ကင်ဆာရောဂါလက္ခဏာ ၁၅ ခု 

ကင်ဆာရောဂါလက္ခဏာ ၁၅ ခု 
Published 10 March 2024
ဒေါက်တာလွင်သန့်

ရောဂါတစ်ခုမဖြစ်ခင်မှာ ရှေ့ပြေးလက္ခဏာတွေပေါ်လာတတ်ပေမဲ့ အများစုက သတိမမူမိတတ်ကြပါဘူး။ ပေါ့ပေါ့ကန်တန်သဘောထားပြီး စမ်းသပ်စစ်ဆေးမှုတွေခံယူဖို့ နှောင့်နှေးတတ်ပါတယ်။ အောက်ပါလက္ခဏာရပ်တွေက ကင်ဆာရောဂါရဲ့ သတိပေးလက္ခဏာတွေ ဖြစ်နိုင်ပါတယ်။



         (၁) ရုတ်တရက်ကိုယ်အလေးချိန်ကျခြင်း ဖြစ်နိုင်ပါတယ်။ မိန်းကလေးအများစုက အလေးချိန်လျော့နည်းသွားတာကို သဘောကျတတ်ကြပါတယ်။ လေ့ကျင့်ခန်းမလုပ်ဘဲ၊ အစားအသောက်လျော့စားတာမျိုးမရှိပါဘဲ တစ်လအတွင်း ကိုယ်အလေးချိန် ၁၀ ပေါင်လောက်ရုတ်တရက်ကျသွားတဲ့အခါ စစ်ကြည့်ဖို့လိုအပ်ပါတယ်။ရုတ်တရက်ကိုယ်အလေးချိန်ကျဆင်းတာက ကင်ဆာရောဂါနဲ့ ဆက်စပ်မှုရှိသလို အခြားအကြောင်းဖြစ်တဲ့ သိုင်းရွိုက် (Thyroid glands) ဂလင်းရဲ့လုပ်ဆောင်မှုတွေမှာနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဆရာဝန်ကို ပြသသင့်ပါတယ်။ ဆရာဝန်က သိုင်းရွိုက်ဂလင်းနဲ့ ပတ်သက်တဲ့စစ်ဆေးမှုတွေ၊ ခန္ဓာကိုယ်ရဲ့ အခြားအင်္ဂါအစိတ်အပိုင်းတွေကို စီတီ(CAT, scan) ရိုက်ပြီး သွေးစစ်ပြီး စစ်ဆေးတာတွေ ပြုလုပ်ပေးနိုင်ပါတယ်။

         (၂) အသားအရေပြောင်းလဲခြင်း ဖြစ်တတ်ပါတယ်။ အများစုက အရေပြားကင်ဆာရောဂါကို ကြိုတင်သိမြင်နိုင်ဖို့ အရေပြားမှာ ရှိတဲ့မှဲ့တွေ့ရဲ့ပြောင်းလဲမှုကို ကြည်ရူစစ်ဆေးရမယ်ဆိုတာ သိထားကြပါတယ်။ မှဲ့တွေတင်မကဘဲ အရေပြားအရောင်ပြောင်းလဲမှု၊ အရေပြားကေ သွးထွက်တာ၊ အရေပြားကွာကျမှုများတာတွေလည် းကြည့်ရူစစ်ဆေးဖို့လိုအပ်ပါတယ်။ အချိန်ကြာကြာစောင့်မနေဘဲ အရေပြားအထူးဆရာဝန်နဲ ့ပြသစစ်ဆေးသင့်ပါတယ်။

