မောင်တောဒေသအတွင်း ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် သေဆုံးသူနှင့် ပျောက်ဆုံးနေသူ စုစုပေါင်း ၂၅၄ ဦးရှိ

မောင်တောဒေသအတွင်း ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် သေဆုံးသူနှင့် ပျောက်ဆုံးနေသူ စုစုပေါင်း ၂၅၄ ဦးရှိ
Published 27 September 2017

သတင်းထုတ်ပြန်ရေးကော်မတီ

မောင်တောဒေသအတွင်း အောက်တိုဘာ ၉ ရက်မှစ၍ စက်တင်ဘာ ၂၆ ရက်နေ့အထိ ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၆၃ ဦး၊ ပျောက်ဆုံးနေသူ (၉၁) ဦး၊ စုစုပေါင်း ဆုံးရှုံးမှု (သေဆုံး/ပျောက်ဆုံး) ၂၅၄ ဦး ရှိကြောင်း သတင်းထုတ်ပြန်ရေး ကော်မတီ ထုတ်ပြန်ချက်အရ သိရသည်။

ရခိုင်ပြည်နယ် မောင်တောဒေသအတွင်း ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ စီးနင်းတိုက်ခိုက်မှုကြောင့် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်မှ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၄ ရက်နေ့ထိ အကြမ်းဖက် သတ်ဖြတ်ခံရမှုကြောင့် သေဆုံးခဲ့သည့် ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ စာကြည့်တိုက်မှူး၊ နိုင်ငံ့ဝန်ထမ်းများ၊ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် အပြစ်မဲ့ပြည်သူများ အပါအဝင် (၇၉) ဦး သေဆုံးခဲ့ပြီး အကြမ်းဖက်သမားများ၏ ဖမ်းဆီးခေါ်ဆောင်သွားမှုကြောင့် အပြစ်မဲ့ပြည်သူ (၃၇) ဦး ပျောက်ဆုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့က ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ အကြမ်းဖက် တိုက်ခိုက်ခဲ့ရာ စက်တင်ဘာ ၂၆ ရက် ယနေ့အထိ သေဆုံးခဲ့သည့် ဟိန္ဒူဘာသာဝင်များ၊ ရခိုင်တိုင်းရင်းသားများ၊ ဒိုင်းနက်၊ မြို၊ နိုင်ငံ့ဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အပြစ်မဲ့ပြည်သူများ အပါအဝင် ၈၄ ဦး သေဆုံးခဲ့ပြီး အကြမ်းဖက်သမားများ၏ ဖမ်းဆီးခေါ်ဆောင်သွားမှုကြောင့် အပြစ်မဲ့ပြည်သူ ၅၄ ဦး ပျောက်ဆုံးခဲ့ကြောင်း သိရသည်။