နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မောင်တောဒေသသို့ ရောက်ရှိ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မောင်တောဒေသသို့ ရောက်ရှိ
Published 2 November 2017

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မောင်တောဒေသသို့ နိုဝင်ဘာ ၂ ရက် နံနက် ၉ နာရီ ၅၀ မိနစ်က ရောက်ရှိသွားကြောင်း သတင်းရရှိသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်သည် မောင်တောမြို့နယ် ပန်းတောပြင် ဘင်္ဂါလီကျေးရွာသို့ ဦးစွာသွားရောက်ခဲ့ပြီး ကျေးရွာသားများနှင့်တွေဆုံကာ အေးအေးချမ်းချမ်းနေထိုင်ရန်ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ပြန်လည်နေရာချထားမည့် နေရာကိုကြည့်ရှုခဲ့ပြီး ထိုမှတဆင့် မောင်တော အမှတ် (၁) ဝင်ထွက်စခန်း (POE) သို့ သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ကျီးကန်းပြင် နယ်ခြားစောင့်ရဲဌာနချုပ် ၊ တောင်ပြို လက်ဝဲ နှင့် ခုံတိုင်မြိုတိုင်းရင်းသားကျေးရွာသို သွားရောက်မည်ဖြစ်ကြောင်း ကနဦးသိရသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်သည် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ယနေ့နံနက်ပိုင်းတွင် ရောက်ရှိလာပြီးနောက် လေဆိပ်တွင် လူငယ် ၁၁ ဦးနှင့်တွေ့ဆုံပြီး ရခိုင်ပြည်နယ် အရေးကိစ္စများအား ဆွေးနွေးခဲ့ကြောင်းသိရသည်။

ယခု ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ အလုပ်သမား/ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ လူမှုဝန်ထမ်း/ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ သမ္မတရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး အမြဲတမ်းအတွင်းဝန် ဦးဇော်သန်းသင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်အောင်ဝင်းဦးနှင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုတို့လိုက်ပါလာကြောင်း သိရသည်။

Most Read

Most Recent