မတ် ၁၅ ရက်က ပြင်ပစျေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၄၁၈၀၀၀၀ ဝန်းကျင်ရှိနေ

မတ် ၁၅ ရက်က ပြင်ပစျေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၄၁၈၀၀၀၀ ဝန်းကျင်ရှိနေ
Published 15 March 2024

အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၄၁၈၀၀၀၀  ဝန်းကျင်ရှိနေကြောင်း သိရသည်။

၂၀၂၄ ခုနှစ် မတ်လ ၁၅ ရက်နံနက်က စျေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ၄၁၇၀၀၀၀ ဝန်းကျင်ဖြင့် စတင်ဖွင့်ခဲ့ပြီး မတ်လ ၁၅ ရက် နေ့လည်ပိုင်းတွင် တစ်ကျပ်သားလျှင် ၄၁၈၀၀၀၀ ဝန်းကျင်သို့ရောက် ရှိလာခြင်းဖြစ်သည်။

ဖေဖော်ဝါရီ ၂၈ ရက်တွင်  ပြင်ပစျေးကွက်၌ ပြည်တွင်းရွှေစျေး ကျပ် ၂၈၄၁၀၀၀  ဝန်းကျင်ရှိခဲ့သည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၄ ရက်တွင် ရန်ကုန်ရွှေအသင်းက တစ်ကျပ်သားလျှင် ကျပ်  ၂၂၈၅၅၀၀ ဝန်းကျင်ဖြင့် စျေးပိတ်ခဲ့ပြီး ပြင်ပစျေးကွက်၌ ပြည်တွင်းရွှေစျေး ကျပ် ၂၈၂၃၀၀၀ ဝန်းကျင်ရှိခဲ့သည်။

ပြီးခဲ့သည့်စက်တင်ဘာ ၁၀ ရက်တွင် အခေါက်ရွှေစျေးနှုန်းမှာ တစ်ကျပ်သားလျှင် ကျပ် ၃၁၁၀၀၀၀  ဝန်းကျင်ဖြင့် စတင်စျေးဖွင့်ခဲ့ပြီး ကျပ် ၃၁၃၀၀၀၀ ဝန်းကျင်ဖြင့် စျေးပိတ်ခဲ့ကာ အနိမ့်ဆုံး ကျပ် ၃၁၀၀၀၀၀ နှင့် အမြင့်ဆုံး ကျပ် ၃၁၃၀၀၀၀  ဝန်းကျင်ရှိခဲ့သည်။

စံချိန်တင်စျေးနှုန်းအနေဖြင့် သြဂုတ်၁၂ ရက်တွင် အခေါက်ရွှေစျေးနှုန်းမှာ တစ်ကျပ်သားလျှင် ကျပ် ၂၆ သိန်းသို့ ရောက်ရှိခဲ့ပြီး သြဂုတ် ၁၃ တစ်ရက်တည်းတွင် နံနက်ပိုင်း၌ ၂၇ သိန်း၊ နေ့လည်ပိုင်းတွင်၂၈ သိန်းကျော်အထိ စံချိန်တင်မြင့်တက်ခဲ့ပြီး သြဂုတ် ၃၁ ရက်က ၃၆၇၀၀၀၀ ထိ စံချိန်တင်မြင့်တက်ခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent