နိုက်ဂျီးရီးယား၏ ပြန်ပေးဆွဲမှု အကျပ်အတည်း

နိုက်ဂျီးရီးယား၏ ပြန်ပေးဆွဲမှု အကျပ်အတည်း
Photo: AFP
Photo: AFP
Published 21 April 2024

ချီဘော့ကျောင်းသူများ ပြန်ပေးဆွဲခံရမှု ဖြစ်စဉ်အပြီး ၁၀ နှစ်အကြာတွင် နိုက်ဂျီးရီးယားနိုင်ငံ၌ အုပ်စုလိုက် ပြန်ပေးဆွဲမှုဖြစ်စဉ်များ ပြန်လည်ပေါ်ပေါက်လာခြင်းနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်။

နိုင်ငံအရှေ့မြောက်ပိုင်း ချီဘော့ပြည်နယ်တွင် အုပ်စုလိုက်ပြန်ပေးဆွဲမှုဖြစ်စဉ်နှင့် နိုင်ငံအနောက်မြောက်ပိုင်း ကာဒူနာပြည်နယ်တွင် အုပ်စုလိုက် ပြန်ပေးဆွဲမှုဖြစ်စဉ်ကြောင့် ကျောင်းသား ၁၃၀ ကျော် ၎င်းတို့၏ စာသင်ကျောင်းများမှ ပြန်ပေးဆွဲခံခဲ့ရသည့် အလွန်ကြီးမားသော အတိုင်းအတာဖြင့် ပြန်ပေးဆွဲ မှုဖြစ်စဉ်နှစ်ခုဖြစ်ပွားခဲ့ပြီးနောက် ဘိုကိုဟာရမ်၏ နာမည်ဆိုးဖြင့် လူသိများသော တိုက်ခိုက်မှု၏နှစ်ပတ် လည်နေ့ရောက်ရှိလာခဲ့သည်။

နိုက်ဂျီးရီးယားသည် နေရာအများအပြားတွင် လုံခြုံရေးဆိုင်ရာစိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရချိန်တွင်  ဓားစာခံဖမ်းဆီးခြင်းသည် နိုင်ငံတစ်ဝန်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားလျက်ရှိကာ ဓားပြဂိုဏ်းများနှင့်ဂျီ ဟတ်ဝါဒီများ၏ အကြိုက်နည်းဗျူဟာတစ်ခု ဖြစ်လာခဲ့သည်။

နောက်ခံသမိုင်းကြောင်း

၂၀၀၀ ပြည့်နှစ်အစောပိုင်းက  ပြန်ပေးဆွဲသူများသည် နိုက်ဂျာမြစ်ဝှမ်းရှိ ရေနံလုပ်သားများကို ပစ်မှတ် ထားခဲ့သော်လည်း နိုင်ငံအရှေ့မြောက်ပိုင်းတွင် ၂၀၀၉ ခုနှစ်က ဂျီဟတ်တို့၏ ပုန်ကန်သောင်းကျန်းမှုများအပြီး ပြဿနာမှာ ပိုမိုဆိုးရွားလာခဲ့သည်။၂၀၁၄ ခုနှစ် ဧပြီ ၁၄ ရက်က ချီဘော့မြို့မှ ကျောင်းသူ ၂၇၆ ဦးပြန် ပေးဆွဲခဲ့ရပြီး ယင်းသတင်းသည် ကမ္ဘာတစ်ဝန်းတွင် ခေါင်းကြီးပိုင်းသတင်းဖြစ်ခဲ့သည်။ပြန်ပေးဆွဲခံရသူ များ၌ကျောင်းသူ ၁၀၀ နီးပါး ဆက်လက်ပျောက်ဆုံးလျက်ရှိသည်။

ဘိုကိုဟာရမ်နှင့် ပြိုင်ဘက်အနောက်အာဖရိကပြည်နယ် IS အဖွဲ့ (ISWAP) က ပြန်ပေးဆွဲမှုများကို ဆက်လက်၍ ပုံမှန်လုပ်ဆောင်လျက်ရှိသည်။

လူဆိုးဂိုဏ်းများသည်အတိတ် ကာလက စာသင်ကျောင်းများနှင့် ကောလိပ်များကို ပစ်မှတ်ထားခဲ့သော်လည်း ကာဒူနာပြည်နယ်တွင် အုပ်စုလိုက် ပြန်ပေးဆွဲမှုမဖြစ်ပွားမီ ယင်းကဲ့သို့ တိုက်ခိုက်မှုများသည် မကြာသေးမီက ငြိမ်သက်နေခဲ့သည်။

နိုင်ငံအရှေ့မြောက်ပိုင်းတွင် ဘိုကိုဟာရမ်ဖွဲ့သည် ၂၀၀၉ခုနှစ်ကတည်းက အကြမ်းဖက် ပုန်ကန်မှုများကို လုပ်ဆောင်လျက်ရှိကာ နိုင်ငံမြောက်-အလယ်ပိုင်းဒေသတွင် လယ်သမားများနှင့် တိရစ္ဆာန်ထိန်း ကျောင်းသူများအကြား ပဋိပက္ခဖြစ်မှုများသည် မကြာသေးမီနှစ်များအတွင်း ပိုမိုအရှိန်မြင့်လာခဲ့ပြီး နိုင်ငံအ နောက်မြောက်ပိုင်းတွင် လက်နက်ကိုင်များ၏ ဓားပြတိုက်သည့်ဖြစ်စဉ်များသည် နိုင်ငံသားများကို ခြိမ်း ခြောက်လျက်ရှိသည်။

