ထိုင်း  နိုင်ငံခြားရေးဝန်ကြီး ရာထူးမှ မမျှော်လင့်ဘဲ နုတ်ထွက်

ထိုင်း  နိုင်ငံခြားရေးဝန်ကြီး ရာထူးမှ မမျှော်လင့်ဘဲ နုတ်ထွက်
Published 29 April 2024

 

ထိုင်း နိုင်ငံ အစိုးရအဖွဲ့ အပြောင်းအလဲပြုလုပ်ရာတွင် ဒုတိယဝန်ကြီးချုပ် ရာထူးမှ ဖယ်ရှားခံရပြီးနောက် ထိုင်း နိုင်ငံခြားရေးဝန်ကြီး ပရန်ပီးဘာဟစ်ဒါနူကာရာ သည် ဧပြီ ၂၈ ရက်တွင် ရာထူးမှ နုတ်ထွက်သွားသည်။

ထိုင်းဘုရင်က အတည်ပြုပေးပြီး တရားဝင် တော်ဝင်ပြန်တမ်း၌ဖော်ပြထားသော ထိုင်းဝန်ကြီးချုပ် ဆရတ်သာထားဝီးဆင်း၏ အစိုးရအဖွဲ့သစ်တွင် ထိုင်းဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ပရန်ပီးအား နိုင်ငံခြားရေးဝန်ကြီးအဖြစ်သာ ဖော်ပြထားပြီး ဒုတိယဝန်ကြီးချုပ် ဟူသော ထပ်တိုးရာထူး ပါဝင်လာခြင်း မရှိတော့ပေ။

ကုန်သွယ်ရေး ကိုယ်စားလှယ်ဟောင်းဖြစ်သော ပရန်ပီးကမူ ဒုတိယဝန်ကြီးချုပ်ရာထူးမှ ဖယ်ရှားခံရခြင်းမှာ ၎င်း၏အတိတ်မှတ်တမ်းကြောင့် မဟုတ်ကြောင်း၊ ၎င်းသည် ကောင်းမွန်စွာ ထမ်းဆောင်ခဲ့ကြောင်း၊နိုင်ငံတကာတွင် ထိုင်း၏ဂုဏ်သတင်း မြင့်တက်လာစေရန် အကူအညီပေးခဲ့ကြောင်း နုတ်ထွက်စာတွင်ဖော်ပြထားသည်။ ပရန်ပီး၏နုတ်ထွက်စာကို ထိုင်းမီဒီယာက ဖော်ပြခဲ့သည်။

ထိုင်းနိုင်ငံက အိမ်နီးချင်း မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ပဋိပက္ခကို ကူညီဖြေရှင်းပေးရန်ကြိုးစားနေချိန်တွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ရာထူးမှ နုတ်ထွက်သွားခြင်ဖြစ်သည်။

၎င်းသည် မြန်မာ့အရေးနှင့်သက်ဆိုင်သော အဖွဲ့ကို ဦးဆောင်နေသူဖြစ်သည်။ မြန်မာနိုင်ငံတွင် တပ်မတော်က နိုင်ငံတော်အာဏာကို လွှဲပြောင်းယူခဲ့ပြီးနောက် ဖြစ်ပေါ်သည့် မတည်ငြိမ်မှု၊ အကြမ်းဖက်မှုတို့ သုံးနှစ်ကြာဖြစ်ပွားခဲ့ပြီးနောက် ပဋိပက္ခဖြစ်ပွားနေသော အဖွဲ့များ ဆွေးနွေးရေးကို လမ်းပွင့်စေသော လူသားချင်းစာနာမှုဆိုင်ရာအစီအစဉ်ကို လွန်ခဲ့သောလတွင်ထိုင်းနိုင်ငံကအကောင်အထည်ဖော်လျက်ရှိစဉ် ၎င်း၏မမျှော်လင့်သောနုတ်ထွက်မှုက ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကို အထိန်းအကွပ်မဲ့စေသည်။

ဂါဇာ၌ ဟားမာ့စ်တို့ ဖမ်းဆီးခဲ့သော ထိုင်းဓားစာခံများ လွတ်မြောက်အောင်ဆောင်ရွက်ရာတွင် ပရန်ပီးသည် အရေးပါသော ကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့သူဖြစ်သည်။

ထိုင်းဝန်ကြီးချုပ် ဆရတ်သာထားဝီဆင်းသည် ပရန်ပီး၏နုတ်ထွက်စာကို လက်ခံရရှိခဲ့သည်ဟု ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရချိုင်ဝါချာရွန်က ရိုက်တာကို ပြောသည်။

"ပရန်ပီး နုတ်ထွက်တာဟာ နိုင်ငံခြားရေးရာကိစ္စတွေမှာ အစိုးရ အလုပ်တွေကို ထိခိုက်စေမှာ မဟုတ်ပါဘူး။ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့အမြဲတမ်းအတွင်းဝန်နဲ့တာဝန်ရှိသူတွေက ဝနျကွီးအစား လုပ်ပေးနိုင်ကြပါတယ်"ဟု ၎င်းကဖြည့်စွက်ပြောသည်။

ပရန်ပီး နုတ်ထွက်မှုက ဒုတိယဝန်ကြီးချုပ်ဖမ်သမ်ဝီချာယာချိုင်လို အကြီးတန်းအစိုးရတာဝန်ရှိသူများအပါအဝင် လူအများအပြားကို အံ့အားသင့်စေသည်။ ပရန်ပီး နုတ်ထွက်သွားမည်ဟု မျှော်လင့်မထားဟု ဖမ်သမ်ဝီချာယာချိုင်က ထိုင်းမီဒီယာကို ပြောကြားခဲ့သည်။ ပရန်ပီးကမူရိုက်တာ၏မေးမြန်းမှုကို ပြန်လည်ဖြေကြားခြင်းမရှိဟု ဆိုသည်

Ref:Reuters

Photo Reuters,X

Most Read

Most Recent