         (၃) ရင်သားပြောင်းလဲခြင်း ဖြစ်နိုင်ပါတယ်။ အမျိုးသမီးအများစုက ရင်သားကိုကိုယ်တိုင်စမ်းသပ်မှုတွေပြုလုပ်တတ်ကြပါတယ်။ ရင်သားမှာ တစ်ခုခုထူးခြားတိုင်း ကင်ဆာရဲ့လက္ခဏာလို့တော့ ပြောလို့မရပါဘူး။ ရင်သားတစ်ဝိုက်မှာရှိတဲ့ အရေပြားနီရဲကာ ထူလာတာတွေက ကင်ဆာရဲ့လက္ခဏာတစ်ရပ်ဖြစ်ဖို့ အလွန်ခဲယဉ်းပေမဲ့ ပြောင်းလဲမှုတစ်စုံတစ်ရာရှိလာတဲ့အခါ ဆရာဝန်နဲ့ပြသပြီး စစ်ဆေးမှုခံယူတာက အကောင်းဆုံးပါပဲ။ အဖု၊ အကျိတ်စတဲ့ပြောင်းလဲမှုတစ်စုံတစ်ရာကို ကိုယ်သတိထားမိခဲ့ရင်လည်း ဆရာဝန်နဲ့စစ်ဆေးပြသရပါတယ်။ ရင်သားမှာ ပြောင်းလဲမှုတစ်စုံတစ်ရာကြောင့် ဆရာဝန်က ကိုယ့်ရဲ့ရောဂါရာဇဝင်ကို မေးမြန်းကာ ရင်သားစစ်ဆေးကာ လိုအပ်တဲ့စမ်းသပ်စစ်ဆေးမှုတွေပြုလုပ်တာတွေကို ဆောင်ရွက်နိုင်ပါလိမ့်မယ်။

            (၄) မျိုရခက်ခြင်းဖြစ်နိုင်ပါတယ်။ အစားအသောက်စားရာမှာ ကိုယ့်အနေနဲ့မျိုရခက်ခဲနေသလား။ အစားအစာတွေ အစားအရည်ပြောင်းစားပေမဲ့ မျိုရခက်ခဲတာ မသက်မသာဘဲ ဖြစ်နေသလား။ အစာအိမ်ကင်ဆာရဲ့လက္ခဏာတစ်ရပ်တစ်ခုဖြစ်တာကြောင့် ဆရာဝန်နဲ့ပြသတိုင်ပင်ဖို့ လိုအပ်လာပါတယ်။

         (၅)  လေပွခြင်းဖြစ်နိုင်ပါတယ်။ လေပွတာက အများစုမှာ ဖြစ်လေ့ဖြစ်ထရှိတတ်ပါတယ်။ ဒါပေမဲ့ သားဥအိမ်ကင်ဆာမှာလည်း အခြားလက္ခဏာတွေအနေနဲ့ဝမ်းဗိုက်နာကျင်တာ၊ အစာနည်းနည်းပဲစားပြီး ပြည့်အင်နေတာ၊ ဆီးသွားချင်တာနဲ့ ထွက်ကျတာကြောင့်အိမ်သာကိုအပြေးသွားရတာတွေပါဖြစ်နိုင်ပါတယ်။ လေပွတာကိုနေ့စဉ်ခံစားနေရပြီး ရက်သတ္တပတ်အနည်းငယ်အထိ ခံစားနေရတယ်ဆိုရင်ဆရာဝန်နဲ့ပြသတိုင်ပင်သင့်ပါတယ်။

         (၆)  ဆီး၊ ဝမ်းမှာ သွေးပါခြင်းဖြစ်နိုင်ပါတယ်။ ဆီးသွားတဲ့အခါ ဆီးထဲမှာ သွေးပါတာ၊ ဝမ်းသွားတဲ့အခါ ဝမ်းထဲမှာသွေးပါတာတွေက အူမကြီးကင်ဆာရဲ့လက္ခဏာတစ်ရပ်ဖြစ်နိုင်ပါတယ်။ အမျိုးသမီးတွေအနေနဲ့ကတော့ မိန်းမကိုယ်ကဆင်းတဲ့ရာသီသွေးနဲ့ခွဲခြား သိဖို့ လိုအပ်ပါတယ်။ ဆရာဝန်ဆီပြသပြီး စစ်ဆေးမှုခံယူသင့်ပါတယ်။ ဆီးအိတ်ကင်ဆာ၊ ကျောက်ကပ်ကင်ဆာတွေ ဟုတ်မဟုတ်ပါ စစ်ဆေးပေးနိုင်ပါတယ်။

