မြန်မာနိုင်ငံဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးစျေးကွက် (FX Trading Platform) တွင် သွင်းကုန်လုပ်ငန်းရှင်များအား တရုတ်ယွမ်ငါးသန်းနှင့်ထိုင်းဘတ် ၂၅ သန်း ရောင်းချမည်ဖြစ်ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။
အောက်တိုဘာလတွင် နိုင်ငံခြားငွေကြေးစျေးကွက်အတွင်း ဗဟိုဘဏ်က ဒေါ်လာ၊ ယွမ်၊ ဘတ်ရောင်းချမှုအနေဖြင့် အောက်တိုဘာ ၂ ရက်တွင် ယွမ် ၁ ဒသမ ၂ သန်းကျော် (၁၂၄၇၉၆၂ ဒသမ ၇၇)နှင့် ဘတ် ၁၀ သန်းကျော် (၁၀၂၃၀၀၀၀)၊ အောက်တိုဘာ ၃ ရက်တွင် တစ်ဒေါ်လာ ၃၅၃၅ ကျပ်ဖြင့် ဒေါ်လာ ရှစ်သိန်းနီးပါး၊ ယွမ် ၁ ဒသမ ၂ သန်းကျော်နှင့် ဘတ်တစ်သန်းကျော်၊ အောက်တိုဘာ ၄ ရက်တွင် တစ်ဒေါ်လာ ၃၅၄၃ ကျပ်ဖြင့် ဒေါ်လာ ၁၃ ဒသမ ၁၂၂ သန်းကျော်၊ ယွမ် ၂ ဒသမ ၈ သိန်းကျော်၊ အောက်တိုဘာ ၇ ရက်တွင် ဘတ် ၁၀ သန်းကျော်၊ အောက်တိုဘာ ၉ ရက်တွင် တစ်ယွမ်လျှင် ၅၀၇ ကျပ်နှုန်းဖြင့် ယွမ် ၆ ဒသမ ၆ သိန်းကျော်၊ အောက်တိုဘာ ၁၀ ရက်တွင် တစ်ဒေါ်လာ လျှင် ၃၅၅၄ ကျပ်ဖြင့် ဒေါ်လာ ၁၂ ဒသမ ၄ သန်းကျော်၊ ဘတ် ၃၈ သန်းကျော်၊ အောက်တိုဘာ ၁၁ ရက်တွင် တစ်ဒေါ်လာလျှင် ၃၅၅၄ ကျပ်ဖြင့် ဒေါ်လာ ခုနစ်သိန်းကျော်၊ အောက်တိုဘာ ၁၅ ရက်တွင် တစ်ဒေါ်လာ လျှင် ၃၅၅၄ ကျပ်ဖြင့် ခြောက်သန်းကျော်နှင့် ဘတ် ၁၉၉ သန်းကျော်၊ အောက်တိုဘာ ၂၀ ရက် ထုတ်ပြန်ချက်အရ စက်သုံးဆီနှင့် စားသုံးဆီလုပ်ငန်းရှင်များသို့ ဒေါ်လာ ၃၅ သန်း ရောင်းချခဲ့ကြောင်း သိရသည်။