■ လိုတိုရှင်းစီးပွားရေးသုတ (၄၆ မှ ၅၀)

■ လိုတိုရှင်းစီးပွားရေးသုတ (၄၆ မှ ၅၀)
Published 24 March 2024
စောနိုင်(အသုံးချ ဘောဂဗေဒ)

လိုတိုရှင်း စီးပွားရေးသုတ(၄၆)

နှိုင်းယှဉ် အားသာမှု   ( comparative advantage)  

နှိုင်းယှဉ်အားသာမှုသည်နှိုင်းယှဉ်  အကျိုးကျေးဇူးသဘောဖြစ်သည်။ ထိုအိုင်ဒီယာကို ၁၈၇၁ ခုနှစ် က တည်းက ဖော်ထုတ်ခဲ့သော်လည်း ယနေ့အချိန်ကာလထိ  နိုင်ငံတကာကုန်သွယ်မှုနယ်ပယ်တွင် သြဇာ ကြီးမားလျက်ရှိနေသည်။ ထိုသီအိုရီအရ ကုန်သွယ်မှုမှရရှိလာနိုင်သည့် အကျိုး ကျေးဇူး များကို  နိုင်ငံ၏ အကြွင်းမဲ့အားသာမှု(   ပကတိအကျိုးကျေးဇူ)  မှ   တွက်ချက်မယူဘဲ  နှိုင်းယှဉ်အားသားမှု ( နှိုင်းယှဉ် အကျိုး ကျေးဇူး)   အခြေ အနေမှ သာ တွက်ချက်ရယူခြင်းဖြစ်သည်။        

ထို့ကြောင့် နှိုင်းယှဉ်အားသာမှု နိုင်ငံတကာကုန်သွယ်မှုနယ်ပယ်၌ အရေး ပါသော အိုင်ဒီယာ တစ်ခု ဖြစ်သည်ဟုဆိုခြင်းဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် နိုင်ငံတစ်နိုင်ငံ အတွင်းရှိ ထုတ်လုပ် နေသည့် ကုန်စည် များ၏  ကုန်ကျစရိတ်များကို    နှိုင်းယှဉ်စဉ်းစားတွက်ချက်ရသောကြောင့် ဖြစ်သည်။ ဥပမာ အမေရိကန် နိုင်ငံသည်  မော်တော်ကားနှင့် ကွန်ပျူတာ ကုန်ပစ္စည်းနှစ်မျိုးစလုံး ကို     ပြင်သစ် နိုင်ငံထက်  ပိုမို ကုန်ကျ စရိတ်သက်သာစွာဖြင့် ထုတ်လုပ်မှုရှိနေစဉ်  ပိုမို အကျိုးအမြတ် ပိုမိုရစေ ရန် “ထို ကုန်စည်နှစ်မျိုးထဲမှ  မည်သည့် ကုန် ပစ္စည်းကို  ထုတ်လုပ် တင်ပို့ရမည်နည်း ဆိုသည့် အချက် နှင့် ပတ်သက်၍  စဉ်းစားရန်ရှိသည်ဆိုပါစို့။        အမေရိကန် နိုင်ငံ သည်  အဆိုပါကုန်စည်  နှစ်မျိုး၏ ကုန်ကျ စရိတ်များကို နှိုင်းယှဉ် ၍   စရိတ်ပိုမိုသက်သာသော ကုန်စည်ကို ထုတ် လုပ် တင်ပို့ရန် ရွေးချယ် နိုင်သည်။ ထိုအခြေ အနေ သည်  အမေရိကန်အတွက် အကောင်းဆုံး ရွေးချယ်မှုဟု ဆိုရပေ လိမ့်မည်။  

