အမေရိကန်နှင့်ပွဲတွင် ရွန်နီ မိနစ်ပိုင်းသာ ပါဝင်ကစားဖွယ်ရှိ

အမေရိကန်နှင့်ပွဲတွင် ရွန်နီ မိနစ်ပိုင်းသာ ပါဝင်ကစားဖွယ်ရှိ
Published 13 November 2018

အင်္ဂလန်အသင်းနှင့် အမေရိကန်အသင်းတို့၏ ခြေစမ်းပွဲတွင် အင်္ဂလန်လက်ရွေးစင်အသင်း အတွက် နှုတ်ဆက်ပွဲအဖြစ် ပါဝင်ကစားမည့် တိုက်စစ်မှူး ရွန်နီသည် ပွဲချိန်ပြည့်ကစားဖွယ်မရှိကြောင်း သိရှိရသည်။

ရွန်နီသည် အင်္ဂလန်လက်ရွေးစင်အဖြစ်မှ အနားယူထားပြီးဖြစ်သော်လည်း မေဂျာလိဂ်တွင် ခြေစွမ်းပြနေသည့်အတွက် အင်္ဂလန်အသင်းအတွက် ပြန်လည်ခေါ်ယူသင့်သည် ဟု တောင်းဆိုမှုများလည်း ရှိနေသည်။

သို့သော် ရွန်နီက လက်ရွေးစင်အသင်းအတွက် ပြန်ကစား တော့မည်မဟုတ်ဟု အတည်ပြုခဲ့ပြီး ယခုနှုတ်ဆက်ပွဲအဖြစ် ပြန်ကစားခြင်းမှာ ၎င်းထူထောင်ထားသော ဖောင်ဒေးရှင်းအတွက် ရန်ပုံငွေရရှိရန်ဖြစ်ကြောင်း သိရှိရသည်။

ဗြိတိန်မီဒီယာများက ရွန်နီသည် ယင်းပွဲတွင် မိနစ်ပိုင်းသာ လူစားဝင်ကစားလိမ့်မည်ဟု ဖော်ပြနေကြသည်။

ရွန်နီသည် ပြီးခဲ့သည့်(၂)နှစ်က စကော့တလန်အသင်းအား (၃-၀)ဂိုးဖြင့်အနိုင်ရသည့်ပွဲတွင် နိုင်ငံလက်ရွေးစင်အသင်းအတွက် နောက်ဆုံးကစားခဲ့ပြီး လွန်ခဲ့သည့်(၁၅)လက လက်ရွေးစင်အသင်းမှ အနားယူကြောင်း ကြေညာခဲ့သည်။

■ ရွန်နီ၏ နိုင်ငံလက်ရွေးစင်ကစားသမားဘဝမှတ်တမ်း

ပွဲပေါင်း - ၁၁၉ ပွဲ

သွင်းဂိုး - ၅၃ ဂိုး

နိုင်ပွဲ - ၇၁ ပွဲ

သရေပွဲ - ၂၉ ပွဲ

ရှုံးပွဲ - ၁၉ ပွဲ

စံချိန် - အင်္ဂလန်အသင်း၏ဂိုးအများဆုံးကစားသမား

■ အင်္ဂလန်အသင်းလူစာရင်း

ဂိုး - ပစ်ဖို့ဒ်၊ ဘတ်လန်း၊ ဘတ်တင်နယ်လီ၊ မက္ကာသီ

နောက်တန်း - ဝေါ်လ်ကာ၊ စတုန်းစ်၊ ထရစ်ပီယာ၊ လုခ်ရှော၊ ဂျိုးဂိုးမက်ဇ်၊ အာ နိုးလ်၊ မိုက်ကယ်ကင်း၊ ဘင်ချီဝဲလ်၊ လူးဝစ်ဒန့်ခ်

အလယ်တန်း - ဟန်ဒါဆန်၊ ဒိုင်ယာ၊ အယ်လီ၊ ဘာကလေ၊ လင်ဂတ်၊ ဒဲ့လ်ဖ်၊ လော့ဖ်တပ်ချိခ်၊ ဟာရီဝင့်ခ်

ရှေ့တန်း - ရွန်နီ၊ စတာလင်၊ ဟာရီကိန်း၊ ရပ်ရှ်ဖို့ဒ်၊ ဆန်ချို၊ ဝီလ်ဆင်

 

 

 

Most Read

Most Recent