မန္တလေးမြို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ကျုံးဘေးရှိ သင်္ကြန်မုခ်ဦး ပြိုကျ

မန္တလေးမြို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ကျုံးဘေးရှိ သင်္ကြန်မုခ်ဦး ပြိုကျ
Published 8 April 2024

မန္တလေးမြို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ကျုံးဘေးရှိ သင်္ကြန်မုခ်ဦး ပြိုကျမှု ဧပြီ ၇ ရက် ည ၇ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ယခုနှစ်မန္တလေးသင်္ကြန်ပွဲတော်ကို ကျုံးပတ်လည်တွင် ရေကစားမဏ္ဍပ်များ၊ လမ်းလျှောက်သင်္ကြန်စသည်တို့ဖြင့် ကျင်းပမည်ဖြစ်ရာ မတ်လကုန်မှစတင်ပြီး မဏ္ဍပ်များ စတင်တည်ဆောက်နေကြခြင်းဖြစ်သည်။

ဧပြီ ၇ ရက် ည ၇ နာရီဝန်းကျင်က တိုက်ခဲ့သော လေပြင်းများကြောင့် မန္တလေးမြို့တွင်းရှိ သစ်ပင်အချို့မှ သစ်ကိုင်းများကျိုးကျခြင်း၊ ဆိုင်းဘုတ်များ ပြုတ်ကျခြင်းတို့လည်း ဖြစ်ပွားခဲ့သလို ကျုံးတောင်ဘက် ၂၆ လမ်းနှင့် ၇၃ လမ်းထောင့်ရှိ သင်္ကြန်မုခ်ဦးလည်း ပြိုကျခဲ့ကြောင်း သိရသည်။

“ပြိုကျတဲ့ သင်္ကြန်မုခ်ဦးကို ညတွင်းချင်းပဲ ပြင်ဆင်နေပါတယ်။ ခုမနက်ဆို အားလုံးပြီးစီးပါပြီ” ဟု မုခ်ဦးပြိုကျ ပျက်စီးမှုအား ပြင်ဆင်ဆောင်ရွက်နေမှုနှင့်ပတ်သက်ပြီး စည်ပင်သာယာရေးကော်မတီတာဝန်ရှိသူတစ်ဦးမှ ပြောကြားခဲ့သည်။

အဆိုပါမုခ်ဦးပြိုကျမှုကြောင့် လမ်းပေါ်တွင် သွားလာနေသည့် ကားနှစ်စီးနှင့် ဆိုင်ကယ်တစ်ချို့ ထိခိုက်ပျက်စီးခဲ့ကြောင်းလည်း သိရသည်။

Most Read

Most Recent