အကယ်၍  အမေရိကန်သည် မော်တော်ကားနှင့်ကွန်ပျူတာ ကုန်စည်နှစ်မျိုးအနက် မော်တော် ကား ထက် ကွန်ပျူတာကို  ပိုမိုသက်သာစွာ ထုတ်လုပ်နိုင်သည်ဆိုပါစို့။  ကွန်ပျူတာများကို ပိုမို ထုတ်လုပ် လျက်  ပြင်သစ်နိုင်ငံထုတ် မော်တော်ကားများဖြင့် ကုန်သွယ်လဲလှယ် ကြလိမ့်မည်။ ထို့အခြေအနေတွင်  အမေရိကန် နှင့်ပြင်သစ် နှစ်နိုင် ငံစလုံး၌  ကုန်ထုတ်လုပ်မှုနှင့်   စားသုံးမှု မြင့်တက်လာ ပေ လိမ့် မည်။   နိုင်ငံ တစ်နိုင်ငံချင်း သည် နှိုင်းယှဉ်အားသာမှုရှိသည့်ကုန်စည်များကို ဇောက်ချထုတ်လုပ်၍ ကုန် သွယ် မှု ပြုလုပ်ခြင်းအားဖြင့်   နိုင်ငံတကာ ကုန်သွယ်မှုမှ   အကျိုး ကျေးဇူး များစွာရရှိနိုင်မည်ဖြစ်သည်။

ဝေါဟာရများ

နှိုင်းယှဉ်အားသာမှု (နှိုင်းယှဉ်အကျိုးကျေးဇူး)=  comparative advantage  

အကြွင်းမဲ့အားသာမှု(   ပကတိအကျိုးကျေးဇူး)  =   absolute advantage    

အကောင်းဆုံးရွေးချယ်မှု =  best option      

ဇောက်ချလုပ်ကိုင်ခြင်း= specialization   

နိုင်ငံတကာကုန်သွယ်ရေး = international trade   

 လိုတိုရှင်း စီးပွားရေးသုတ(၄၇)

ပြန်လည်ခွဲဝေခြင်း  ( Redistribution)   

 ပြန်လည်ခွဲဝေခြင်း ဆိုသည်မှာ   နိုင်ငံတွင်းရှိ  လူအုပ်စု တစ်စု မှ ဝင် ငွေ များကို အခြားလူအုပ်စု တစ်စုသို့   ရွှေ့ပြောင်းမှုပြုလုပ်ရန်အစိုးရက  စီးပွားရေး အဆောက် အအုံထဲသို့ ဝင် ရောက်၍ စွက်ဖက် မှု ပြုလုပ်ခြင်းဖြစ်သည်။ ထိုသို့ ပြန်လည်ခွဲဝေ ပေးခြင်းသည် လူချမ်း သာများ ထက်  လူဆင်း ရဲများကို   ပိုမိုအကျိုး စေသည်ဟု ယုံကြည် ကြ သည်။ ထိုသို့ ပြုလုပ် သူများကို ခေတ်သစ်ရော်ဘင်ဟု ( Robin Hood) များဟု တင်စားခေါ်ဝေါ်လေ့ရှိကြသည်။ ရော်ဘင်ဟုဒ် ဆိုသည် မှာ ၁၉ ရာစု အစပိုင်း အင်္ဂလန်ရိုးရာ ပုံပြင် များတွင် ထင်ရှားကျော်ကြား ခဲ့သည့် ဇာတ် ကောင်ဖြစ်သည်။ အဆိုပါဇာတ်ကောင် သည် လူချမ်း သာ များထံမှ စည်းစိမ်ဥစ္စာများကို ဓမြတိုက်ယူ၍ ဆင်း ရဲသား များထံ ပြန် လည် ဖြန့်ဝေ ပေး သော လေး သမား၊ ဓားသမား တစ်ဦးဖြစ်သည်။ 

