ပြည်ခိုင်ဖြိုးအနေဖြင့် လာမည့်ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၂၀ ရွေးကောက်ပွဲတွင် နယ်မြေပါတီဝင်များရွေးချယ်သော ကိုယ်စားလှယ်များဖြင့်သာ ဝင်ရောက်ယှဉ်ပြိုင်မည်ဟုဆို

ပြည်ခိုင်ဖြိုးအနေဖြင့် လာမည့်ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၂၀ ရွေးကောက်ပွဲတွင် နယ်မြေပါတီဝင်များရွေးချယ်သော ကိုယ်စားလှယ်များဖြင့်သာ ဝင်ရောက်ယှဉ်ပြိုင်မည်ဟုဆို
Published 25 January 2018

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် လာမည့်ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၂၀ ရွေးကောက်ပွဲတွင် နယ်မြေပါတီဝင်များ ရွေးချယ်သော ကိုယ်စားလှယ်များဖြင့်သာ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီထံမှ သိရသည်။

“ကြားဖြတ်ရွေးကောက်ပွဲမှာပဲဖြစ်ဖြစ် ၂၀၂၀ ရွေးကောက်ပွဲမှာပဲဖြစ်ဖြစ် ကျွန်တော်တို့ပါတီက ကိုယ်စားလှယ်တွေ ရွေးချယ်တဲ့အခါမှာ အောက်ခြေဒေသပါတီတွေရဲ့ ရွေးချယ်မှုနဲ့ပဲ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ လွှတ်တော်မှာ အဲဒီကိုယ်စားလှယ်တွေရဲ့ လုပ်ဆောင်မှုက ဘယ်လောက်ထိစွမ်းဆောင်နိုင်သလဲဆိုတာကိုပဲ အဓိကကြည့်သွားမှာဖြစ်ပါတယ်။ တပ်မတော်ကနေ မိမိတို့ ပြည်ခိုင်ဖြိုးပါတီကို စိတ်ဝင်စားတယ်ဆိုရင် သူတို့ယှဉ်ပြိုင်လိုတဲ့ဒေသကို သတင်းပို့ရမှာဖြစ်ပါတယ်။ အဲဒီမှာ ဒေသခံကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်တွေကို အရင်ဆုံးယှဉ်ပြိုင်ရမယ်။ ပြီးရင် ဒေသခံတွေက သူတို့ကိုလက်ခံသလား။ ဒေသပါတီက သူတု့ိကို တကယ်လက်ခံသလား။ တကယ်ရော ဒေသအကျိုးကို ဆောင်ရွက်နိုင်မှာလားဆိုတာတွေကို ကြည့်မှာဖြစ်ပါတယ်။ ဒေသနယ်မြေခံပါတီဝင်တွေက တကယ်လက်ခံနိုင်မှာလားဆိုတာကိုပဲ ကြည့်သွားမှာဖြစ်ပါတယ်” ဟု ပြည်ခိုင်ဖြိုးပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ဆိုသည်။ ၂၀၁၅ ခုနှစ်တွင် လက်ရှိအနိုင်ရထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ်များ၏ လွှတ်တော်တွင်း၊ လွှတ်တော်ပ လုပ်ဆောင်ချက်များကို ကျေနပ်အားရမှုရှိကြောင်း ဒေါက်တာနန္ဒာလှမြင့်က ဆိုသည်။

Most Read

Most Recent