AA အဖွဲ့အနေဖြင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းရှိ ဒေသခံချင်းလူမျိုးများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုနေမှုများကိုရပ်တန့်ရန် ကမ္ဘာလုံးဆိုင်ရာခူမီးအဖွဲ့အစည်း ထုတ်ပြန်

AA အဖွဲ့အနေဖြင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းရှိ ဒေသခံချင်းလူမျိုးများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုနေမှုများကိုရပ်တန့်ရန် ကမ္ဘာလုံးဆိုင်ရာခူမီးအဖွဲ့အစည်း ထုတ်ပြန်
Published 7 June 2024

ရက္ခိုင့်တပ်တော်(AA)အနေဖြင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းရှိ ဒေသခံချင်းလူမျိုးများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုနေမှုများကို ရပ်တန့်ရန်ကမ္ဘာလုံး ဆိုင်ရာခူမီးအဖွဲ့အစည်း (GKO)က ဇွန်လ ၄ ရက်တွင် သဘောထားထုတ်ပြန်ထားသည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်သည် ချင်းမျိုးနွယ်စုတို့၏ ဘိုးဘွားပိုင်၊ နယ်မြေဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၏ စာရင်းအရ ချင်းမျိုးနွယ်စု  ၈၀ ရာခိုင်နှုန်းရှိပြီး ၎င်းင်းတို့အနက်ခူမီး(ချင်း)မျိုးနွယ်စုဝင် ၆၀ ရာခိုင်နှုန်းကျော်ရှိကြောင်း၊ ရခိုင်လူမျိုး အပါအဝင် အခြားသောတိုင်းရင်းသားလူမျိုးများ ၂၀ ရာခိုင်နှုန်းခန့်သည် ချင်းလူမျိုးနွယ်စုတို့နှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ခဲ့သော ချင်းပြည်နယ်၏ အဓိကျသော မြို့တစ်မြို့ဖြစ်ကြောင်း ကမ္ဘာလုံးဆိုင်ရာခူမီး အဖွဲ့အစည်း (GKO)၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

AA အဖွဲ့သည် ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင်  ၂၀၁၅ ခုနှစ်မှစတင်ကာ တပ်မတော်နှင့်တိုက်ပွဲဖြစ်ပွားပြီး ပလက်ဝမြို့နယ်မှ တပ်မတော် တပ်စခန်းအားလုံးကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် အပြီးသတ်တိုက် ခိုက်သိမ်းပိုက်ခဲ့ကြောင်းကို အများအသိပင်ဖြစ်ကြောင်း၊ ယခုအခါ AA အဖွဲ့သည် ရက္ခိတလမ်းစဉ်အတိုင်း ဖော်ဆောင်ရာတွင်  ဒေသခံချင်းလူမျိုးများအပေါ် အကြမ်းဖက်မှုပေါင်းစုံ၊ လူ့အခွင့်အရေးချိုး ဖောက်မှုမျိုးစုံ နှင့် ဒေသတွင်းတရားမဝင်မူးယစ်ဆေးဝါးရောင်းချဖြန့်ဖြူးခြင်းတို့ကျယ်ပြန့်စွာတွေ့ရှိလာရကြောင်း ၊ တပ်မတော်နှင့် AA အဖွဲ့တို့သည် ဒေသခံချင်းလူမျိုးများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုအမျိုး မျိုးကျူးလွန်ခဲ့ကြပြီး AA အဖွဲ့၏ကျူးလွန်မှု သည် တပ်မတော်ထက်ပင် ပို၍ဆိုးရွားနေသည်ကို ဒေသခံချင်းလူမျိုးများ အနေဖြင့်ခံစားလာခဲသည့်မှာ ဆယ်စုနှစ်တစ် ခုပင်ရောက်ရှိတော့မည်ဖြစ်ကြောင်း  ကမ္ဘာလုံးဆိုင်ရာခူမီးအဖွဲ့အစည်း (GKO)က ထုတ်ပြန်သည်။

ကမ္ဘာလုံးဆိုင်ရာခူမီးအဖွဲ့အစည်း (GKO)၏ ထုတ်ပြန်ချက်တွင် AA တပ်ဖွဲ့ ဝင်များအနေဖြင့်၂၀၁၅ ခုနှစ်မှစ၍  အမျိုးသမီးများအပါအဝင် လွှတ်တော်ကိုယ်စား လှယ်၊ ကျေးရွာလူကြီး၊ လူငယ်ခေါင်းဆောင်များကို ဖမ်းဆီးစစ်ဆေးရာ ကိုယ်အင်္ဂါပျက်စီးသွားသူများရှိသည့်အပြင် သေဆုံးသည် အထိရှိခဲ့သည့်အခြေအနေများ၊ အမျိုးသမီးအချို့အား AA တပ်ဖွဲ့ဝင်များက အဓမ္မပြုကျင့်ခဲ့သည့်အခြေအနေများနှင့်AA အဖွဲ့၏ ဖိနှိပ်မှုဒဏ်ကိုမခံနိုင်သောကြောင့် ဒေသခံချင်းလူငယ်ထောင်နှင့်ချီ၍ နေရပ်စွန့်ခွာတိမ်းရှောင်နေရသည့် အခြေအနေများကိုလည်း ဖော်ပြထားသည်။

