၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၄ ခုနှစ် ဇူလိုင် ၂၇ ရက်အထိ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ရဟန်း/သံဃာ ၈၄ ပါး ပျံလွန်တော်မူခဲ့ပြီး ပြည်သူ/နိုင်ငံ့ဝန်ထမ်း ၇၂၈၄ ဦး သေဆုံးခဲ့ရကာ အခြေခံအဆောက်အဦ ၁၀၉၃၀ လုံး ဖျက်ဆီးခံခဲ့ရဟုဆို

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၄ ခုနှစ် ဇူလိုင် ၂၇ ရက်အထိ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ရဟန်း/သံဃာ ၈၄ ပါး ပျံလွန်တော်မူခဲ့ပြီး ပြည်သူ/နိုင်ငံ့ဝန်ထမ်း ၇၂၈၄ ဦး သေဆုံးခဲ့ရကာ အခြေခံအဆောက်အဦ ၁၀၉၃၀ လုံး ဖျက်ဆီးခံခဲ့ရဟုဆို
၂၀၂၂ ခုနှစ် ဧပြီလအတွင်းက ပခုက္ကူမြို့နယ် ပညာရေးမှူး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးနေမှုအား တွေ့ရစဉ်
၂၀၂၂ ခုနှစ် ဧပြီလအတွင်းက ပခုက္ကူမြို့နယ် ပညာရေးမှူး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးနေမှုအား တွေ့ရစဉ်
Published 1 August 2024

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၄ ခုနှစ် ဇူလိုင် ၂၇ ရက်အထိ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ရဟန်း/သံဃာ ၈၄ ပါး ပျံလွန်တော်မူခဲ့ပြီး ပြည်သူ/နိုင်ငံ့ဝန်ထမ်း ၇၂၈၄ ဦး သေဆုံးခဲ့ရကာ အခြေခံအဆောက်အဦ ၁၀၉၃၀ လုံး ဖျက်ဆီးခံခဲ့ရကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး (၂/၂၀၂၄)တွင် ယာယီသမ္မတ(တာဝန်) တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ယာယီသမ္မတ ဦးမြင့်ဆွေသည် လက်ရှိကျန်းမာရေးအခြေအနေအရ ဆေးခွင့် ယူ၍ ဆေးကုသမှုခံယူနေသဖြင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဆိုင်ရာကိစ္စရပ်များကို လိုအပ်သလို ဆက်လက် ဆောင်ရွက်နိုင်ရန်အလို့ငှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံသို ယာယီသမ္မတ တာဝန်ဝတ္တရားများကို လွှဲပြောင်းအပ်နှံခဲ့သောကြောင့် ဇူလိုင် ၃၁ ရက်က နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး (၂/၂၀၂၄)သို့ ယာယီသမ္မတ(တာဝန်)တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ အထူး ဖိတ်ကြားထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် ယာယီသမ္မတ(တာဝန်) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၄ ခုနှစ် ဇူလိုင် ၂၇ ရက်အထိ နိုင်ငံတစ်ဝန်း အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ရဟန်း/သံဃာ ၈၄ ပါး ပျံလွန်တော်မူခဲ့ပြီး ပြည်သူ/နိုင်ငံ့ဝန်ထမ်း ၇၂၈၄ ဦး သေဆုံးခဲ့ရကြောင်း၊ ပညာရေး/ကျန်းမာရေးနှင့် လူနေ အဆောက်အဦအပါအဝင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအဆောက်အဦ ၁၀၉၃၀ လုံး ဖျက်ဆီးခံခဲ့ရကြောင်း ပြောကြားသည်။

