ဗဟိုဘဏ်က ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအတွက် Online Trade Platform မှ တစ်ဆင့် ဒေါ်လာ သုံးသန်းထုတ်ရောင်း

ဗဟိုဘဏ်က ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအတွက် Online Trade Platform မှ တစ်ဆင့် ဒေါ်လာ သုံးသန်းထုတ်ရောင်း
Published 29 March 2024

ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်များအတွက် Online Trade Platform မှ တစ်ဆင့် ဒေါ်လာ သုံးသန်းထုတ်ရောင်းပေးခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်သည်။

မတ် ၂၉ ရက်တွင် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအတွက် ဗဟိုဘဏ်က ထုတ်ရောင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မတ် ၂၅ ရက်တွင် ဗဟိုဘဏ်ကနိုင်ငံခြား ငွေများထုတ်ရောင်းခဲ့ပြီး ယင်းသို့ရောင်းချခဲ့ရာတွင် ဒေါ်လာမပါဝင်ဘဲ တရုတ်ယွမ် ငါးသန်းနှင့် ထိုင်းဘတ် သန်း ၅၀ ရောင်းချခဲ့သည်။

မတ် ၁၅ ရက်က နိုင်ငံခြားငွေကြေးစျေးကွက်တွင် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအား Online Trade Platform မှတစ်ဆင့် ဒေါ်လာငါးသန်း၊ မတ် ၁၁ ရက်က နိုင်ငံခြားငွေကြေးစျေးကွက်တွင်  ထိုင်းဘတ် သန်း ၅၀ ရောင်းချထားသည်။

ဗဟိုဘဏ်အနေဖြင့် မတ် ၅ ရက်က နိုင်ငံခြားငွေကြေးစျေးကွက်တွင် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအား Online Trade Platform မှ တစ်ဆင့် တရုတ်ယွမ် ခုနစ်သန်းနှင့် ထိုင်းဘတ် ၁၂ သန်း၊ မတ်  ၄ ရက်က နိုင် ငံခြားငွေကြေးစျေးကွက်အတွင်း ဒေါ်လာ ၁၀ သန်းနှင့် ဘတ်သန်း၂၀၀၊ ဖေဖော်ဝါရီ ၂၇ ရက်က နိုင်ငံခြားငွေ ကြေးစျေးကွက်အတွင်း ဒေါ်လာ ၁၀ သန်း ထပ်မံရောင်းချခဲ့သည်။ ဖေဖော်ဝါရီ ၂၆ ရက်က နိုင်ငံခြားငွေ ကြေးစျေးကွက်တွင် ဒေါ်လာ ၈ သန်းနှင့် ထိုင်းဘတ် သန်း၂၀၀၊ ဖေဖော်ဝါရီ ၁၉ ရက်က နိုင်ငံခြားငွေကြေးစျေးကွက်တွင် ဒေါ်လာ ၈ သန်းနှင့် ထိုင်းဘတ်သန်း၂၀၀ ၊ ဖေဖော်ဝါရီ ၁၅ ရက်က ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးစျေးကွက်တွင် ဒေါ်လာ ၉ သန်းနှင့် ထိုင်းဘတ်သန်း၂၀၀၊ဖေဖော်ဝါရီ ၁၄ ရက်က ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးစျေးကွက်တွင် ဒေါ်လာ ၅ ဒသမ ၃၈ သန်း၊ ဖေဖော်ဝါရီ ၈ ရက်က ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေ ကြေးစျေးကွက်တွင် ဒေါ်လာ ၈ သန်း၊ ဖေဖော်ဝါရီ ၅ ရက်က နိုင်ငံခြားငွေကြေးစျေးကွက်တွင် ဒေါ်လာ ၁၁ သန်းနှင့် ထိုင်းဘတ် သန်း ၂၀၀  ဗဟိုဘဏ်က ထုတ်ရောင်းထား သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် Exporter နှင့် Importer တို့ စိတ်ကြိုက်စျေးဖြင့် ပြင်ပတွင် ရောင်းဝယ်ခြင်းကြောင့် ငွေလဲလှယ်နှုန်းများမြင့်တက်နေခြင်းနှင့် Importer များအနေဖြင့် စျေးကွက်တွင် ရောင်းချနိုင်သည့် ပမာဏကို မသိရှိနိုင်ခြင်းတို့ကြောင့် တရားဝင်ရောင်းချနိုင်မည့် Platform များကို Importer များမှ တောင်းဆိုခဲ့သဖြင့်လည်းကောင်း၊ စီးပွားရေးစနစ်အတွင်း နိုင်ငံခြားငွေဝယ်လိုအား (Demand)နှင့် ရောင်းလိုအား(Supply)မျှတမှုရှိစေရန်အတွက်လည်းကောင်း၊ Online Trade Platform အား ဗဟိုဘဏ်ဦးဆောင်မှုဖြင့်တည်ထောင်ခဲ့ပြီး စျေးကွက်၏လိုအပ်ချက်အရ အမေရိကန်ဒေါ်လာ၊ ထိုင်းဘတ်နှင့် တရုတ်ယွမ်တို့အား ဝင်ရောက်ရောင်းချပေးခြင်းကို ၂၀၂၃ ခုနှစ် ဇွန် ၂၂ ရက်မှစတင်ဆောင်ရွက်ခဲ့သည်။

 

 

Most Read

Most Recent