လမ်းခရီးကြန့်ကြာမှုနှင့် သယ်ယူစရိတ် မြင့်မားလာမှုကြောင့်  မြိတ်မြို့နယ်အတွင်း အခြေခံစားသောက်ကုန်များ  စျေးနှုန်းပြောင်းလဲလျက်ရှိ

လမ်းခရီးကြန့်ကြာမှုနှင့် သယ်ယူစရိတ် မြင့်မားလာမှုကြောင့်  မြိတ်မြို့နယ်အတွင်း အခြေခံစားသောက်ကုန်များ  စျေးနှုန်းပြောင်းလဲလျက်ရှိ
Published 20 June 2024

 

လမ်းခရီးကြန့်ကြာမှုနှင့် သယ်ယူစရိတ် မြင့်မားလာမှုကြောင့် မြိတ်မြို့နယ်အတွင်း အခြေခံ စားသောက်ကုန်များ စျေးနှုန်းပြောင်း လဲလျက်ရှိကြောင်း သိရသည်။

အခြေခံစားသောက်ကုန်များမှာအကျ ဘက်သို့မရှိတော့ဘဲ စျေးမြင့်တက်လျက်ရှိ ကြောင်း လက်လီလက်ကားစျေးရောင်းချ နေသူများနှင့် စျေးဝယ်နေသူများက ပြော ကြားခဲ့သည်။

“ဆန်ကနေစပြီး နောက်ဖေးမီးဖိုချောင် သုံးပစ္စည်းတွေနဲ့စားသောက်ကုန်ပစ္စည်းတွေ အားလုံးစျေးတက်လာပါတယ်။ အရင်ကဆန် တစ်ပြည် ၂၅၀၀ ကျော်လောက်နဲ့ ပေါ်ဆန် မွှေးက တစ်ပြည်ကို ကျပ် ၄၀၀၀ လောက်ရှိ တယ်။ အခုကတော့ဆန်ကြမ်းတစ်ပြည် ငွေ ကျပ် ၄၀၀၀ ကျော်နဲ့ပေါ်ဆန်း အသင်တင့် တစ်ပြည်ကို ကျပ် ၆၀၀၀ ကနေ ၇၀၀၀ ကျော် အထိ အမျိုးမျိုးဖြစ်ကုန်ပြီ။ ကြက်ဥ တစ်လုံးကို ငွေကျပ် ၃၅၀/၄၀၀ အထိ စျေးရှိပါတယ် ” ဟု စျေးရောင်းချနေသူတစ်ဦးက ပြောကြား သည်။

ယခင်က စားအုန်းဆီတစ်ပိဿာလျှင် ကျပ် ၃၀၀၀ ခန့်၊ ယခုလက်ရှိတွင် စားအုန်းဆီ တစ်ပိဿာ ကျပ် ၉၀၀၀ ကျော်ရှိကြောင်း သိရသည်။

“ အခြေခံစားသောက်ကုန်တစ်ခုတည်း တက်နေတာမဟုတ်ပါဘူး။ ကုန်စျေးနှုန်းတွေ က အကုန်လိုက်တက်နေတာပါ။ ဆန်တွေက ဘာကြောင့်တက်လာသလဲဆိုရင် စိုက်ပျိုး စရိတ်၊ သွင်းအားစုတွေက အရင်ကနဲ့မတူ တာလည်းပါတယ်။ လယ်ယာလုပ်သာရှားပါး မှု၊ စက်ကိရိယာတွေကလည်း စျေးကြီးလာ တယ်။ ဒါအပြင်စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ ဆေးတွေကလည်း စျေးမြင့်တယ်။ တချို့ ပစ္စည်းတွေဆို ပိုးသတ်ဆေးတွေလိုဟာမျိုး ဆိုရင် နိုင်ငံခြားကနေ တင်သွင်းရတာဆိုတော့ စျေးပိုတောင် ကောင်းသေးတယ်။ ဒါတင် မကသေးဘူးသယ်ယူစရိတ်၊ လမ်းခရီးကြန့် ကြာ မှု တွေကြောင့်လည်း နောက်ဆုံးမှာတော့ ပေါင်းပြီးစျေးကြီးလာတာပါ” ဟု ရှမ်းချောင်း ကုန်စိမ်းစျေးမှ ကုန်စိမ်းရောင်းချနေတစ်ဦးက ပြောကြားခဲ့သည်။

မြိတ်မြို့တွင် ရောင်းချလျက်ရှိသည့် အ ခြေခံစား သောက်ကုန်ပစ္စည်းစျေးနှုန်းများမှာ ရွှေဖရုန်သီး ၁ဝကျပ်သား ကျပ် ၃၀၀ ၊ အာလူး  ကျပ် ၄၅၀၀၊ ပန်းဂေါ်ဖီ ကျပ် ၄၀၀၀၊ ခရမ်းသီး တစ်ပိဿာ ကျပ် ၄၀၀၀ ၊ မုန်လာဥနီ ကျပ် ၇၀၀၀ ၊ ဘူးသီးတစ်လုံးကို  ကျပ် ၁၅၀၀ ၊ စား အုန်းဆီ တစ်ပိဿာ  ကျပ် ၉၀၀၀ ကျော်၊ ဝက် သားတစ်ပိဿာ ကျပ် ၂၀၀၀၀ ၊ ကြက်သား တစ်ပိဿာ ကျပ် ၁၈၀၀၀၊ ဝက်အူချောင်း တစ်ပိဿာ ကျပ် ၂၉၀၀၀ ၊ ပုစွန်ခြောက်၊ ငါး ခြောက်တို့မှာ တစ်ပိဿာ ကျပ် ၅၀၀၀၀ ကျော်၊ ကန်စွန်းရွက်နှင့်ချဉ်ပေါင်ရွက် တစ် စည်းကို ကျပ် ၃၀၀ မှ ၅၀၀ အထိ၊ သံပရာသီး တစ်လုံး ကျပ် ၁၀၀ ၊ ရှောက်သီး တစ်လုံးကို ကျပ် ၃၀၀၊ မင်းကွတ်သီးတစ်လုံးကို ကျပ် ၂၀၀ ရှိပြီး ဆန်အနေဖြင့် ပုံမှန်ပေါ်ဆန်း တစ် အိတ်လျှင် ငွေကျပ် ၁၅၀၀၀၀ နှင့်ဆန်ကြမ်း အနေဖြင့် ဆန်ကြမ်းစူပါတစ်အိတ်ကို ငွေကျပ် ၉၅၀၀၀ ခန့်ရှိကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ ပြည်ထောင်စုလမ်းပိုင်းတွင် တိုက်ပွဲများမကြာ ခဏ ဖြစ်ပွားခြင်းတို့ကြောင့် လမ်းခရီးကြန့် ကြာမှုဖြစ်ပေါ်ခဲ့ပြီး ကုန်ပစ္စည်းများ ပျက်စီး ဆုံး မှုရှိခြင်း၊ သယ်ယူစရိတ်စကများ ကြီးမြင့် ခြင်းနှင့် လမ်းခရီးတွင် အခြားကုန်ကျမှုများစွာ ရှိသောကြောင့် ကုန်ပစ္စည်းစျေးများ မြင့်တက် လာခြင်းဖြစ်ကြောင်း သိရသည်။  

Most Read

Most Recent