ထို့ပြင် ငြိမ်းချမ်းရေးကို မလိုလားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့အနေဖြင့်လည်း လက်နက်ကိုင်လမ်းစဉ်ကိုအခြေခံပြီး နိုင်ငံတည်ငြိမ်အေးချမ်းမှု ပျက်ယွင်းအောင် နည်းလမ်းမျိုးစုံဖြင့် ဆက်လက်ပြုလုပ်နေကြောင်း၊ မိမိအနြေဖင့် EAO အဖွဲ့များကို ခေါ်ယူတွေ့ဆုံခဲ့ရာတွင် ၎င်းတို့အနေဖြင့် ဒို့တာဝန်အရေးသုံးပါးကို လက်ခံသဘောတူကြောင်းကို ပြောကြားခဲ့သော်လည်း လက်ရှိအချိန်တွင် အချို့ EAO များအနေဖြင့် ဒို့တာဝန်အရေးသုံးပါးကို ချိုးဖောက်နေသည်ကို တွေ့ရှိရကြောင်း၊ နိုင်ငံသားတိုင်းသည် နိုင်ငံတော်ကာကွယ်ရေး၊ အထူးသဖြင့် ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိကြောင်း၊ မိမိအနေဖြင့် ယခင်ကတည်းက ပြဋ္ဌာန်းခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို အာဏာတည်စေခဲ့ပြီး နိုင်ငံတော်၏ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးကို အမြန်ဆုံး ပြန်လည်တည်ဆောက်နိုင်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း ယာယီသမ္မတ(တာဝန်) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် စစ်မှန်၍စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် လမ်းကြောင်းပေါ်တွင် ခိုင်မာစွာလျှောက်လှမ်းနိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်နေသော်လည်း သောင်းကျန်းသူများအနေဖြင့် နိုင်ငံရေးကိစ္စကိုအကြောင်းပြပြီး လက်နက်ကိုင်အကြမ်းဖက်သည့် နည်းလမ်း များနှင့် ဖြေရှင်းဆောင်ရွက်နေကြသည်ကို တွေ့ရှိရကြောင်း၊ ၎င်းတို့အနေဖြင့် ပြည်ထောင်စုနှင့်အတူ ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် ပါဝင်လျှောက်လှမ်းရေးထက် နယ်မြေအလိုက် အာဏာရရှိရေး ဆောင်ရွက်နေသည်ကို တွေ့ရကြောင်း၊ မြန်မာ့နိုင်ငံရေးသမိုင်းတွင် အကြမ်းဖက်လမ်းစဉ်ကိုကျင့်သုံးပြီး အကြပ်ကိုင်တောင်းဆိုခဲ့သည့်ဖြစ်စဉ်များ ရှိခဲ့သော်လည်း အောင်မြင်မှုမရရှိခဲ့ကြသကဲ့သို့ မည်သူတစ်ဦး တစ်ယောက်အတွက်မျှ အကျိုးအမြတ်မရရှိခဲ့သည်ကို တွေ့ရမည်ဖြစ်ကြောင်း ယာယီသမ္မတ(တာဝန်) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် MNDAA အဖွဲ့နှင့် TNLA အဖွဲ့တို့က ဒေသတည်ငြိမ်အေးချမ်းရေးအတွက် နှစ်ဖက်သဘောတူထားသည့် ယာယီအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကိုချိုးဖောက်ပြီး တိုက်ပွဲများ ဖော်ဆောင်လာခဲ့ကြောင်း၊ MNDAA အဖွဲအနေဖြင့် လားရှိးဒေသတစ်ဝိုက်ရှိ နယ်မြေလုံခြုံရေးစခန်းများကို တိုက်ခိုက်ခဲ့သကဲ့သို လားရှိးမြို့အတွင်းကိုလည်း ရှော့တိုက်ဒုံးများဖြင့် နေ့စဉ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ လက်ရှိအချိန်တွင်လည်း မြို့တွင်းသိုစိမ့်ဝင်ပြီး ပြည်သူ့အသက်အိုးအိမ်စည်းစိမ်များကို ဖျက်ဆီးလျက်ရှိကြောင်း၊ ၎င်းတို့နှင့် မဟာမိတ်ပြုလုပ်ထားသည့် TNLA အဖွဲအနေဖြင့်လည်း PDF အဖွဲ့များနှင့် ပူးပေါင်းပြီး နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်ဒေသတိုတွင်ရှိသည့် နယ်မြေလုံခြုံရေးစခန်းများနှင့် မြိုအချိုအတွင်းသို တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း ယာယီသမ္မတ(တာဝန်) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