နိုင်ငံ၏ စီးပွားရေးအကျပ်အတည်းသည် ပြန်ပေးဆွဲမှုဖြစ်စဉ်များကို ပိုမိုတိုးပွားလာစေသည်ဟု ကျွမ်း ကျင်ပညာရှင်အချို့က ယူဆထားကြသည်။

“ဒါတွေအားလုံးက ငွေကြေးမရှိခြင်းနဲ့ ဆင်းရဲချို့တဲ့ခြင်းတို့ကြောင့် ဖြစ်ပွားနေတာပါ” ဟု လူမှု-နိုင်ငံရေး ဆိုင်ရာအန္တရာယ်အတိုင်ပင်ခံ ကုမ္ပဏီ SBM Intelligence မှ လေ့လာသုံးသပ်သူ အီမီကာအိုကိုရိုက ပြော ကြားခဲ့သည်။

“အတိတ်ကာလတုန်းက ပြန်ပေးဆွဲခံရတဲ့ ကျောင်းသူတွေကိုပြန်ရဖို့ ငွေအမြောက်အများပေးခဲ့ရတဲ့အတွက် ပြန်ပေးဆွဲတဲ့အလုပ်က ငွေအလုံးအရင်းနဲ့ အမြတ်များတဲ့ အလုပ်ဖြစ်လာပါတယ်”ဟု ၎င်းက သုံးသပ်ခဲ့သည်။

ကြီးမားသည့်ပြဿနာ

နိုက်ဂျီးရီးယားတွင် ပြန်ပေးဆွဲခံရသူ အရေအတွက်ကို လျှော့၍ ဖော်ပြခြင်းနှင့် နေ့စဉ်ပြန်ပေးဆွဲမှု ဖြစ်စဉ်များကြောင့် ပြန်ပေးဆွဲမှု အချက်အလက်များသည် ခိုင်လုံမှုမရှိဘဲ ကမ္ဘာတစ်ဝန်းမှ အာရုံစိုက်ခံရမှု  ရှားပါးသည်။

သမ္မတဘိုလာအာမက်တီနူဘူ  တာဝန်ထမ်းဆောင်သည့် လွန်ခဲ့သည့်နှစ်မေလကတည်းက ပြန်ပေးဆွဲခံရသူ ၄၇၇၇ ဦးရှိသည်ဟု SBM က ထုတ်ပြန်ထားသည်။၂၀၁၄ခုနှစ် အစောပိုင်းမှ ၂၀၂၂ ခုနှစ် နှစ်ကုန်အထိ နိုက်ဂျီးရီးယားကျောင်းများတွင် ပြန်ပေးဆွဲခံရသည့် ကျောင်းသားအရေအတွက် ၁၆၈၀ ကျော်ရှိသည်ဟု Save The Children ပရဟိတအဖွဲ့က လွန်ခဲ့သည့်နှစ်တွင် ထုတ်ပြန်ခဲ့သည်။

အာဏာပိုင်များ၏ဆောင်ရွက်မှု

၂၀၂၂ခုနှစ်က ပြန်ပေးသမားများကို ငွေကြေးလွှဲပြောင်းပေးမှုအား တားမြစ်ပိတ်ပင်သည့် ဥပဒေ တစ်ရပ်ကိုပြဋ္ဌာန်းခဲ့ကာ ပြန်ပေးဆွဲခံရသူများ ပြန်လည်လွတ်မြောက်စေရေး သေချာမှုရှိစေရန်အတွက် ပြန် ပေးငွေများပေးရန် တာဝန်ရှိသူများက ငြင်းဆိုခဲ့သည်။

မိသားစုဝင်အများစုက ၎င်းတို့အနေဖြင့် အာဏာပိုင်များအပေါ် ယုံကြည်မှုအားနည်းကြောင်း ပြောကြားခဲ့ကာ ၎င်းတို့တွင် ရွေးချယ်စရာမရှိဘဲ ပြန်ပေးသမားများ၏ တောင်းဆိုချက်များကို လိုက်လျောနိုင်ရန် စုငွေများကို ပေးခဲ့ရသည်ဟု ဆိုသည်။

ရဲတပ်ဖွဲ့သည် ပြန်ပေးဆွဲမှု တိုက်ဖျက်ရေးယူနစ်များကို တပ်ဖြန့်ခဲ့သော်လည်း ဂိုဏ်းအဖွဲ့များပုန်း အောင်းသည့် သစ်တောများတွင် ဝင်ရောက်ထိန်းချုပ်ရှာဖွေရန် အခက်အခဲများရှိနေသည်။ Ref:AFP

Most Read

Most Recent