ကလေးမြို့နှင့် လားရှိုးမြို့များသို့ မင်္ဂလာလေကြောင်းလိုင်းက လေကြောင်းခရီးစဉ်များ ပြန်လည်ပြေးဆွဲ

ကလေးမြို့နှင့် လားရှိုးမြို့များသို့ မင်္ဂလာလေကြောင်းလိုင်းက လေကြောင်းခရီးစဉ်များ ပြန်လည်ပြေးဆွဲ
Published 19 March 2024

ပြည်တွင်းလေကြောင်း ခရီးသွားလာလို မှုမြင့်တက်လာခြင်းကြောင့် မင်္ဂလာလေကြောင်းလိုင်းက ကလေးမြို့နှင့်လားရှိုးမြို့များသို့ ပုံမှန်လေကြောင်း ခရီးစဉ်များအဖြစ်ပြန်လည်ပြေးဆွဲခဲ့ကြောင်း သတင်းရရှိသည်။

မင်္ဂလာလေကြောင်းလိုင်းအနေဖြင့် ၂၀၂၄ ခုနှစ် မတ် ၁၈ ရက်မှစတင်၍ ကလေးမြို့သို့ နေ့စဉ်ပုံမှန်လေကြောင်းခရီးစဉ်အဖြစ်လည်းကောင်း၊ မတ် ၁၉ ရက်မှစ၍ လားရှိုးသို့ အပတ်စဉ် အင်္ဂါ၊ ကြာသပတေး၊ သောကြာနှင့် တနင်္ဂနွေနေ့တိုင်း ခရီးစဉ်များကို ပုံမှန်ပြန်လည်ပြေးဆွဲသွားမည်ဖြစ်သည်။

အဆိုပါခရီးစဉ်များတွင် လားရှိုးမှ/သို့ သွားလာကြမည့် ခရီးသည်များအနေဖြင့် လေ ယာဉ်ထွက်ခွာချိန်မတိုင်မီတွင် Check-in ဝင်ရောက်ထားရမည်ဖြစ်ပြီး လိုအပ်သည့် စာရွက်စာတမ်းများ အပြည့်အစုံ မပါရှိပါကခရီးစဉ်တွင် လိုက်ပါခွင့်ပြုမည်မဟုတ်ကြောင်း သိရသည်။ ယင်းပြင် Go-Show ခရီးသည်များ လက်ခံမည်မဟုတ်ဘဲ၊ နိုင်ငံခြားသားခရီးသည်များအနေဖြင့် လားရှိုးသို့ လာရောက်သည့်  လေကြောင်းလိုင်းဖြင့်သာ ပြန်လည်စီးနင်းလိုက်ပါရမည်ဖြစ်ပြီး (ခွင့်ပြုချက်ရရှိထားသည့် နိုင်ငံခြားသားခရီးသည်များသာ)ခရီးစဉ်တွင် လိုက်ပါခွင့်ရမည်ဖြစ်ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း MAI က၂၀၂၄ ခုနှစ်အတွင်း လုပ်ဆောင်သွားမည့် မဟာဗျူဟာမြောက် အစီအစဉ်များအား မိတ်ဆက်ရှင်းလင်းခြင်းနှင့် မိတ်ဖက်လေကြောင်းလိုင်းဖြစ်သည့် AIR KBZ လေ ကြောင်းလိုင်းအား မင်္ဂလာလေကြောင်းလိုင်းအမည်ဖြင့် ပြောင်းလဲသတ်မှတ်ခြင်း အခမ်းအနားအား မတ် ၈ ရက်က ရန်ကုန်မြို့ရှိ LOTTE Hotel တွင် ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

MAI က၂၀၂၄ ခုနှစ်အတွက် ရည်မှန်းချက်ကြီးမားသောကွန်ရက်ချဲ့ထွင်မှုအစီအစဉ်ကို ထုတ်ဖော်ပြသရန်ဖြစ်ပြီး ပိုမိုကောင်းမွန်သော  ဝန်ဆောင်မှုများနှင့် မြန်မာ့ခရီးသွားလုပ်ငန်းကို ပိုမိုအားကောင်းလာစေရန်ရည်ရွယ်သည့် ပူးပေါင်းဆောင်ရွက်မှုများအကြောင်း တင်ဆက်ပြသရန်ဖြစ်ကြောင်း သိရသည်။

“လက်ရှိမှာ စိန်ခေါ်မှုများစွာရှိနေပေမယ့် MAI အနေနဲ့ကျွန်တော်တို့ရဲ့ ခရီးစဉ်ကွန်ရက်ကို ထပ်မံတိုးချဲ့သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ MAI ပျံသန်းနေတဲ့ ပြည်ပခရီးစဉ်အရေအတွက် ၂၁ ထိ တိုးမြင့်လာနိုင်မှာဖြစ်တဲ့ ခရီးစဉ်သစ်တွေအနေနဲ့ မကြာမီမှာပဲ ချင်းမိုင်၊ ဗီယမ်ကျင်း၊ ဒါကာနဲ့ ဒိုဟာမြို့တွေဆီကိုစတင် ပျံသန်းတော့မှာ ဖြစ်ပါတယ်။ အခုလို ထပ်မံပြေးဆွဲမယ့် ခရီးစဉ်သစ်တွေက ခရီးသည်တွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေကို များစွာအကျိုးပြုမယ်လို့ ယုံကြည်ပါတယ်”ဟု MAI ၏ Acting Chief Executive Officer and Chief Commercial Officer ဖြစ်သူ Mr.Tanes Kumar က ပြောကြားသည်။

ယင်းနောက်MAI လေကြောင်းလိုင်း သည် ၎င်း၏ Subsidiary, Air KBZ အား ယခုအခါ Mingalar Aviation Services(Mingalar)ဟု အမည်ပြောင်းလဲလိုက်ကြောင်းကို တစ်ပြိုင်နက် အသိပေးပြောကြားခဲ့သည်။ 

Most Read

Most Recent