          ချမ်းသာသောလူများကို အခွန်ပိုမိုကောက်ခံပြီး ဆင်းရဲသား များကို နည်း လမ်း အမျိုး မျိုး ဖြင့် ပြန်လည် ခွဲဝေပေးခြင်းသည်   နှုန်းတိုးခွန် ကောက် ခံခြင်း နှင့် ဆက်စပ်မှုရှိသည် ဟုဆို  သည်။    နားလည် အလွယ် ဆုံး ဥပမာ ပေးရလျှင် ဝင်ငွေခွန် ကို ညွှန်ပြနိုင် သည်။ ချမ်းသာသောသူများ သည် မြင့်မား သော အခွန် များ ပေး ဆောင်ရပြီ: ထိုငွေများ ကို ဆင်းရဲသောသူများကို လူမှုဖူလုံ သက်သာ ရေး အကျိုး ခံစားခွင့် အစီအစဉ်  ပုံစံဖြင့် ပြန် လည်ပေးဝေခြင်းဖြစ်သည်။ 

      ကော်ပိုရေးရှင်းခွန် သို့မဟုတ်  လုပ်ငန်းခွန်မှာလည်းနောက်ထပ်ဥပမာ တစ် ခုဖြစ် နိုင်သည်။ အစိုးရ များသည် အများပြည်သူလူဖူလုံရေးအစီအစဉ်များအတွက်  ရန်ပုံ ငွေ ထူထောင်နိုင်ရန်အတွက် စီးပွား ရေးလုပ်ငန်းများထံမှ ကော်ပိုရေးရှင်းခွန်ကို ကောက်ခံကြရသည်။ပြန် လည်ခွဲ ဝေဖြန့် ဖြူး ခြင်း သဘော တရား ကို ထောက် ခံသူ များက ထိုသဘောတရားသည် စီးပွားရေး စနစ် ကြီ: တစ်ရပ် လုံးတွင် မညီမျှလျော့နည်းသွား စေရေးအတွက် အထောက် အကူပြုနိုင်သည်ဟုဆိုကြသည်။ 

ဝေါဟာရများ

ပြန်လည်ခွဲဝေခြင်း = redistribution   

လူဆင်းရဲများ= the poor 

လူချမ်းသာများ = the rich   

နှုန်းတိုးခွန်  =  progressive tax  

ဝင်ငွေခွန်=income tax

လူမှုဖူလုံ သက်သာ ရေးအစီအစဉ် = welfare programs  

ကော်ပိုရေးရှင်းခွန်  = corporation tax   



လိုတိုရှင်း စီးပွားရေးသုတ(၄၈)

ဆိုရှယ်ဒီမိုကရေစီ ( Social Democracy)   

            ဆိုရှယ်ဒီမိုကရေစီ ဆိုသည်မှာနိုင်ငံရေးနှင့် စီ:ပွားရေးနယ်ပယ်နှစ်ရပ်စလုံးနှင့်သက်ဆိုင်သော အိုင်ဒီယာ  ဖြစ်သည်။ ဆိုရှယ်လစ်အယူအဆနှင့် လွတ်လပ်သောစျေးကွက်အယူအဆ နှစ်ခုကြားတွင်    အစွန်း မရောက် သည့် အလယ်အလတ်ကျသော အယူအဆ ကို ပံပိုးပေးသည်။ဆိုရှယ်ဒီမိုကရေစီဝါဒ၏ ရည်ရွယ် ချက် မှာ ပို၍ တရားမျှတသော၊ပို၍ ညီမျှသော အခြေအနေရှိသည့် အရင်းရှင်ဝါဒ ဖြစ်လာ စေ ရန်ဦးတည် သည်။  ထိုဖြစ်စဉ် သည် “ပြုပြင်ပြောင်း လဲမှု” တစ်ရပ်ဖြစ် ပြီး “တော်လှန်ရေး”သဘော မဆောင်ပေ။

စီးပွားရေးသဘောတရားအယူအဆအရဆိုရလျှင်  ထိုအခြေအနေမျိုးများသည် ဥရော ပ ဒေသ တစ်ခွင် တွင်ဖြစ်ပေါ်ခဲ့သော လူထုဖူလုံသက်သာရေးကိုဦးစားပေးသည့်ပြည်တော် သာနိုင်ငံများ ၊  အမေရိကန် နိုင်ငံ တွင်လုပ်ဆောင်ခဲ့သော  လူထုသက်သာချောင်ချိရေး အစီအစဉ်များနှင့်  ဆက်စပ် သည်။ ထိုစနစ်သည် ဆိုရှယ် လစ်စနစ်နှင့်မတူညီပေ။ဆိုရှယ် ဒီမိုကရက် တစ်စနစ်တွင် ထုတ်လုပ်မှုဆိုင် ရာပုဂ္ဂလိက ပိုင်ဆိုင် မှု များ အတွက် စိန်ခေါ်မှုများ မရှိ ပေ။  စည်း ကမ်းများ၊ဥပဒေများ နှင့် အလုပ် သမား အခွင့် အရေး တို့သည် ထိုစနစ် တွင် အဓိက ဦး စားပေး ကိစ္စများ ဖြစ်သည်။

ချမ်းသာကြွယ်ဝသူများထံမှ ဆင်းရဲသားများထံသို့ ဥစ္စာဓနခွဲဝေပေးနိုင်ရန် နှုန်းတိုး ခွန်ကောက် ခံခြင်းမှာထိုစနစ်၏အရေးကြီ:သောလုပ်ဆောင်ချက်ဖြစ်သည်။ ထိုအခွန်မျိုးသည်    နိုင်ငံတွင်း ရှိပြည်သူလူထု  လိုအပ်သည့် လူမှုဖူလုံရေးလုပ်ငန်းများတွင် သုံးစွဲရန်   အစိုးရ၏ရငွေဇစ်မြစ် လည်းဖြစ်သည်။ ဆိုရှယ် ဒီမို ကရေစီအယူဝါဒသည်  နိုင်ငံတော်ကို လုပ်ပိုင်ခွင့်အာဏာပေးလွန်း သည်ဟုလက်ယာဝါဒသမား များက ဝေဖန် သည်။ လက်ဝဲဝါဒီများ ကလည်းပြုပြင်ပြောင်းလဲမှုများ လိုအပ်နေသေးသည်ဟုဝေဖန်မှုများရှိကြ သည်။

ဝေါဟာရများ

         ဆိုရှယ်ဒီမိုကရေစီ =  social democracy    

ပြည်တော် သာနိုင်ငံများ  = welfare states     

လူထုသက်သာချောင်ချိရေ;    =  pubic welfare            

အလုပ်သမားအခွင့်အရေး   =  labour rights  

အစိုးရ၏ရငွေ =  government’s revenue    

လိုတိုရှင်း စီးပွားရေးသုတ(၄၉)

မှီခိုမှုသီအိုရီ  ( Dependency Theory ) 

   ဆင်းရဲနွမ်းပါးသောတိုင်းပြည်များ၊ ဖွံ့ဖြိုးမှုနောက် ကျနေသောနိုင်ငံများမှချမ်းသာ ကြွယ်ဝ သောတို င်းပြည်များဆီသို့ အရင်းအမြစ်များစီးဆင်းလျက် ဖွံဖြိုးပြီးတိုင်း ပြည် များ သည်    ဖွံဖြိုးပြီးရင်း   ဖွံ့ဖြိုး တိုး တက် ၍ ဆက်လက် ကြွယ်ဝလာသည့်ဟူသော  အယူအဆကို မှီခိုမှု သီအိုရီ တွင်တွေ့နိုင်သည်။  ထို့ကြောင့် ဆင်းရဲသော တိုင်းပြည်များနှင့် ချမ်းသာသော နိုင်ငံများကြားစီ:ပွားရေးဆိုင် ရာ ဆက် ဆံမှု များ သည် ဖွံဖြိုး တိုးတက်မှု အခွင့် အလမ်းများကို ပိတ်ဆို့လျက်ရှိသည်ဟု  မှီခိုမှု သီအိုရီ  က ဖော်ပြနေသည်။ 

