သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှု မြင့်တက်လာသော တာဂျစ်ကစ္စတန်

သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှု မြင့်တက်လာသော တာဂျစ်ကစ္စတန်
Published 28 April 2024

ရော့ဒ်ဂိုရွိုင်မက်ခ်မာလီရီဗာ အမည်ရှိအမျိုးသမီးသည် တောင်ထူထပ်သော တာဂျစ်ကစ္စတန်နိုင်ငံတွင် လွန်ခဲ့သည့် လေးနှစ်ခန့်ကဖြစ်ပွားခဲ့သော မြေပြိုမှုတစ်ခု၌ ၎င်း၏ မိသားစုနေအိမ်နစ်မြှုပ်ခဲ့သည့် ထိတ်လန့်ဖွယ် ဖြစ်စဉ်ကြောင်းကို ပြန်ပြောင်းပြောပြခဲ့သည်။

ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုကို အဆိုးရွားဆုံးခံစားနေရသည့်နိုင်ငံများတွင် အပါအဝင်ဖြစ်သည်ဟု ယူဆထားသောတာဂျစ် ကစ္စတန်နိုင်ငံရှိ ၎င်း၏နေအိမ်သည် နှင်းများနှင့် မိုးများသည်းထန်စွာရွာ သွန်းကျဆင်းမှုကြောင့် ကျောက်တုံးများ၊ ရေကြီးရေလျှံမှုများနှင့် ရွှံ့နွံများအတွင်းသို့ နစ်မြှုပ်သွားခဲ့သည်ဟု ၎င်းက ပြောပြခဲ့သည်။

“တောင်ပြိုကျပြီး ကျွန်မတို့နေအိမ်ပျက်စီးမသွားခင်အထိ ရင်တထိတ်ထိတ်နဲ့ စိုးရိမ်ထိတ်လန့်စွာနေ ခဲ့ရပါတယ်”ဟု အသက် ၆၁ နှစ်အ ရွယ်မက်ခ်မာလီရီဗာက ဆိုသည်။

မက်ခ်မာလီရီဗာနှင့် ၎င်း၏ခင်ပွန်း ဂျာမိုလဒ်ဒင်တို့သည်မြေပြို မှုအန္တရာယ်ကြောင့် ၎င်းတို့၏နေ အိမ်ပျက်စီးသွားမည့်အရေးကို စိုးရိမ်လျက်ရှိကာ လက်ရှိအချိန်တွင် မြင့်တက်လာသော သဘာဝဘေး အန္တရာယ်များကြောင့် တာဂျစ်ကစ္စတန်နိုင်ငံသားထောင်ချီ ဘေးလွတ်ရာ ထွက်ပြေးခဲ့ကြရသည်။

လူဦးရေ ၁၀ သန်းဝန်းကျင်နီးပါးရှိသော တာဂျစ်ကစ္စတန်နိုင်ငံရှိ အာဏာပိုင်များက ဒေသတွင်းရှိလူ ပေါင်းရာချီသည် မြေပြိုမှုများ၊နှင်းထု ပြိုကျမှုများ၊ ရေကြီးမှုများနှင့် ငလျင်လှုပ်ခတ်မှုများစသည့် သဘာဝဘေး အန္တရာယ်များ၏ ခြိမ်းခြောက်ခံနေရသည်ဟု ဆိုသည်။

ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများတွင် အပါအဝင်ဖြစ်သည့် တာဂျစ်ကစ္စတန်နိုင်ငံ၏ အဓိကတာဝန်တစ်ခုမှာ သဘာဝဘေးအန္တရာယ် ခြိမ်းခြောက်ခံနေရသည့် ပြည်သူများကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးရန်ဖြစ်သည်။

မက်ခ်မာလီရီဗာကို ဒူရှန်ဘီမြို့တော်တောင်ပိုင်း ၄၃ မိုင်အကွာ ခူရိုဆန်ခရိုင်ရှိ ကျေးရွာသစ်တစ်ရွာသို့ ပြောင်းရွှေ့အခြေချ နေထိုင်စေခဲ့သည်။

“ဂေဟဗေဒရွှေ့ပြောင်း နေထိုင်သူများ” အတွက် တည်ဆောက်ပေးထားသော ရိုးရှင်းသည့်အိမ်တန်းများသည် လယ်ကွင်းများနှင့် တောင်တန်းများဝန်းရံထားသည့် လမ်းပေါ်တွင် တည်ရှိနေသည်။

မက်ခ်မာလီရီဗာတို့ နေထိုင်သည့်ယခင်အိမ်သည် ၂၀၂ဝပြည့် နှစ်အစောပိုင်းတွင် မြေပြိုမှုအတွင်း နစ်မြှုပ်မသွားမီအချိန်က ရွှံ့မြေပြိုမှုပေါင်းများစွာမှ လွတ်မြောက်ခဲ့ပြီး ဖြစ်သည်ဟုဆိုသည်။

