![](https://news-eleven.com/sites/news-eleven.com/files/styles/news_detail_image/public/news-images/448202069_878165551016925_8093282639352323439_n.jpg?itok=CWQX1Gfd)
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အင်းစိန်ဗဟိုအကျဉ်းထောင်မှ အကျဉ်းသား အကျဉ်းသူ ခုနစ်ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး လေးဘာသာဂုဏ်ထူးရှင်တစ်ဦး၊ သုံးဘာသာဂုဏ်ထူးရှင် လေးဦးနှင့် နှစ်ဘာသာဂုဏ်ထူးရှင် နှစ်ဦးတို့ဖြင့် ရာနှုန်းပြည့်အောင်ခဲ့ကြောင်း သိရသည်။
၂၀၂၃ -၂၀၂၄ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ဇွန် ၁၁ ရက်တွင် ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။
၂၀၂၃ - ၂၀၂၄ တက္ကသိုလ်ဝင်စာမေးပွဲတွင် အင်းစိန်ဗဟိုအကျဉ်းထောင်မှ အကျဉ်းသား အကျဉ်းသူ ခုနစ်ဦး ဝင်ရောက်ဖြေဆိုခဲ့ခြင်းဖြစ်ပြီး လေးဘာသာ ဂုဏ်ထူးရှင်တစ်ဦး၊ သုံးဘာသာဂုဏ်ထူးရှင် လေးဦးနှင့် နှစ်ဘာသာဂုဏ်ထူးရှင့် နှစ်ဦးတို့ဖြင့် ရာနှုန်းပြည့်အောင်မြင်ခဲ့ခြင်းဖြစ်သည်။
ထိုသို့အောင်မြင်ခဲ့သည့် အကျဉ်းသား အကျဉ်းသူ ခုနစ်ဦးအနက် တစ်ဦးမှာ ဝိဇ္ဇာဘာသာတွဲဖြင့် မြန်မာတစ်နိုင်ငံလုံးတွင် တတိယ အမှတ်အများဆုံးရရှိခဲ့ကြောင်း သိရသည်။
၂၀၂၃- ၂၀၂၄ တက္ကသိုလ်ဝင်စာမေးပွဲ၌ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြေဆိုသူပေါင်း ၁၂၈၈၂၀ ဦးရှိရာတွင် ၇၄၅၉၂ ဦး အောင်မြင်ခဲ့သည့်အတွက် အောင်ချက်ရာခိုင်နှုန်း ၅၇ ဒသမ ၉၀ ရာခိုင်နှုန်းရှိခဲ့သည်။