ယနေ့ကိုဗစ်နှင့် ကမ္ဘာ့အမြင် 

ယနေ့ကိုဗစ်နှင့် ကမ္ဘာ့အမြင် 
■ ၂၀၂၃ ခုနှစ် မတ် ၁၂ ရက်က ဂျပန်နိုင်ငံ တိုကျိုမြို့တော်ရှိ တိုကျိုမီးရထားဘူတာရုံအပြင်ဘက်တွင် COVID-19 ကပ်ရောဂါဆိုင်ရာ စည်းကမ်းများအတိုင်း နှာခေါင်းစည်းများ ဝတ်ဆင်ပြီး လမ်းလျှောက်နေသူများကို တွေ့ရစဉ်။
■ ၂၀၂၃ ခုနှစ် မတ် ၁၂ ရက်က ဂျပန်နိုင်ငံ တိုကျိုမြို့တော်ရှိ တိုကျိုမီးရထားဘူတာရုံအပြင်ဘက်တွင် COVID-19 ကပ်ရောဂါဆိုင်ရာ စည်းကမ်းများအတိုင်း နှာခေါင်းစည်းများ ဝတ်ဆင်ပြီး လမ်းလျှောက်နေသူများကို တွေ့ရစဉ်။
Published 17 March 2024
ဒေါက်တာလွင်သန့်

        ကိုဗစ် (COVID-19) ကူးစက်ခံရကြောင်း စစ်ဆေးတွေရှိတဲ့ အမေရိကန်နိုင်ငံသားများအနေနဲ့ ငါးရက်ကြာ သီးသန့်ခွဲနေထိုင်ဖို့မလိုအပ်တော့ကြောင်း အမေရိကန်ကျန်းမာရေးတာဝန်ရှိသူများက မတ် ၁ ရက်က ကြေညာခဲ့ပါတယ်။

        ၂၀၂၄ ခုနှစ် မတ်လ ၁၄ ရက်အထိ ကမ္ဘာပေါ်မှာ ကိုဗစ်ဖြစ်ပွါးသူ ၇၀၄ သန်း၊ ကိုဗစ်ကြောင့် သေဆုံးသူ ခုနစ်သန်းရှိခဲ့ပြီး မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ဖြစ်ပွားသူ ၆၄၁၈၀၁ ဦး၊ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၁၉၄၉၅ ဦးရှိခဲ့ပြီဖြစ်ပါတယ်။

         အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ (CDC) က သူရဲ့အချိန်ကြာမြင့်စွာ ထုတ်ပြန်ထားတဲ့ လမ်းညွှန်ချက်ကို ပြောင်းလဲ့ခဲ့ပြီး အမေရိကန်နိုင်ငံသားတွေအနေနဲ ့ရောဂါလက္ခဏာမပြင်းထန်ဘဲ အခြေအနေကောင်းမွန်ပါက အဖျားစတင်ခံစားရပြီး တစ်ရက်အကြာမှာ ရုံးကိစ္စများ (သို့မဟုတ်) ပုံမှန်လှုပ်ရှားမှုတွေကို ပြန်လည်လုပ်ဆောင်နိုင်ပြီဆိုပါတယ်။

         ကိုဗစ်-၁၉ ဟာ ပြည်သူ့ကျန်းမာရေးအန္တရာယ်အဖြစ် ဆက်လက်တည်ရှိခြင်း မရှိချိန်မှာ သည်လိုပြောင်းလဲချက်တွေကို ထုတ်ပြန်ကြေညာခြင်းပဲဖြစ်ပါတယ်။ ကပ်ရောဂါဖြစ်ပွားမှုအစောပိုင်းမှာနိုင်ငံရဲ့ တတိယမြောက်သေဆုံးမှုအများဆုံးအကြောင်းရင်းမှ ပြီးခဲ့တဲ့နှစ်မှာ ၁၀ ခုမြောက်အထိ လျော့ကျခဲ့ပြီးနောက်ထုတ်ပြန်ကြေညာခဲ့တာပဲဖြစ်ပါတယ်။

           လူအများစုဟာ ကာကွယ်ဆေးထိုးနှံခြင်းမှ (သို့မဟုတ်) ကူးစက်ခံရခြင်းမှ ကိုရိုနာဗိုင်းရပ် ကိုယ်ခံအားအဆင့်အချို့ကို ရရှိထားကြပါတယ်။ လူအများစုဟာ ငါးရက်ကြာ သီးခြားခွဲနေထိုင်ရမယ့် လမ်းညွှန်ချက်ကိုလည်း လိုက်နာခြင်းမရှိကြောင်း ကျွမ်းကျင်သူတို့ကပြောကြားခဲ့ပါတယ်။ ကျွန်တော်တို့ရည်ရွယ်ချက်ကတော့ ပြင်းထန်နာမကျန်းဖြစ်နိုင်တဲ့ အန္တရာယ်ကနေပြည်သူတွေကို ဆက်လက်ကာကွယ်ဖို့ဖြစ်ပြီး ယခုအကြံပြုချက်က နားလည်ရ ရိုးရှင်းလွယ်ကူပြီး လိုက်နာနိုင်ပါတယ်လို့ စီဒီစီ (CDC) ရဲ ့ညွှန်ကြားရေးမှူး ဒေါက်တာမန်ဒီကိုဟန်က ပြောကြားခဲ့ပါတယ်။

