လာမည့်ရွေးကောက်ပွဲကို လွတ်လပ်၍ တရားမျှတပြီး မဲဆန္ဒရှင်ပြည်သူများနှင့် နိုင်ငံတကာက လက်ခံယုံကြည်သော ရွေးကောက်ပွဲအဖြစ် ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်နေကြောင်း UEC ဥက္ကဋ္ဌ ပြောကြား

လာမည့်ရွေးကောက်ပွဲကို လွတ်လပ်၍ တရားမျှတပြီး မဲဆန္ဒရှင်ပြည်သူများနှင့် နိုင်ငံတကာက လက်ခံယုံကြည်သော ရွေးကောက်ပွဲအဖြစ် ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်နေကြောင်း UEC ဥက္ကဋ္ဌ ပြောကြား
Published 12 March 2024

လာမည့်ရွေးကောက်ပွဲကို လွတ်လပ်၍ တရားမျှတပြီး မဲဆန္ဒရှင်ပြည်သူများနှင့် နိုင်ငံတကာက လက်ခံယုံကြည်သော ရွေးကောက်ပွဲအဖြစ် ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်နေကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက ပြောကြားသည်။ 

မတ် ၁၀ ရက်က ကျင်းပသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၏ (၁၄) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။ 

ယင်းအခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက (၁၄) နှစ်တာကာလအတွင်း တာဝန်ထမ်းဆောင်ခဲ့ကြသည့် ကော်မရှင်အသီးသီး၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ယခုလက်ရှိ ရွေးကောက်ပွဲကော်မရှင်၏ လာမည့်ရွေးကောက်ပွဲကို လွတ်လပ်၍ တရားမျှတပြီး မဲဆန္ဒရှင်ပြည်သူများနှင့် နိုင်ငံတကာက လက်ခံယုံကြည်သော ရွေးကောက်ပွဲအဖြစ် ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်နေမှုများနှင့် ဝန်ထမ်းများကို လိုအပ်သောထောက်ပံ့မှုများနှင့် ထိုက်သင့်သော ဂုဏ်ပြုချီးမြှင့်ခြင်းတို့နှင့်စပ်လျဉ်းပြီး ဆောင်ရွက်ပေးခဲ့သည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များတွင် စံပြထူးချွန်ဆု၊ ဒုတိယဆု၊ ဘာသာရပ်အလိုက် ထူးချွန်ဆုရရှိသော ဝန်ထမ်း ၁၂ ဦးနှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဖွင့်လှစ်သည့် သင်တန်းတွင် ပထမဆုရရှိသော ဝန်ထမ်းတစ်ဦး စုစုပေါင်း ဝန်ထမ်း ၁၃ ဦးတို့ကို ဂုဏ်ပြုဆုချီးမြှင့်ခြင်း၊ ငွေကျပ်သိန်း ၆၀ ခန့် တန်ဖိုးရှိ ဆုမဲများ ကံစမ်းမဲဖောက်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး အခမ်းအနားတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြောင်း သိရသည်။

Most Read

Most Recent