ဆက်ခဲ့ပြီး အဓိက ဂိမ်းလေးခု ဆက်လက်ထွက်ရှိခဲ့ကာ အရုပ်များ၏နေအိမ်ကို ထိန်းချုပ်ကာ ဂိမ်းထဲရှိ ကိုယ်ပိုင်ဖန်တီးနိုင်သော ဇာတ်ကောင်များတွင် ဘဝရည်မှန်းချက်များနှင့် စိတ်ဆန္ဒများရှိကြသည်ကို တွေ့ရသည်။

LuckyChap သည် Saltburn၊ I ၊ Tonyaနှင့် Promising Young ကဲ့သို့ ရုပ်ရှင်များ၏ထုတ်လုပ်ရေးတွင် ပူးပေါင်းပါဝင်ခဲ့ပြီး၎င်း၏ Woman ရုပ်ရှင်သည် ရုံတင်အမြတ်ငွေ ဒေါ်လာ ၁ ဒသမ ၅ ဘီလျံ နီးပါးရရှိခဲ့သည့်အပြင် ဆုပေးပွဲအခမ်းအနားများတွင်လည်း ဆုပေါင်းများစွာကို ရရှိခဲ့သည်။သို့သော်အော် စကာဆုများကိုမူ လွဲချော်ခဲ့သည်။

မာဂေါ့က သူသည် ၎င်း၏ထုတ်လုပ်ရေး ရုပ်ရှင်ဇာတ်ကားအားလုံးကို မိမိကိုယ်ကိုယ် ယုံကြည်မှုဖြင့် ချဉ်းကပ် လုပ်ဆောင်ခဲ့ကြောင်း ပြောပြခဲ့သည်။

Most Read

Most Recent