           အဆိုပါပြောင်းလဲမှုဟာ အပြင်းအထန်ဖျားပြီး နာမကျန်းဖြစ်နိုင်တဲ့ သက်ကြီးရွယ်အိုများနဲ့ ခုခံအားနည်းသူတွေအတွက် ရောဂါကူးစက်နိုင်ခြေ ပိုမိုမြင့်တက်လာဖွယ်ရှိတဲ့အပေါ် ကျွမ်းကျင်သူအချို့က စိုးရိမ်နေကြပါတယ်။ ကိုဗစ်-၁၉ ဟာ ကပ်ရောဂါရဲ့ပထမနှစ်တွေလို ဆေးရုံတက်ရောက် ကုသရသူများနဲ ့သေဆုံးသူများစွာကို မဖြစ်ပေါ်စေပါဘူး။ အဆိုပါပြောင်းလဲမှုဟာ အကြံပြုချက်တွေကို ချောမွေ့စေဖို့ ကြိုးပမ်းမှုတစ်ရပ်ဖြစ်တာကြောင့် သူတို့ဟာ တုပ်ကွေးနဲ့အခြားအသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်တွေအတွက် ကာလကြာရှည်အကြံပြုချက်များနဲ့ဆင်တူလျက်ရှိပါတယ်။ နှာရည်ယိုခြင်း၊ ချောင်းဆိုးခြင်း (သို့မဟုတ်) အခြားရောဂါလက္ခဏာရှိသူအများစုကို သူတို့ဟာ ကိုဗစ်-၁၉ တုပ်ကွေး (သို့မဟုတ်) တစ်ခုခုကူးစက်ခံနေရခြင်းဟုတ်မဟုတ်ခွဲခြားဖို့ စမ်းသပ်မှုများ ဆောင်ရွက်သွားမှာ မဟုတ်ကြောင်း တာဝန်ရှိသူများက ဆိုပါတယ်။

         ကိုဗစ်အပြီး ၂၀၂၃ ခုနှစ်အတွင်း လာအိုနိုင်ငံမှာ အိပ်ချ်အိုင်ဗီ (HIV/AIDS) ရောဂါပိုးကူးစက်ခံရသူအရေအတွက် ၂၀၆၆ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးက (HIV/AIDS/STI) ရောဂါဆိုင်ရာ အစည်းအဝေးမှာ ပြောကြားခဲ့တယ်။ ယခုအခါ လာအိုနိုင်ငံအတွင်း အိပ်ချ်အိုင်ဗီ (HIV/AIDS) ကူးစက်ခံရသူ ၂၀၆၈၈ ဦးရှိကြောင်း ဆိုပါတယ်။

    တရုတ်နိုင်ငံ တောင်ပိုင်းတစ်ဝန်းမှာ အပူချိန်များ ကျဆင်းနေပြီး ပီကင်းမြို့တော်မှာ နှင်းများထူထပ်စွာကျဆင်းနေချိန်မှာ ဖေဖော်ဝါရီ ၂၀ ရက်ကနိုင်ငံတစ်ဝန်းရှိနေရာအများအပြားကို အမြင့်ဆုံးမိုးလေဝသသတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။ ဖေဖော်ဝါရီ ၂၁ ရက်က အပူချိန်သုညဒီဂရီဆဲလ်စီးယမ်အထိ ကျဆင်းခဲ့တဲ့ ပီကင်းမြို့တော်မှာ တစ်ညလုံးနှင်းထူထပ်စွာကျဆင်းခဲ့တာကြောင့်ဒေသခံများဟာနှင်းများဖုံးလွှမ်းနေတဲ့ နံနက်ခင်းအချိန်ကိုနိုးထခဲ့ပြီ မုန်တိုင်းတွေလည်း တိုက်ခဲ့ပါတယ်။