“ကျွန်မတို့ တဲတစ်ခုအတွင်းမှာ နေထိုင်နေတုန်း ရွှံ့တွေဖုံးသွားတဲ့ အိမ်ကနေ ရှိသမျှအရာအားလုံးကို ပြန်ရဖို့ သီတင်းတစ်ပတ်ကြာ တူးခဲ့ရပါတယ်”ဟု အငြိမ်းစားတေးဂီတ သင်ကြားပေးသူဂျာမိုလဒ်ဒင်က ပြောပြခဲ့သည်။

“ကျွန်မတို့ ဘယ်နေရာမှာ နေရမလဲဆိုတာကို မသိခဲ့ပါဘူး”ဟု၎င်း၏ဇနီးဖြစ်သူ မက်ခ်မာလီရီဗာက ဆိုသည်။

တစ်နှစ်အကြာတွင် ၎င်းတို့စုံတွဲသည် သဘာဝဘေးအန္တရာယ်များ၏ ခြိမ်းခြောက်မှုကို ရင်ဆိုင်ရသူများအတွက် စီစဉ်ပေးထားသောရွာရှိ နေအိမ်တစ်အိမ်တွင် ပြောင်းရွှေ့အခြေချခဲ့သည်။

တာဂျစ်ကစ္စတန်အာဏာပိုင်များက ၎င်းတို့သည် ၂၀၀၀ ပြည့်နှစ်မှ ၂၀၁၇ ခုနှစ်အတွင်း လူ ၄၅,ဝဝဝကို ပြန်လည်နေရာချထားပေးခဲ့ပြီး နောက်ထပ်လူပေါင်းသောင်းချီသည် ၎င်းတို့အလှည့်ကို စောင့်ဆိုင်း နေကြသည်ဟု ဆိုသည်။

လွန်ခဲ့သည့် နှစ်တစ်နှစ်တည်းအတွင်း၌ပင် သဘာဝဘေးအန္တရာယ်များနှင့် ဆက်နွှယ်သည့်အရေး ပေါ်အခြေအနေ ၅၅၇ ခုကြောင့်လူ ၅၁ ဦးသေဆုံးခဲ့သည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။

ယင်းကျေးရွာတွင် ၎င်းတို့၏ မြေးခြောက်ဦးသည် စိုးရိမ်ပူပန်မှုကင်းမဲ့စွာ နေထိုင်လျက်ရှိပြီး ၎င်းတို့၏ သားသမီးများမှာမူ အခြားတာဂျစ်ကစ္စတန်နိုင်ငံသား သန်းချီကဲ့သို့ပင် ရုရှားနိုင်ငံ၌ သွားရောက်အလုပ် လုပ်ကိုင်နေကြသည်ဟု ၎င်းတို့စုံတွဲက ပြောပြခဲ့သည်။

မက်ခ်မာလီရီဗာက မိသားစု နေအိမ်အသစ်အတွက် ၁၉၉၂ ခုနှစ် နောက်ပိုင်းကတည်းက နိုင်ငံကိုတင်းကျပ်စွာ ထိန်းချုပ်၍အုပ်ချုပ်နေသည့် သမ္မတ အီမိုမာလီရက်မွန်ကို ကျေးဇူးတင်ခဲ့သည်။

ရက်မွန်က ၎င်း၏နိုင်ငံသည် နှစ်စဉ်သဘာဝဘေးအန္တရာယ်များကြောင့် ဘဏ္ဍာရေးနှင့် ပစ္စည်းထိ ခိုက်ပျက်စီးမှုကြီးကြီးမားမား ဖြစ်ပေါ်လျက်ရှိကြောင်း ထပ်တလဲလဲ ပြောကြားခဲ့သည်။

မက်ခ်မာလီရီဗာ၏ကျေးရွာမှ လမ်းတစ်ဖက်တွင်မူ အသစ်ရောက်ရှိလာသူများအွက် နေအိမ်များကို တည်ဆောက်လျက်ရှိသည်။

“ဒီအိမ်တွေကတော့ အနာဂတ်မှာ သဘာဝဘေးသင့်ပြည်သူတွေအတွက် ဆောက်လုပ်ပေးထားတာဖြစ် ပါတယ်”ဟု အရေးပေါ်အခြေအနေများဆိုင်ရာဝန်ကြီးဌာနမှ တာဝန်ရှိသူ မူရော့ဘတ်မူရိုဒေါ့ဗ်ကဆိုသည်။ လူနေအိမ်အဆောက်အအုံသစ် ၆၇ လုံးကို တည်ဆောက်ပေးခဲ့သည်ဟု ၎င်းကဆိုသည်။              

Ref:AFP

Most Read

Most Recent