ကိုယ်ပျောက်လူသတ်သမား သို့မဟုတ် ဆိုးရွားပြင်းထန်သည့် အပူလှိုင်းများ

ကိုယ်ပျောက်လူသတ်သမား သို့မဟုတ် ဆိုးရွားပြင်းထန်သည့် အပူလှိုင်းများ
Photo - AFP
Photo - AFP
Published 31 March 2024

ကမ္ဘာတစ်ဝန်းတွင် အလွန်အမင်းဆိုးရွားပြင်းထန်သည့် အပူချိန်များ၊ အပူလှိုင်းများ ကျရောက်မှုသည် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကြောင့် ဖြစ်ပွားလာခဲ့သည့် လူသားများ၏ အသက်အန္တရာယ်ကို ခြိမ်း ခြောက်မှုအရှိဆုံး ပြဿနာများထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။

သို့သော် လူသားများသည် ဆိုးရွားပြင်းထန်သည့် အပူချိန်များနှင့် ပတ်သက်ပြီး ဟာရီကိန်းမုန်တိုင်းများနှင့် ရေလွှမ်းမိုးမှုများကဲ့သို့ သဘာဝဘေးအန္တရာယ်များလောက် အာရုံစိုက်မှုနည်းပါးနေသည်ဟု လူသား ချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့များက သတိပေးခဲ့သည်။

၂၀၂၃ ခုနှစ်သည် ကမ္ဘာပေါ်တွင် အပူပြင်းဆုံးနှစ်အဖြစ် စံချိန်တင်ခဲ့ပြီး ခံနိုင်ရည်အားနည်းသူများ အထူးသဖြင့် သက်ကြီးရွယ်အိုများ၊ အမိုးအကာများ၏ အပြင်ဘက်တွင် အလုပ်လုပ်ကိုင်နေရသူများ၊ လေအေးပေးစက်ကဲ့သို့ အအေးခန်းစနစ်များ မသုံးစွဲနိုင်သူများအပေါ် ဆိုးဆိုး ရွားရွားထိခိုက်စေခဲ့သည်။

ကမ္ဘာ့ကြက်ခြေနီအဖွဲ့နှင့် အမေရိကန်၏ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (USAID) တို့ကမူ အလွန်အမင်း ဆိုးရွားပြင်းထန်သည့် အပူချိန်များကို “အသံတိတ် လူသတ်သမား”ဟု အွန်လိုင်းမှပြုလုပ်သည့် အစည်းအဝေးတစ်ခုတွင် သုံးနှုန်းဖော်ပြခဲ့သည်။

“ကမ္ဘာတစ်ဝန်းမှာ အလွန်အမင်းဆိုးရွားပြင်းထန်တဲ့ အပူချိန်တွေနဲ့ပတ်သက်ပြီး နိုင်ငံတွေနဲ့ လူ့အဖွဲ့ အစည်းတွေကို ကြိုတင်ပြင်ဆင်မှုတွေရှိစေဖို့အတွက် ခိုင်မာတဲ့ အစီအစဉ်တွေ လုပ်ဆောင်ပေးကြဖို့  အ စိုးရတွေ၊ လူမှုအဖွဲ့အစည်းတွေ၊ လူငယ်တွေနဲ့ စီးပွားရေးအဖွဲ့အစည်းတွေ အားလုံးကို ကျွန်တော်တို့ တိုက် တွန်းပါတယ်”ဟု နိုင်ငံတကာ ကြက်ခြေနီနှင့် လခြမ်းနီ အဖွဲ့ချုပ်၏ အတွင်းရေးမှူးချုပ် ဂျာဂန်ချာပါဂါအင် က ပြောကြားခဲ့သည်။

USAID အကြီးအကဲ ဆမန်သာ ပါ၀ါကလည်း အပူချိန်ကြောင့် လူသေဆုံးမှုအရေအတွက်သည် ဟာရီကိန်းမုန်တိုင်းများ၊ ရေလွှမ်းမိုးမှုများနှင့် လေဆင်နှာမောင်းတိုက်ခတ်မှုများကြောင့် သေဆုံးသူစုစုပေါင်း၏ အရေအတွက်ထက် ပိုမိုများပြားကြောင်း သတိပေးခဲ့သည်။

“ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီတွေ၊ ပရဟိတအသင်းအဖွဲ့တွေနဲ့ အခြားအလှူရှင်တွေအနေနဲ့ အပူ ချိန်ပြင်းထန်မှုဟာ လူသားမျိုးနွယ်အတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်နေတယ်ဆိုတာကို နားလည်လက်ခံကြဖို့နဲ့ အဲဒီခြိမ်းခြောက်မှုကို ကာကွယ်ဖို့အတွက် အရင်းအမြစ်တွေ ချပေးကြဖို့ ကျွန်မတို့ တိုက်တွန်းပါတယ်”ဟု ပါ၀ါက ပြောကြားခဲ့သည်။

အလွန်ဆိုးရွားပြင်းထန်သည့် အပူချိန်များကို ဖြေရှင်းရန် လုပ်ဆောင်နေဆဲဖြစ်သည့် ကြိုးပမ်းအား ထုတ်မှုများကို အလေးထားဖော်ပြသည့်အနေဖြင့် ပါ၀ါက USAID သည် ဂျော်ဒန်နိုင်ငံတွင် အပူချိန် ဒဏ်ကိုခံနိုင်သည့် စာသင်ကျောင်းများ တည်ဆောက်ရေးအစီအစဉ်ကို ထောက်ပံ့ပေးနေကြောင်း အပူခံ ပြားများ၊ လေအေးပေးစနစ်များနှင့် လေဝင်လေထွက်ကောင်းစေသည့် ပြတင်းပေါက်များပါရှိသည့် စာသင် ကျောင်းများကို ဆောက်လုပ်မည့် အစီအစဉ်ကို ထောက်ခံကြောင်း ပြောကြားခဲ့သည်။

ရာသီဥတုဖောက်ပြန်ပြောင်းလဲမှု၏ အကျိုးသက်ရောက်မှုများသည် အရှေ့အလယ်ပိုင်းကဲ့သို့ ယ ခင်ကတည်းက ပူပြင်းသည့် ဒေသများတွင်သာမကဘဲ ဥရောပတိုက်တွင်လည်း သက်ရောက်မှုရှိခဲ့ကြောင်း၊ ဥရောပတိုက်သည် ကမ္ဘာပေါ်တွင် အလျင်မြန်ဆုံး ပူနွေးလာသည့် တိုက်ကြီးတစ်တိုက်ဖြစ်လာကြောင်း ၂၀၂၂ ခုနှစ်က အပူလှိုင်းများကြောင့် လူပေါင်း ၆၀၀၀၀ ကျော် သေဆုံးခဲ့ဖွယ်ရှိကြောင်း အမေရိကန်၏ ရာသီဥတုသံတမန် ဂျွန်ပိုဒက်စတာက ပြောကြားခဲ့သည်။

“ရာသီဥတုနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေ၊ ကြိုတင် သတိပေးချက်တွေလိုမျိုး ဝန်ဆောင်မှုတွေက လူသားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ကယ်တင်နိုင်ပါတယ်။ ဒါပေမယ့် အဲဒီလိုအသက် ကယ်ဝန်ဆောင်မှုတွေကို ကမ္ဘာ့လူဦးရေး သုံးပုံတစ်ပုံလောက်က မရရှိ ခဲ့ကြပါဘူးဟု ၎င်းက ပြောကြားခဲ့ သည်။

အပူဒဏ်ခံနိုင်ရေးအတွက် အခြားအားထုတ်ကြိုးပမ်းမှုများထဲတွင်  ဆီရာလီယွန်နိုင်ငံ၏ မြို့တော် ဖရီး တောင်းတွင် ၂၀၂၀ ပြည့်နှစ်ကစပြီး သစ်ပင်ပေါင်း တစ်သန်းနီးပါး စိုက်ပျိုးမှုများလည်း ပါဝင်ခဲ့သည်။

လက်ရှိ အယ်နီညိုရာသီဥတု ဖြစ်စဉ်ကြောင့် ယခုနှစ်အတွင်း ကမ္ဘာတစ်ဝန်းတွင် အပူချိန်များမြင့် တက်လာနိုင်သည်ဟု ကုလသမဂ္ဂက သတိပေးချက်ထုတ်ပြန်ထားသည်။                                  Ref:AFP

         

         

         

                  

 

Most Read

Most Recent