  ၁၉၅၀၊၁၉၆ဝပြည့်နှစ် ဝန်းကျင်က လက်တင်အမေရိကနိုင်ငံများသည် စက်မှု ထူထောင် ရေး လို အပ်ချက်များ ကိုနားလည်သဘောပေါက်လာစေရန်   အားထုတ်ရင်း   မှီခိုမှုသီအိုရီသည် ပို၍ ရေပန်းစားလာခဲ့ သည်။ ချမ်းသာ သော တိုင်းပြည်များ၏ ရာစုနှစ်ချီသော ခေါင်းပုံဖြတ်အမြတ်ထုတ်မှုများသည်  ဖွံဖြိုး ဆဲနိုင်ငံများအနေဖြင့် ဖွံ့ဖြိုးပြီးချမ်းသာကြွယ်ဝသည့်တိုင်းပြည်များအပေါ်     မဖြစ်မနေ မှီခိုရသည့် အခြေအ နေသို့ရောက်ရှိစေရန် တွန်းပို့သကဲ့သို့ဖြစ်ခဲ့သည်ဟုဆိုသည်။   ထုတ်လုပ် မှုများ၊ ကူးသန်းရောင်းဝယ် မှုများတွင်   အကျိုးအမြတ် အားလုံး ကို  ချမ်းသာ သော တိုင်း ပြည် များနှင့် ထိုတိုင်းပြည်များမှ ကုမ္ပဏီကြီး များ၊ ကော်ပိုရေးရှင်းကြီ: များ ကသာ ပြု လုပ်နိုင် ကြ သည့် အနေ အထား မျိုးဖြစ်သည်။ ဆင်းရဲသော နိုင်ငံ များ မှာမူစျေးပေါသောလုပ်အားနှင့် ကုန်ကြမ်းပစ္စည်းများ တင်ပို့သူ များ အဖြစ်သာ နိုင်ငံတကာ စီ:ပွားရေး အသိုက်အဝန်းထဲသို့  ပေါင်းစည်းခဲ့ကြရသည်။ 

ကမ္ဘာ့စီးပွားရေးစနစ်ကြီ: အတွင်း အစွန် အဖျားအခြေအနေတွင်ရှိသော ဆင်းရဲသော နိုင်ငံများ မှာ ဆင်းရဲနွမ်းပါးမှုနှင့် မညီမျှမှု ကို အမြဲမပြတ်ကြုံတွေ့ရမည့် အခြေအနေဆီကိုသာ   ဦ:တည်နေ လျက်ရှိ နေ သည်။ ကုန်သွယ်မှုတွင် အကောက် အခွန်များ ဖယ်ရှားခြင်းမှသည်   လှုမှုတော်လှန် ရေး ဆင်နွဲခြင်းအထိ  အခြေခံ ကျသော ပြုပြင်ပြောင်း လဲမှုများလုပ်ဆောင်၍ ချိုးဖောက် ထွက်ခြင်းဖြင့်သာ ဖွံဖြိုးတိုးတက်မှု လမ်းကြောင်းပေါ်သို့ရောက်ရှိနိုင်မည်ဖြစ်သည်။    

 ဝေါဟာရများ

မှီခိုမှု သီအိုရီ =  dependency theory    

စက်မှု ထူထောင် ရေး =   industrialization  

ဆင်းရဲနွမ်းပါးမှု=poverty 

  မညီမျှမှု = inequality    

 ဖွံ့ဖြိုးတိုးတက်မှု= development

လိုတိုရှင်း စီးပွားရေးသုတ(၅၀)

 ကျစ်လစ်သောထုတ်လုပ်မှု   ( Lean Production )