           (၇) ရာသီလာရက်မဟုတ်ဘဲ သွေးဆုံးခြင်းဖြစ်နိုင်ပါတယ်။ သွေးမဆုံးခင် အမျိုးသမီးတွေအနေနဲ့ ရာသီလာချိန်မတိုင်ခင် သွေးဆင်းတာဖြစ်တတ်ကြပေမဲ့ သွေးဆုံးပြီး အမျိုးသမီးတွေ ရာသီသွေးပြန်ဆင်းတယ်ဆိုရင်တော့ သတိထားဖို့လိုအပ်ပါတယ်။ အစာအိမ်ကင်ဆာရဲ့ အစောဆုံးလက္ခဏာတစ်ရပ်ဖြစ်နိုင်တာကြောင့်သားဖွားမီးယမ်ပါရဂူနဲ့ပြသတိုင်ပင်ဖို့လိုပါတယ်။ သားအိမ်ခေါင်းဝအကျိချွဲမြှေး (Pap smears) ယူကြည့်လို့ အိပ်ပီဗွီ(Hpv-Human papilloma virus) (သို့မဟုတ်)ကင်ဆာဆဲရှိရင်သားအိမ်ခေါင်ကင်ဆာ ဖြစ်နိုင်တာကြောင့် ကုသမှုပေးပါလိမ့်မယ်။ (HPV) မရှိရင်သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး နှစ်လုံးတစ်လခြားပြီး ထိုးနှံစေကာ သားအိမ်ခေါင်ကင်ဆာမှ ကာကွယ်စေမှာ ဖြစ်ပါတယ်။

         (၈) ပါးစပ်အတွင်း‌ ပြောင်းလဲခြင်းဖြစ်နိုင်ပါတယ်။ ဆေးလိပ်သောက်သူတွေရဲ့ခံတွင်းမှာ အဖြူရောင်အဖတ်လေးတွေ၊ လျှာပေါ်မှာ အဖြူရောင်အစက်အပြောက်တွေတွေ့ရှိပါက သတိပေးလက္ခဏာရပ်ဖြစ်နိုင်ပါတယ်။ ဒါတွေက ခံတွင်းကင်ဆာရဲ ့ရှေ့ပြေးလက္ခဏာရပ်တွေဖြစ်နိုင်တာကြောင့်ဖြစ်ပါတယ်။

           (၉) ချောင်းဆိုးရက်ကြာရှည်နေခြင်းဖြစ်တတ်ပါတယ်။ တုပ်ကွေး၊ အအေးမိတာ၊ ကိုဗစ်-၁၉ ကူးစက်တာဓာတ်မတည့်တာနဲ့ နောက်ဆက်တွဲအဖြစ် ချောင်းဆိုးကျန်ခဲ့နိုင်ပါတယ်။ ဒါပေမဲ့ ချောင်းဆိုးတာက (၃-၄) ပတ်ကြာတဲ့တိုင်ချောင်းဆိုးနေရင်တော့ ဆရာဝန်နဲ့ပြသစစ်ဆေးဖို့လိုအပ်ပါတယ်။ ဆရာဝန်က ရင်ဘက်ဓာတ်မှန် (CXR) ရိုက်ခြင်း၊ သလိပ် သုံးရက်ဆက်စစ်ဆေးခြင်းနဲ့ အဆုတ်ကင်ဆာ/တီဘီခွဲခြားမှာ ဖြစ်ပါတယ်။

