ဘင်္ဂါလီ အရေးနှင့်ပက်သက်၍ မြန်မာနိုင်ငံက တာဝန်ရှိသူများကို ICC သို့လွဲှပြောင်းပေးရန် အရှေ့တောင်အာရှ ငါးနိုင်ငံမှ ပါလီမန်အမတ် ၁၃၂ ဦးက စုပေါင်းတောင်းဆို

ဘင်္ဂါလီ အရေးနှင့်ပက်သက်၍ မြန်မာနိုင်ငံက တာဝန်ရှိသူများကို ICC သို့လွဲှပြောင်းပေးရန် အရှေ့တောင်အာရှ ငါးနိုင်ငံမှ ပါလီမန်အမတ် ၁၃၂ ဦးက စုပေါင်းတောင်းဆို
Published 25 August 2018

Photo: AFP

လွန်ခဲ့သောတစ်နှစ်ကျော်တွင် ဘင်္ဂါလီ(မူရင်းတွင် ရိုဟင်ဂျာ ဟု ဖော်ပြထား) ပဋိပက္ခ စတင်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ဒေသတွင်း စုစည်းညီညွတ်မှုအရှိဆုံး ပြစ်တင်ရှုတ်ချမှုအဖြစ် မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ရုံး (ICC)က စုံစမ်းစစ်ဆေးပေးရန် အရှေ့တောင်အာရှဒေသရှိ နိုင်ငံငါးနိုင်ငံမှ ပါလီမန်အမတ် ၁၃၀ ကျော်က တောင်းဆိုခဲ့သည်။

ရခိုင်ပြည်နယ်တွင် အလွန်ပြင်းထန်သော စစ်ဆင်ရေးကို ဆင်နွှဲခဲ့သည့်အတွက ် မြန်မာတပ်မတော် ကို တရားစီရင်စေရန် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန် အမတ်များအဖွဲ့ APHR (Asean Parliamentarians for Human Rights)  က ထုတ်ပြန်ခဲ့သော ပူးတွဲကြေညာချက်တွင် ၎င်းတို့က တောင်းဆိုခဲ့သည်။

“မြန်မာအစိုးရကတော့ကိုယ့်ကိုယ်ကိုယ် စုံစမ်းစစ်ဆေးနိုင်ခြင်းလည်း မရှိ၊ စုံစမ်းစစ်ဆေးဖို့ လည်း ဆန္ဒမရှိဘူးဆိုတာ ရှင်းနေလို့တာဝန်ခံမှု ရှိစေဖို့ အပြည်ပြည်ဆိုင်ရာ အသိုက်အဝန်းက ကြားဝင်ပေးရမယ်မှာဖြစ်လို့ အခုကျွန်တော်တို့ တောင်းဆိုကြတာ ဖြစ်ပါတယ်။”ဟု ကြေညာချက်ကိုထုတ်ပြန်ခဲ့သော ပါလီမန်အမတ် ၁၃၂ ဦး၏ ကိုယ်စား အာဏာရ ညွှန့်ပေါင်းပါတီက မလေးရှားနိုင်ငံရေးသမားဖြစ်သော  APHRအဖွဲ့ဝင် ချားလ်ဆန်တီယာဂိုက ပြောကြားသည်။

“မြန်မာနိုင်ငံက အခြေအနေကို ICC ထံ ချက်ချင်းလွှဲပြောင်းပေးဖို့ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့အဖွဲ့ဝင်တွေကို တောင်းဆိုခဲ့တဲ့ ရွေးကောက်ခံပါလီမန်အမတ် ၁၃၁ ဦးနဲ့အတူ ကျွန်တော်အတူတူရပ်ပါတယ်။ အခုလို ထိတ်လန့်တုန်လှုပ်စရာကောင်းတဲ့ ရာဇဝတ်မှုတွေအတွက် မြန်မာနိုင်ငံက တာဝန်ရှိသူတွေ တာဝန်ခံကြရမှာ ဖြစ်ပါတယ်။ နောင်တစ်ချိန်မှာ အခုလိုမျိုး မတော်မတရား လုပ်တာတွေကို ထပ်မလုပ်ဖို့သူတို့ကို ချမ်းသာပေးလိုက်လို့မရနိုင်ပါဘူး။”ဟု ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။

Most Read

Most Recent