ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ဝက်များ တင်ဆောင်လာသောယာဉ် နှင့် ခရီးသည်တင်ယာဉ် တိုက်မိရာ အမျိုးသားတစ်ဦး သေဆုံး

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ဝက်များ တင်ဆောင်လာသောယာဉ် နှင့် ခရီးသည်တင်ယာဉ် တိုက်မိရာ အမျိုးသားတစ်ဦး သေဆုံး
Published 16 May 2024

ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ဝက်များ တင်ဆောင်လာသောယာဉ် နှင့် ခရီးသည်တင်ယာဉ် တိုက်မိရာ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း အမြန်လမ်းမကြီး မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ဖြစ်စဉ်မှာ မေ ၁၆ ရက် နံနက် ၄ နာရီ ၄၅ မိနစ်တွင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၃၃၈-၆)ဖာလုံအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နေပြည်တော်ဘက်မှ မန္တလေးဘက်သို့ ဝက်များ တင်ဆောင် မောင်းနှင်လာသော လိုက်ထရပ် အဖြူရောင်ယာဉ်မှာ အဆိုပါမိုင်တိုင်အနီးတွင်ရပ်တန့်ထားစဉ် လားရာတူဘက်မှ မောင်းနှင်လာသော EXPRESS ယာဉ်မှအရှိန်မထိန်းနိုင်ဘဲ နောက်မှဝင်တိုက်မိပြီး လမ်းကျွန်းရှိ ဘယ်ရီယာတုံးများအား ထပ်မံတိုက်မိခဲ့ကြောင်း၊ အဆိုပါ EXPRESS ယာဉ်မှာ မန္တလေး- နေပြည်တော်ဘက်ခြမ်းသို့ရောက်ရှိကာ ရပ်တန့်သွားခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှုကို စကားအင်းအမြန်လမ်းမီးသတ်စခန်းမှ တပ်ဖွဲ့ဝင်ငါးဦး၊ စကားအင်းအမြန်လမ်းရဲစခန်းမှ တာဝန်ရှိသူများက ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှုကြောင့် လိုက်ထရပ်ယာဉ်ပေါ်ရှိ ယာဉ်မောင်းအပါအဝင် အမျိုးသားလေးဦးမှာ

တို့မှာထိခိုက်မှုမရှိဘဲ EXPRESS ယာဉ်ပေါ်တွင် လိုက်ပါလာသည့် အမျိုးသားကိုးဦးနှင့် အမျိုးသမီးလေးဦးအနက် အမျိုးသားတစ်ဦးမှာ သေဆုံးပြီး အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့သဖြင့် တံတားဦးမြို့နယ်ပြည်သူဆေးရုံသို့ပို့ဆောင်ကူညီပေးခဲ့သည်ဟု အမြန်လမ်းမကြီးမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

 

Most Read

Most Recent