ထို့ပြင် AA အဖွဲ့အနေဖြင့် ၂၀၂၄ ခုနှစ်  နှစ်ဆန်းပိုင်းတွင် ပလက်ဝမြို့နယ်ကို သိမ်းယူပြီးနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရခိုင်လူများများကို ပလက်ဝမြို့နယ်သို့ တရား မဝင်ပြောင်းရွှေ့ အခြေချစေမှုများစတင်ပြု လုပ်နေကြောင်း၊ ထိုသို့ပြုလုပ်ခြင်းသည် ဒေသခံဌာနေတိုင်းရင်းသားများဖြစ်သည့် ချင်းလူမျိုးများအား ဇာတိမြေပေါ်မှ ပျောက်ကွယ်သွားစေရန် ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်ခြင်းဖြစ်၍ လူသားမျိုးနွယ်စုအပေါ်ရာဇဝတ်မှုနှင့် လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခြင်းပင် ဖြစ်ကြောင်း၊ AA အဖွဲ့သည် ပလက်ဝမြို့နယ်သို့ စတင်ဝင်ရောက်လာသည့် ၂၀၁၅ ခုနှစ် မှစ၍ မူးယစ်ဆေးဝါးများ ရောင်းချဖြန့်ဖြူးနေ ပြီးပလက်ဝမြို့နယ်အတွင်းရှိ လူငယ်များမူး ယစ်ဆေးဝါးကျယ်ကျယ်ပြန့်ပြန့်သုံးစွဲနေ သည်ကို တွေ့ရကြောင်း ကမ္ဘာလုံးဆိုင်ရာ ခူမီးအဖွဲ့အစည်းကထုတ်ပြန်သည်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း  ၂၀၂၄ ခုနှစ် ဧပြီလမှစ၍ ဒေသခံချင်းအမျိုးသားအသက် ၁၈ နှစ်မှ ၄၀ နှစ်အတွင်း ပြည် သူ့စစ်အဖြစ် စစ်မှုထမ်းရန် စာရင်းကောက် ခဲ့သော်လည်း လူငယ်များသည် AA အဖွဲ့ လက်အောက်တွင် စစ်မှုမထမ်းလိုသဖြင့်  လွတ်မြောက်ရာသို့ ထွက်ပြေးတိမ်းရှောင် ကြကြောင်း၊ နောက်ပိုင်းတွင် အသက်မပြည့် သည့် ၁၅ နှစ်အောက် ကျောင်းနေအရွယ်ပါမကျန် စစ်မှုထမ်းရန် ဖိအားပေးနေသောကြောင့် အိန္ဒိယနှင့် အခြားလွတ်မြောက်ရာသို့ တိမ်းရှောင်နေကြကြောင်းလည်း ကမ္ဘာလုံး ဆိုင်ရာ ခူမီးအဖွဲ့အစည်းကဆိုသည်။

