ရွှေဘိုနှင့် နတ်မောက်မြို့နယ်တို့တွင် ရဟန်းသံဃာ နှစ်ပါး သတ်ဖြတ်ခံရ

ရွှေဘိုနှင့် နတ်မောက်မြို့နယ်တို့တွင် ရဟန်းသံဃာ နှစ်ပါး သတ်ဖြတ်ခံရ
Published 2 April 2024

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တို့တွင် ရဟန်းသံဃာတော် နှစ်ပါး သတ်ဖြတ်ခံရကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

မတ် ၂၈ ရက် နံနက် ၈ နာရီခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ် မြိုက်ကျေးရွာရှိ ဘုန်းကြီးကျောင်း၌ သီတင်းသုံးနေသည့် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဥက္ကဋ္ဌ သက်တော် (၄၇)နှစ်၊ ဝါတော် (၂၅)ဝါအား PDF များက ဒလန်ဟုစွပ်စွဲကာ ဓားဖြင့် ထိုးခုတ်သတ်ဖြတ်ခဲ့ခြင်းကြောင့် ခန္ဓာကိုယ်အပေါ်ပိုင်း ပြတ်ရှထိုးသွင်း ဒဏ်ရာများဖြင့် ပျံလွန်တော်မူခဲ့ကြောင်း နစကမှ ထုတ်ပြန်သည်။

ထို့အတူ မတ် ၂၉ ရက် မွန်းလွဲ ၂ နာရီခန့်တွင် မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် မြင်းတဲကြီးကျေးရွာအနီးရှိ မှန်ခြေရင်းတောင် တောရကျောင်း၌ တစ်ပါးတည်း သီတင်းသုံးနေထိုင်သည့် ဆရာတော် ဘဒ္ဒန္တ ပညာစာရ သက်တော် (၅၅)နှစ် ဝါတော် (၁၀)အား PDF များက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး မြင်းတဲကြီးကျေးရွာအနီးလမ်းပေါ်၌ တပ်မတော်ယူနီဖောင်း အကျႌနှင့် ရဲတပ်ဖွဲ့ယူနီဖောင်း ဘောင်းဘီတို့အား ဝတ်ဆင်စေကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် ပျံလွန်တော်မူခဲ့ကြောင်း နစကမှ ထုတ်ပြန်သည်။

Most Read

Most Recent