မြန်မာနိုင်ငံ၏ လက်ရှိစီးပွားရေး အခြေအနေ အလွန်မကောင်းဟုဖြေဆိုသူ ယခင် ၆၆ ရာခိုင်နှုန်းကျော်မှ ၂၈ ရာခိုင်နှုန်းကျော်သို့ ကျဆင်းသွားပြီး စီးပွားရေးကောင်းမွန်သည်ဟုဖြေဆိုသူ ယခင် ၁၅ ရာခိုင်နှုန်းကျော်မှ ၃၂ ရာခိုင်နှုန်းကျော်သို့ နှစ်ဆမြင့်တက်ခဲ့ကြောင်း MI စစ်တမ်း၌ ဖော်ပြ

မြန်မာနိုင်ငံ၏ လက်ရှိစီးပွားရေး အခြေအနေ အလွန်မကောင်းဟုဖြေဆိုသူ ယခင် ၆၆ ရာခိုင်နှုန်းကျော်မှ ၂၈ ရာခိုင်နှုန်းကျော်သို့ ကျဆင်းသွားပြီး စီးပွားရေးကောင်းမွန်သည်ဟုဖြေဆိုသူ ယခင် ၁၅ ရာခိုင်နှုန်းကျော်မှ ၃၂ ရာခိုင်နှုန်းကျော်သို့ နှစ်ဆမြင့်တက်ခဲ့ကြောင်း MI စစ်တမ်း၌ ဖော်ပြ
Published 24 January 2019

မြန်မာနိုင်ငံ၏ လက်ရှိစီးပွားရေး အခြေအနေအလွန်မကောင်းပါဟု ဖြေဆိုသူ ယခင် ၆၆ ရာခိုင်နှုန်းကျော်မှ ၂၈ ရာခိုင်နှုန်းကျော်သို့ ကျဆင်းသွားပြီး စီးပွားရေးကောင်းမွန်သည်ဟု ဖြေဆိုသူ ယခင် ၁၅ ရာခိုင်နှုန်းကျော်မှ ၃၂ ရာခိုင်နှုန်းကျော်သို့ နှစ်ဆမြင့်တက်ခဲ့ကြောင်း Myanmar Insider Business ဂျာနယ်က ထုတ်ပြန်သည့် သုံးလတစ်ကြိမ် စီးပွားရေးဆိုင်ရာ ယုံကြည်မှုညွှန်းကိန်းစစ်တမ်း (MI စစ်တမ်း) ၂၀၁၈ ခုနှစ် အောက်တိုဘာ-ဒီဇင်ဘာစစ်တမ်းကောက်ခံမှုတွင် ဖော်ပြထားမှုအရ သိရသည်။

မြန်မာနိုင်ငံ၏ လက်ရှိ စီးပွားရေးအခြေ အနေနှင့် ပတ်သက်ပြီး အလွန်မကောင်းပါဟု ဖြေဆိုမှုများမှာ ၂၀၁၈ ခုနှစ် ဇန်နဝါရီ၊ မတ်တွင် ၁၉ ရာခိုင်နှုန်းနှင့် မကောင်းပါဟု ဖြေဆိုသူ ၆၃ ရာခိုင်နှုန်း၊ ဧပြီ-ဇွန်စစ်တမ်းတွင် အ လွန်မကောင်းပါဟု ဖြေဆိုသူ ရာခိုင်နှုန်း ၃၀ နှင့် မကောင်းပါဟု ဖြေဆိုသူ ၅၃ ဒသမ ၃၃ ရာခိုင်နှုန်းရှိခဲ့ပြီး ဇူလိုင်-စက်တင်ဘာတွင်မူ  အလွန်မကောင်းပါဟု ဖြေဆိုသူ ၆၆ ဒသမ ၆၇ ရာခိုင်နှုန်းနှင့် မကောင်းပါဟု ဖြေဆိုသူ ၁၈ ဒသမ ၁၈ ရာခိုင်နှုန်းမှ အောက်တိုဘာ-ဒီဇင်ဘာစစ်တမ်း ကောက်ခံမှုတွင် အလွန်မကောင်းပါဟု ဖြေဆိုမှု ၂၈ ဒသမ ၅၇ ရာခိုင် နှုန်းနှင့် မကောင်းပါဟု ဖြေဆိုသူ ၁၉ ဒသမ ၂၉ ရာခိုင်နှုန်းသို့ ကျဆင်းလာခဲ့ခြင်း ဖြစ်သည်။

“အောက်တိုဘာနဲ့ ဒီဇင်ဘာအတွက် လက်ရှိစီးပွားရေး အခြေအနေမကောင်းဘူး လို့ ဖြေဆိုသူ သိသိသာသာလျော့နည်းလာတာကို တွေ့ရှိရပါတယ်။ စီးပွားရေးအခြေအနေကောင်းတယ်လို့ ဖြေဆိုသူကလည်း နှစ်ဆမြင့်တက်လာပါတယ်။ နောက်သုံးလအတွက် စီးပွားရေးအခြေအနေအပေါ် မေးရာမှာ ပိုပြီးဆိုးရွားမယ်လို့ ဘယ်သူကမှ မဖြေဆိုပါဘူး။ အနာဂတ်ကာလအတွက် အလားအလာကောင်းတွေ မြင်နေရတာဖြစ်ပေမဲ့ လူအများစုကတော့ အခုကာလမှာ စီးပွားရေး အခြေအနေအနည်းငယ်ဆိုးရွားမယ်လို့ ဖြေထားတာလည်း တွေ့ရပါတယ်” ဟု MI စစ်တမ်းဖတ်ကြားသူက ဆိုသည်။

ထို့ပြင် စီးပွားရေးလုပ်ငန်းရှင် ၅၀ ခန့် အပေါ် ကောက်ယူထားသည့် စစ်တမ်း၏ နောက်ဆုံး ရလဒ်များအရ သုံးလတစ်ကြိမ် ယုံကြည်မှုညွှန်းကိန်း၏ ၂၀၁၈ ခုနှစ် ဇူလိုင်-စက်တင်ဘာ သုံးလပတ်၏ ခန့်မှန်းချက်မှာ အနုတ် ၄၀ ဖြင့် ၂၀၁၈ ခုနှစ် စစ်တမ်း သုံးခုအတွင်း အဆိုးဆုံးဖြစ်ခဲ့ပြီး အောက်တိုဘာ- ဒီဇင်ဘာစစ်တမ်းတွင်မူ ၂၁ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သော်လည်း အနုတ်ပြနေဆဲဖြစ်ကြောင်းနှင့် အဆိုပါ ယုံကြည်မှုညွှန်းကိန်းမှာ စစ်တမ်းကောက်ယူသည့် လေးကြိမ်စလုံးတွင် အနုတ်ပြနေသည်ဟု MI စစ်တမ်းတွင် ဖော်ပြထားမှုအရ သိရသည်။

Most Read

Most Recent