AA အဖွဲ့အနေဖြင့် ရခိုင်ပြည်မဟုတ်သော ချင်းပြည်နယ်ထဲသို့ လက်နက်အားကိုးပြီး ဥပဒေမဲ့ဝင်ရောက်ကျူးကျော်ကာ ဒေသခံချင်းပြည်သူများအပေါ် လေးစားမှုကင်းမဲ့စွာစော်ကားခြင်း၊ တိုင်းရင်းသားအချင်းချင်းကြီးနိုင်ငယ်ညှဉ်း ဆက်ဆံမှုမျိုး ဆက်လက်မပြု  လုပ်ရန်တိုက်တွန်းကြောင်း၊ ပလက်ဝမြို့နယ် အတွင်းရှိ ဒေသခံချင်းလူမျိုးများအား မတ ရားဖမ်းဆီးထိန်းသိမ်းခြင်း၊ ဖမ်းဆီးခံရသူများ အား လူမဆန်စွာရိုက်နှက်ညှဉ်း ပန်းနှိပ်စက် ခြင်း၊ သတ်ဖြတ်ခြင်း၊ သက်ငယ်မုဒိမ်းကျူးလွန် ခြင်းအပြင် နိုင်ငံတကာမှ တားမြစ်ထားသည့်  မူးယစ်ဆေးဝါးရောင်းချဖြန့်ဖြူခြင်း၊ တစ်ဖက်နိုင်ငံမှ ရခိုင်လူမျိုးများအား အလုံးအရင်းဖြင့် တရားမဝင်အခြေချနေထိုင်စေခြင်း၊ ဒေသခံဌာနေ တိုင်းရင်းသားများ၏ အသက်အိုးအိမ် စည်းစိမ်များအား ရည်ရွယ်ချက်ရှိရှိသိမ်းယူဖျက်ဆီးခြင်းနှင့် ဒေသခံချင်းလူများ၏ စာပေဘာသာစကား၊ ယဉ်ကျေးမှုများပပျောက်ပြီး မိမိတို့၏ဇာတိနယ်မြေပေါ်တွင် ဆက်လက်မရည်တည်နိုင်အောင် နည်းလမ်းပေါင်းစုံ  အသုံးပြုလုပ်ဆောင်သည့် လုပ်ရပ်များအား  ချက်ချင်းရပ်တန့်ပေးရန်တောင်းဆိုကြောင်း  ကမ္ဘာလုံးဆိုင်ရာ ခူမီးအဖွဲ့အစည်းက ထုတ်ပြန်သည်။

ယင်းအပြင် ပြည်တွင်းပြည်ပရှိချင်းလူမျိုးများအနေဖြင့် မိမိတို့၏သွေးရင်းသားရင်းဖြစ်သော ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ ချင်းညီအစ်ကိုများအပေါ် AA အဖွဲ့၏ ရက်စက်မှုများအား သိရှိနားလည်ပြီး ကိုယ်ချင်းစာ စိတ်အပြည့်ဖြင့် နားလည်ပေးရန်နှင့် အထူးသဖြင့် မည်သည့်ချင်းလက်နက်ကိုင်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်ကမျှ AA အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန် မေတ္တာရပ်ခံတောင်းဆိုကြောင်း၊ UN ၊ နိုင်ငံတကာအစိုးရများ၊ အခြားသော နိုင်ငံတကာအဖွဲ့အစည်းများ အနေဖြင့် AA အဖွဲ့၏ ချင်းလူမျိုးများအပေါ် ကျူးလွန်သည့်ပြစ်မှုများအား နိုင်ငံတကာဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ စုံစမ်းဆေးမှုများပြုလုပ်ပေးရန်နှင့် ပြစ်မှုကျူးလွန်သူများကို နိုင်ငံတကာဥပဒေ လုပ်ထုံးလုပ်နည်းများအတိုင်း အရေးပေးရန်၊ AA အဖွဲ့လူ့အခွင့်အ ရေးချိုးဖောက်မှုအားလုံး ရပ်တန့်နိုင်ရေးအတွက် ဖိအားပေးဆောင်ရွက်ရန်နှင့် စစ်ဒဏ်ကြောင့် အစားအစား၊ ကျန်းမာရေး၊ ပညာရေးစသည့် လူသားချင်းစာနာထောက်ပံ့မှုအကူအညီများ အမြန်ဆုံးဆောင်ရွက်ပေးရန် GNO က ထုတ်ပြန်ချက်တွင်တောင်းဆိုထားသည်။

ကမ္ဘာလုံးဆိုင်ရာခူမီးအဖွဲ့အစည်း ကြေညာချက်တွင်ပါရှိသည့်အချက်သည် ခူမီးလူမျိုးစုများကို ကိုယ်စားပြုပြီး ထုတ်ပြန်ထားခြင်းမဟုတ်ဘဲ စွပ်စွဲပြောဆိုထားခြင်းသာဖြစ်ကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက RFA သတင်းဌာနသို့ ဖြေကြားထားသည်ကိုတွေ့ရသည်။

ခိုင်သုခက“နော်ဝေးမှာနေတဲ့ CNF အဖွဲ့ဝင်တစ်ယောက်က ကျွန်တော်တို့အဖွဲ့ အစည်းကို မလိုမုန်းထားပြီး မဟုတ်မမှန်လုပ်ကြံပြီးတော့မှ စွပ်စွဲတိုက်ခိုက်နေတာသာဖြစ်ပါတယ်။ သူစွပ်စွဲထားသလို မြေပြင်မှာ ဘာမှ ဖြစ်တာမရှိဘူး။ ဒါကြောင့် ထူးထူးခြားခြား မှတ်ချက်ပေးစရာမရှိပါဘူး” RFAသတင်းဌာနသို့ ဖြေကြားထားသည်။

         

Most Read

Most Recent