မြန်မာ ပြည်ထဲရေးဝန်ကြီးနှင့် တရုတ် ပြည်သူ့လုံခြုံရေးဝန်ကြီး ပေကျင်းတွင်တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ တရားဥပဒေစိုးမိုးရေး၊ နယ်စပ်ဖြတ်ကျော်ပြစ်မှုများတိုက်ဖျက်ရေးနှင့် စီမံကိန်းလုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး ကိစ္စရပ်များ ဆွေးနွေး

မြန်မာ ပြည်ထဲရေးဝန်ကြီးနှင့် တရုတ် ပြည်သူ့လုံခြုံရေးဝန်ကြီး ပေကျင်းတွင်တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ တရားဥပဒေစိုးမိုးရေး၊ နယ်စပ်ဖြတ်ကျော်ပြစ်မှုများတိုက်ဖျက်ရေးနှင့် စီမံကိန်းလုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး ကိစ္စရပ်များ ဆွေးနွေး
Published 26 April 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအ ဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် တရုတ်နိုင်ငံတော်ကောင်စီဝင် ပြည်သူ့လုံခြုံ ရေးဝန်ကြီးဌာနဝန်ကြီး မစ္စတာဝမ်ရှောင်ဟုန် တို့ ဧပြီ ၂၅ ရက်က ပေကျင်းမြို့တွင်တွေ့ဆုံ ခဲ့ကြောင်း ဆင်ဟွာသတင်းဌာန၏ ဖော်ပြမှု အရသိရသည်။

ထိုသို့တွေ့ဆုံရာတွင် တရုတ်ပြည်သူ့လုံ ခြုံရေးဝန်ကြီးမစ္စတာဝမ်ရှောင်ဟုန်က တ ရုတ်- မြန်မာ ပူးတွဲ၍ ဆက်သွယ်ရေးအွန် လိုင်းလိမ်ညာမှု တိုက်ဖျက်ရာတွင် အထင်က ရ ရလဒ်များရရှိခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေ ဖြင့် တရုတ်-မြန်မာ ဆက်ဆံရေးကို မဟာဗျူ ဟာရှုထောင့်မှ အစဉ်အမြဲ ရှုမြင်ကာ တိုးတက်အောင် ဆောင်ရွက်လျက်ရှိကြောင်း၊ တရား ဥပဒေစိုးမိုးရေး၊ လုံခြုံရေးကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှုများ ဘက်စုံနက်ရှိုင်းအောင် ဆောင်ရွက်သွားလိုကြောင်း၊ လောင်းကစား လိမ်ညာမှု၊ မူးယစ်ဆေးဝါးစသည့် နယ်စပ် ဖြတ်ကျော် ပြစ်မှုများကို ထဲထဲဝင်ဝင် တိုက် ဖျက်သွားလိုကြောင်း၊ လူပုဂ္ဂိုလ်နှင့်စီမံကိန်းလုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု များ ကို မြှင့်တင်သွားလိုကြောင်း၊ တရားဥပဒေ စိုးမိုးရေး စွမ်းရည် တည်ဆောက်ရေး ပူးပေါင်း ဆောင်ရွက်မှုများကို နက်ရှိုင်းအောင် ဆောင် ရွက်လိုကြောင်း၊ တရတ်-မြန်မာ အေးအတူ ပူအမျှအသိုက်အဝန်း တည်ဆောက်မှုကို ဆက်လက်တွန်းအားပေးကာ နှစ်နိုင်ငံနှင့် ဒေသ လုံခြုံမှု၊ တည်ငြိမ်မှုနှင့် တိုးတက်မှုအ တွက် အကျိုးပြုဆောင်ရွက်သွားလိုကြောင်း ပြောကြားသည်။

ထို့အတူ ပြည်ထဲရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် က နှစ်နိုင်ငံ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး ကဏ္ဍပူးပေါင်းဆောင်ရွက်မှုရလဒ်များ ပိုမို ဖြစ်ထွန်းစေရန် တွန်းအားပေးဆောင်ရွက်သွားလိုကြောင်း ပြောကြားသည်။

တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီး မစ္စတာ ဝမ်ရှောင်ဟုန်သည် ၂၀၂၃ ခုနှစ် အောက်တို ဘာလကုန်ပိုင်းက မြန်မာနိုင်ငံသို့လာရောက် ခဲ့ပြီး  မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပ သည့် မြန်မာ-တရုတ်(၇)ကြိမ်မြောက် တရား ဥပဒေစိုးမိုးရေး နှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု ဝန်ကြီးအဆင့် အစည်းအဝေး ကိုတက်ရောက်ခဲ့သည်။

Most Read

Most Recent