ယင်းကဲ့သို့ တိုက်ခိုက်လာသည့်အတွက် ဒေသမတည်မငြိမ်ဖြစ်ခဲ့ရပြီး ဒေသခံတိုင်းရင်းသားများ၏ လူမှုစီးပွား ဘဝများသာမက အသက်အန္တရာယ်ပါ ထိခိုက်ဆုံးရှုံးမှု များစွာရှိခဲ့ကြောင်း၊ အကြောင်းအမျိုးမျိုး၊ ခေါင်းစဉ်အမျိုးမျိုးပြပြီး အေးချမ်းစွာနေထိုင်နေကြသည့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်အပေါ် နေ့စဉ်နှင့်အမျှ ခြိမ်းခြောက်လာမှုကို ပြည်သူလူထုအနေဖြင့် အလွန်ရွံရှာစက်ဆုပ်နေသည်ကိုလည်း တွေ့ရှိရကြောင်း၊ တပ်မတော်သည် ပြည်သူလူထုမှ ပေါက်ဖွားလာသော ပြည်သူ့တပ်မတော်ဖြစ်ပြီး နိုင်ငံတော်၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း၊ ပြည်သူ့အသက်အိုးအိမ် စည်းစိမ်ကိုကာကွယ်ရန်၊ နိုင်ငံတော်ကိုကာကွယ်ရန် အစွမ်းကုန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယာယီသမ္မတ(တာဝန်) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

နိုင်ငံတော်အပေါ် ရည်ရွယ်ချက်ရှိရှိ ထိခိုက်အောင် ဆောင်ရွက်လာသည့် သောင်းကျန်းသူအဖျက်သမားများ အပေါ် ပြင်းပြသည့်၊ စုစည်းညီညွတ်သည့် အမျိုးသားရေးစိတ်၊ မြန်မာစိတ်တို့ မွေးမြူပြီး နိုင်ငံတော်ကို စုပေါင်းကာကွယ်ကြရန် တိုက်တွန်းပြောကြားလိုကြောင်း၊ တပ်မတော်အနေဖြင့် လားရှိး၊ နောင်ချို၊ ကျောက်မဲ၊ သီပေါနှင့် မိုးကုတ်ဒေသများ တည်ငြိမ်အေးချမ်းရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နယ်စပ်ဒေသစီမံခန့်ခွဲရေး ကိစ္စရပ်များသည် နှစ်နိုင်ငံအစိုးရများမှ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ နယ်စပ် ကုန်သွယ်ရေးကို နှစ်ဖက်အစိုးရ ဌာနများကသာ ကြီးကြပ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ အချို့နယ်စပ်ဒေသ များတွင် စီမံခန့်ခွဲမှုများ ချို့ယွင်းမှုဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရသဖြင့် ပုံမှန်အခြေအနေသို့ ရောက်ရှိအောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း ယာယီသမ္မတ(တာဝန်) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

မိမိတို့အနေဖြင့် ပြည်ထောင်စုကြီး ထာဝရငြိမ်းချမ်းရေးရရှိရေးနှင့်ပတ်သက်ပြီး နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲများနှင့် တွေ့ဆုံဆွေးနွေးလျက်ရှိပြီး နှစ်ဖက်ဆွေးနွေးချက်များမှရရှိလာသည့် သဘောထားမှတ်ချက်များကို Union Accord အဖြစ် မှတ်တမ်းတင်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ဆက်လက်ပြီးလည်း တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လက်နက်ကိုင်ပဋိပက္ခ သက်ဆိုးရှည်ရေးနှင့် မြန်မာနိုင်ငံအပေါ် ၎င်းတို့လိုချင်သည့် လက္ခဏာမျိုးရရှိစေရန် ပြည်ပနိုင်ငံအချို့သည် လက်နက်ကိုင်သောင်းကျန်းသူများ၊ နိုင်ငံရေးသဘောထားကွဲလွဲသူများမှ အကြမ်းဖက်လမ်းစဉ် ဆောင်ရွက်နေ ကြသည့် အဖွဲ့အစည်းများကို ငွေကြေး၊ အစားအသောက်၊ ဆေးဝါး၊ လက်နက်ခဲယမ်းမီးကျောက်၊ နည်းပညာများနှင့် အုပ်ချုပ်ထောက်ပံ့မှုအခွင့်အလမ်း များရရှိစေရန် လုပ်ဆောင်လျက်ရှိပြီး မီဒီယာများကိုလည်း စိတ်ဓာတ်စစ်ဆင်ရေးလုပ်နိုင်စေရန် ကူညီပေးလျက်ရှိကြောင်း ယာယီသမ္မတ(တာဝန်) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

Most Read

Most Recent