နိုင်ငံတကာမှ ထိပ်တန်းဒီဂျေများ ပါဝင်မည့် Invasion Music Festival 2018 စက်တင်ဘာလအတွင်း ပြုလုပ်မည်

နိုင်ငံတကာမှ ထိပ်တန်းဒီဂျေများ ပါဝင်မည့် Invasion Music Festival 2018 စက်တင်ဘာလအတွင်း ပြုလုပ်မည်
Published 1 September 2018

နိုင်ငံတကာမှ ထိပ်တန်းဒီဂျေများ ပါဝင်မည့် Invasion Music Festival 2018 ကို စက်တင်ဘာ ၁၅ ရက်တွင် ရန်ကုန်မြို့ The One Entertainment Park ၌ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ ယခင်နှစ်များကလည်း ထူးခြားသည့် တင်ဆက်မှုများဖြင့် EDM Festival ပွဲအဖြစ် တင်ဆက်နိုင်ခဲ့သည့် Invasion Music Festival အား ယခုနှစ်တွင်လည်း Phase 1၊ Phase 2 အဖြစ် တင်ဆက်ရန် စီစဉ်ထားခြင်းဖြစ်သည်။ ပါဝင်မည့်ဒီဂျေများ၏ စာရင်းအချို့အား ထုတ်ပြန်ထားကာ ကမ္ဘာ့ထိပ်တန်းဒီဂျေများလည်း ပါဝင်မည်ဖြစ်ကြောင်း

Phase 1 Line up အား ကြေညာထားရာတွင် Ran-D၊ Mashd n Kutcher၊ Skellism၊ B2B၊ Terror Bass တို့ ပါဝင်မည်ဖြစ်ကာ ပြည်တွင်းမှ ဒီဂျေများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ Phase 2 Line up များအားလည်း ကြေညာထားပြီးဖြစ်ကာ Warface၊ Salvatore Ganacci၊ Wasted Penguinz နှင့် ပြည်တွင်းမှ ထိပ်တန်းဒီဂျေများစွာ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ ပါဝင်မည့် ဒီဂျေများအားလုံးမှာ နိုင်ငံတကာတွင် ထင်ရှားသည့် ဒီဂျေများဖြစ်ကြောင်း သိရသည်။

Headliners တစ်ဦးအဖြစ် ပါဝင်သွားမည့် ဒီဂျေ Ran-D မှာ ဒက်ချ်ဒီဂျေနှင့် ထုတ်လုပ်သူတစ်ဦးဖြစ်ကာ ၎င်းဖန်တီးသည့် တေးသီချင်းများမှာ ပရိသတ်များကြားတွင် ရေပန်းစားနေသူတစ်ဦးဖြစ်သည်။ ထပ်မံပါဝင် အားဖြည့်မည့် Warface မှာ အကြမ်းစား ဂီတဖန်တီးမှုများအား ပြုလုပ်တတ်သူတစ်ဦးဖြစ်ကာ Top 100 DJ List တွင်လည်း ပါဝင်ခွင့်ရထားသူတစ်ဦးဖြစ်သည်။

Mashd n Kutcher မှာ သြစတြေးလျအကနှင့် Electronic ဂီတအဖွဲ့ဖြစ်ကာ ပရိသတ်များကြား ရေပန်းစားသည့် တေးသီချင်းများအား ဖန်တီးထားသည့်အဖွဲ့လည်း ဖြစ်သည်။ Salvatore Ganacci မှာလည်း ဆွီဒင်နိုင်ငံမှ ဒီဂျေနှင့် ထုတ်လုပ်သူတစ်ဦးဖြစ်ကာ နိုင်ငံတကာ ဂီတစင်မြင့်ထက်တွင် ထင်ရှားသူတစ်ဦးလည်းဖြစ်သည်။ အခြားသောနိုင်ငံတကာနှင့် ပြည်တွင်းမှ ဂီတပညာရှင်များမှာလည်း ထင်ရှားသူများဖြစ်ကာ ထူးခြားသည့် တင်ဆက်မှုများစွာဖြင့် ပြုလုပ်ရန် စီစဉ်ထားခြင်းဖြစ်သည်။

Invasion Music Festival ၏ ကြိုတင်လက်မှတ်များအားလည်း ရောင်းချလျက်ရှိကာ လက်မှတ်အရေအတွက် ကန့်သတ်မှုရှိသဖြင့် ကြိုတင်ဝယ်ယူကြရန် တိုက်တွန်းထားကြောင်းလည်း သိရသည်။ ယင်းဖျော်ဖြေပွဲတွင် Indoor နှင့် Outdoor နှစ်ခုစလုံးတွင် တင်ဆက်ရန် စီစဉ်ထားခြင်းလည်းဖြစ်သည်။ စက်တင်ဘာလမှ စတင်ကာ ပွင့်လင်းရာသီကာလတစ်လျှောက်လုံးတွင် EDM Festival များ စီစဉ်ထားပြီး Invasion Music Festival လည်း တစ်ခုအပါအဝင်ဖြစ်သည်။ လင်းလင်းခိုင်