           (၁၀)  အစာမကြေခြင်းဖြစ်နိုင်ပါတယ်။ အမျိုးသမီးအများစုက ကိုယ်ဝန်ဆောင်ခါစမှာ အစာမကြေတာ၊ ကိုယ်အလေးချိန်အနည်းငယ်တတ်လာတာမျိုးတွေကြုံတွေ့ရနိုင်ပါတယ်။ ဒါပေမဲ့ အကြောင်းတစ်စုံတစ်ရာမရှိဘဲ အစာမကြေဖြစ်နေရင်တော့ အစာရေမျိုကင်ဆာ၊ လည်ချောင်းကင်ဆာတွေရဲ ့ရှေ့ပြေးလက္ခဏာတစ်ရပ်ဖြစ်နိုင်တာကြောင့် ပေါ့ဆမနေသင့်ပါဘူး။ ဆရာဝန်နဲ့ပြသတိုင်ပင်သင့်ပါတယ်။

          (၁၁) နုံးခွေခြင်းဖြစ်နိုင်ပါတယ်။ နုံးခွေတာက ကင်ဆာရောဂါနဲ့ပတ်သက်ပြီး လွတ်သွားနိုင်တဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။ နုံးခွေတာက အစာအိမ်ကင်ဆာ၊ အူမကြီးကင်ဆာရောဂါတွေရဲ့အစောဆုံးလက္ခဏာတစ်ရပ်ဖြစ်နေနိုင်ပါတယ်။ အစာအိမ်မှန်ပြောင်းကြည့်ရင်၊ အသားစယူကာ ပိုးမွေးယူနိုင်ပြီး အိပ်ပိုင်လိုရီ(H.pyroli) (Helicobacter pylori)ဖြစ်နေရင်၊ အစာအိမ်အနာဖြစ်နိုင်လို့ အမောက်ဆလင် (Amoxillin 500 mg BD)၊ မက်ထရို(Metronidazole 200 mg)၊ ရင်နယ်သဒင်း(Ranitidine 150 mg)၊ အင်တဆစ်(Entacid) ဆေးလေးမျိုးကို နံနက်စာစားပြီး တစ်ကြိမ်၊ ညစာစားပြီးတစ်ကြိမ် (၇-၁၀)ရက်သောက်ပေးရင်ပျောက်ကင်းနိုင်ပါတယ်။

          (၁၂) ဝမ်းဗိုက်နာကျင်ခြင်းအပေါ် စိတ်မသက်မသာဖြစ်နိုင်ပါတယ်။ အချို့အမျိုးသမီးတွေက ဝမ်းဗိုက်ရဲ့နာကျင်မှုခံစားရတဲ့အပေါ်မှာ စိတ်ဓာတ်ကျဆင်းတာမျိုးရှိတတ်ပါတယ်။ စိတ်ဓာတ်ကျဆင်းမှုနဲ့ပန်ကရိယကင်ဆာ (Ca .pancreas) က ဆက်စပ်မှုရှိနေတတ်ပေမဲ့ ဘာကြောင့်ဖြစ်ရတယ်ဆိုတဲ့အကြောင်းပြချက်ကိုတော့ရှင်းပြရခက်ခဲတယ်လို့ကျွမ်းကျင်သူတွေကဆိုတယ်။

