ရန်ကုန်တိုင်းဒေသကြီးတွင် အမေရိကန်ဒေါ်လာ ၈၆ ဒသမ ၈၉ သန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ဓာတုပစ္စည်းများ မီးရှို့ဖျက်ဆီး

ရန်ကုန်တိုင်းဒေသကြီးတွင် အမေရိကန်ဒေါ်လာ ၈၆ ဒသမ ၈၉ သန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ဓာတုပစ္စည်းများ မီးရှို့ဖျက်ဆီး
Published 26 June 2024

ရန်ကုန်တိုင်းဒေသကြီးတွင် အမေရိကန်ဒေါ်လာ ၈၆ ဒသမ ၈၉ သန်းတန်ဖိုးရှိ ဖမ်းဆီးရမိမူးယစ်ဆေးဝါးများနှင့် ဓာတုပစ္စည်းများ မီးရှို့ဖျက်ဆီးခြင်းအခမ်းအနားကို လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် ဇွန် ၂၆ ရက် နံနက် ၈ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

၃၇ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အနေဖြင့် ဖမ်းဆီးရမိမူးယစ်ဆေးဝါးများနှင့် ဓာတုပစ္စည်းများ မီးရှို့ဖျက်ဆီးဖျက်ဆီးခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအပါအဝင် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် အမြန်လမ်းရဲတပ်ဖွဲ့တို့က ဖမ််းဆီးရမိသည့် မူးယစ်ဆေးဝါးအမျိုးအစား စုစုပေါင်း ၃၇ မျိုးကို မီးရှို့ဖျက်ဆီးခဲ့ပြီး တန်ဖိုးအားဖြင့် ကျပ်ဘီလျံ ၂၈၉ ဒသမ ၃၄၅၂၈ (အမေရိကန်ဒေါ်လာ ၈၆ ဒသမ ၈၉ သန်း) ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။

Most Read

Most Recent