ကျစ်လစ်သောထုတ်လုပ်မှု( Lean Production)ဆိုသည်မှာ   ထုတ်လုပ်မှုဖြစ်စဉ်တွင် လေလွင့် ပြုန်း တီး မှုများအားလုံးလျော့ပါး၊ဖယ်ရှားနိုင်စေရန်ရှာဖွေလုပ်ဆောင်သည့်ချဉ်းကပ်မှုတစ်ခုဖြစ်သည်။ဂျပန်နိုင်ငံ ၊ တိုယိုတာ ကုမ္ပဏီက စတင်အသုံးပြုခဲ့သောကြောင့်  တိုယိုတစ်ဇင်(  Toyotism) ဟုလည်း  လူသိများ သည်။  ၂၀ ရာစုနှောင်း ပိုင်း ကာလများက ဂျပန်နိုင်ငံ၏စီးပွားရေး အောင်မြင်မှု များ နောက် ကွယ်တွင်    တိုယို တစ်ဇင်   ရှိနေ သည်ဟုဆိုကြသည်။    

 ထုတ်လုပ်မှုများတွင်တွေ့ရသောအဓိကပြဿနာတစ်ရပ်(၃) ရပ်မှာ လက်ကျန်အပို အလျံများ ကိုင်ထား ခြင်း ၊ အလုပ်သမားအပြောင်းအရွေ့  အလွန်အမင်းဖြစ်နေခြင်းနှင့် ထုတ်လုပ် မှုဖြစ်စဉ် နှေးကွေးမှု များ ဖြစ်ခြင်း တို့ ဖြစ်သည်ဟု ပညာရှင်များ ထောက်ပြ ပြော ဆိုလေ့ရှိကြသည်။  ထုတ်ကုန်ပ စ္စည်များ ရွှေ့ ပြောင်း မှုများပြား ခြင်း၊  ထုတ်လုပ်မှုပိုလျှံနေခြင်း၊ ထုတ်လုပ်မှုဖြစ်စဉ် လွန်ကဲခြင်း နှင့် ချို့ယွင်းချက် များဖြစ် ပေါ်နေ ခြင်း သည်   ပြုန်းတီးမှု နှင့် ကုန်ကျစရိတ် များကို ပိုမိုမြင့်မား လာစေ သည်။ 

 ဂျေအိုင်တီ(Just-in-time-  JIT )ဟုခေါ်သည့်  အချိန်ကိုက်ထုတ်လုပ်ခြင်း   သည် ပစ္စည်း အစိတ် အပိုင်း များ နှင့် ထုတ်ကုန်များကို လိုအပ်သော အချိန်တွင်၊ လိုအပ် သော နေရာများသို့  အချိန်ကိုက် ပေးပို့သည့် အယူ အဆ ဖြစ်သည်။ ထိုအယူအဆသည်လည်း အလေ့အလွင့်နှင့်  ပြုန်းတီမှု များ ကို လျော့ ကျစေသည့် အတွက် သည်   လူကြိုက်များသည့် အိုင်ဒီယာတစ်ခုဖြစ်သည်။အလိုအလျောက် စက်ကရိယာ များ အသုံး ပြုခြင်း၊   အဆင့်မြင့်နည်းပညာအသုံးပြုခြင်းတို့သည်လည်း အားနည်းချက်များ အပြစ်အနာ အဆာများ ကို လျော့ကျ စေ သည်။ ထုတ်လုပ်မှုဖြစ်စဉ် လမ်းကြောင်းတစ်လျောက် ထုတ်လုပ်နိုင်စွမ်း  တိုး မြှင့် စေသည်။  ထိုမှတဆင့်   ထုတ်လုပ်မှု ကုန်ကျစရိတ်ကို လျော့ချနိုင်ပေသည်။ 

 ဝေါဟာရများ

ကျစ်လစ်သောထုတ်လုပ်မှု =    lean production   

လက်ကျန်အပို အလျှံများ ကိုင်ထား ခြင်း = excessive inventory holding           

ပြုန်းတီးမှု = waste  

ကုန်ကျစရိတ်  =   cost      

ထုတ်လုပ်နိုင်စွမ်း  =productivity   

Most Read

Most Recent