         (၁၃) ဖျားနာခြင်းဖြစ်နိုင်ပါတယ်။ တုပ်ကွေးဖြစ်ကာ ပိုးမွှားကူးစက်တာတွေကြောင့် ဖျားနာမှုတွေရှိနေနိုင်တယ်ဆိုပေမဲ့ မကြာခဏမဖျားနာနေရင်တော့ ဂရုပြုသင့်ပါတယ်။ ကင်ဆာရောဂါက စဖြစ်တဲ့နေရာကနေ အခြားတစ်နေရာကို ပျံ့နှံ့နေတဲ့ အချို့ကင်ဆာရောဂါတွေလည်း ဖျားနာတာကိုဖြစ်စေပါတယ်။ အသားဝါပြီးဖျားနာတယ်ဆိုရင်တော့ အသည်းအတွက်ပါ အလေးထားဂရုပြုဖို့လိုအပ်ပါတယ်။ အဆက်မပြတ် တစ်လကြာဖျားတာ၊ တစ်လကြာ ဆီးဝါ၊ အရေပြားဝါ၊ မျက်လုံးဝါတာ၊ တစ်လထက်ကြာရင် ညာဖက်ရင်ညွန့်အောက်မှာ အောင့်တာ၊ တစ်လကြာအရေပြားယားယံတာဆိုရင်တော့ သည်းခြေအိတ်ကျောက်တည်ခြင်း (Gall stene)ဖြစ်နိုင်ပါတယ်။

           (၁၄) လင့်(Lymph) အကျိတ်များ ပြောင်းလဲခြင်းဖြစ်နိုင်ပါတယ်။ ကိုယ့်ရဲ့လည်ပင်း၊ ချိုင်းကြားမှာရှိတဲ့ လင့်အကျိတ်တွေရောင်ရမ်းတာ၊ အဖုအကျိတ်ဖြစ်တာတွေတွေ့ရှိပါက ဆရာဝန်နဲ့ပြသသင့်ပါတယ်။

          (၁၅) ပုံမှန်မဟုတ်တဲ့ သွေးထွက်ခြင်း (သို့မဟုတ်) အရည်ထွက်ခြင်းဖြစ်နိုင်ပါတယ်။ ခန္ဓာကိုယ်ရဲ့အပေါက်တစ်ခုခုမှ ပုံမှန်မဟုတ်တဲ့ သွေးထွက်ခြင်းများဟာကင်ဆာရဲ့ရောဂါဝေဒနာများနဲ့ လက္ခဏာများဖြစ်နိုင်ပါတယ်။ သလိပ်ထဲမှာသွေးပါတာ အဆုတ်ကင်ဆာရဲ့ရှေ့ပြေးလက္ခဏာဖြစ်တယ်။ ဝမ်းထဲမှာသွေးစများ  (သို့မဟုတ်) သွေးလည်းပါရ င်အူမကြီးကင်ဆာရဲ့လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။ ဝမ်းထဲမှာသွေးများ (မည်းမည်း သို့မဟုတ်မမည်းတဲ့ဝမ်း) ဟာ အူမကြီးကင်ဆာရဲ့လက္ခဏာရပ်ဖြစ်တယ်။ ပုံမှန်မဟုတ်တဲ့မိန်းမကိုယ်သွေးဆင်းခြင်းဟာ သားအိမ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာကိုညွှန်ပြနိုင်ပါတယ်။ နို့သီးခေါင်းမှေ သွးထွက်ခြင်းဟာရင်သားကင်ဆာရဲ့လက္ခဏာတစ်ရပ်ဖြစ်နိုင်ပါတယ်။ ရင်သား  (သို့မဟုတ်) ခန္ဓာကိုယ်ရဲ့အခြားအစိတ်အပိုင်းများမှာ အဖုများထူလာခြင်း၊ ရင်သား၊ဝှေးစေ့၊ပြန်ရည်ကျိတ်များနဲ့ ခန္ဓာကိုယ်ရဲ့ပျော့ပျောင်းတစ်ရူးတွေမှာ ခံစားရနိုင်ပါတယ်။ အဖုအကျိတ်တွေဟာ ကင်ဆာရဲ့အစောပိုင်းလက္ခဏာတွေပဲဖြစ်ပါတယ်။ ဆရာဝန်နဲ့ပြသပြီး ကင်ဆာအကျိတ်၊ ကင်ဆာအစိတ်အပိုင်းဟုတ်မဟုတ် ပြသစစ်ဆေးသင့်ပါတယ်။  

Most Read

Most Recent