         တောင်ကိုးရီယားမှာတော့ ဖေဖော်ဝါရီလကုန်နောက်ဆုံးထားပြီး အလုပ်ပြန်ဝင်ဖို့ သပိတ်မှောက်တဲ့ဆရာဝန်တွေကို တောင်ကိုရီးယားအာဏာပိုင်များကဖေဖော်ဝါရီ ၂၆ ရက်မှာ တိုက်တွန်းခဲ့ပြီး လာမယ့်သုံးရက်အတွင်း သက်ဆိုင်ရာဆေးရုံတွေမှာပြန်လည်တာဝန်ထမ်းဆောင်ခြင်းမရှိပါက တရားစွဲဆိုအရေးယူမှုများနဲ့ကြုံရနိုင်တယ်ဆိုပါတယ်။

       တောင်ကိုရီယားမှာဆေးပညာနယ်ပယ်ဆိုင်ရာပြုပြင်ပြောင်းလဲမှုများအပေါ် ဆရာဝန်များရဲ့ကန့်ကွက်ဆန္ဒပြမှုဟာ ဒုတိယသီတင်းပတ်ထဲရောက်ရှိလာပြီဖြစ်ပါတယ်။ အလုပ်သင်ဆရာဝန်အင်အားစုစုပေါင်းရဲ့(၈၀ ဒသမ ၅ ရာခိုင်နှုန်းနဲ့ညီမျှတဲ့အလုပ်သင်ဆရာဝန် ၁၀၀၀၀ ကျော်ဟာ အလုပ်မှနုတ်ထွက်ခဲ့ကြတယ်။ ဆေးကျောင်းဝင်ခွင့်သိသိသာသာတိုးမြင့်လာမယ့် အစိုးရအစီစဉ်ကိုအကြီးအကျယ်ကန့်ကွက်ဆန္ဒပြမှု တစ်စိတ်တစ်ပိုင်းအဖြစ်အလုပ်သင်ဆရာဝန်များ အလုပ်ထွက်ခဲ့ကြခြင်းဖြစ်ပါတယ်။ တောင်ကိုရီယားသမ္မတယွန်းဆောယိုက အစိုးရအနေနဲ့ လိုအပ်တဲ့ပြုပြင်ပြောင်းလဲမှုများကို လိုက်လျောမှုများမလုပ်ဘူးလို့ပြောကြားထားပါတယ်။     အဆိုပါပြုပြင်ပြောင်းလဲမှုတွေကတောင်ကိုရီယားမှာ အလျင်အမြန်တိုးလာတဲ့သက်ကြီးရွယ်အိုဦးရေကို စောင့်ရှောက်ဖို့ မဖြစ်မနေလိုအပ်တဲ့ အစီအမံတစ်ရပ်ဖြစ်ကြောင်း ယွန်းက ဆိုပါတယ်။ သတ်မှတ်ကာလအတွင်း တာဝန်ကျဆေးရုံဆီပြန်လာရင် အရင်အလုပ်တွေ အပြစ်ယူမှာမဟုတ်ဘူးလို့ ထပ်မံပြောကြာထားတယ်။ သတ်မှတ်ကာလအတွင်း အလုပ်မြန်မဝင်သူများကို ဆေးကုသခွင့် လိုင်စင်သုံးလထက်မနည်း ဆိုင်ငံ့မယ်လို့ ကျန်းမာရေးဝန်ကြီး'ပက်ခ်'ကသတိပေးထားတယ်။

     ကိုဗစ်အပြီးနိုင်ငံတကာမှာအဆင့်မြင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးယှဉ်ပြိုင်မှုများ အရှိန်ကောင်းနေခဲ့ပါတယ်။ ဩစတြေးလျနိုင်ငံ "သင့်တန့်(Think Tank)"အဖွဲ့စည်းဖြစ်တဲ့ဩစတြေလျပေါ်လစီအင်စတီကျူး (Australian  strategic policy institute ASPI) က ထုတ်ပြန်တဲ့ အဆင့်မြင့်နည်းပညာတိုးတတ်ရေးဆောင်ရွက်မှုသုတေသနက အံ့ဩဖွယ်ရာမဟုတ်ပေမဲ့ နိုင်ငံတကာက အလေးထားရတဲ့ တွေ့ရှိချက်တစ်ခုအဖြစ် ပေါ်ထွက်လာခဲ့ပါတယ်။

           အဆိုပါစာတမ်းမှာ ဖော်ပြခဲ့တဲ့တွေရှိချက်က အဆင့်မြင့်နည်းပညာဖွံ့ဖြိုးတိုးတတ်ရေးအတွက်နိုင်ငံတကာမှာ ဆောင်ရွက်နေရာ နောက်ဆုံးပေါ်အဆင့်မြင့်နည်းပညာကဏ္ဍ ၄၄ ခုအနက် ၃၇ ခုမှာ တရုတ်နိုင်ငံက ရှေ့တန်းကနေ ဦးဆောင်နေတယ်ဆိုတဲ့အချက်ဖြစ်တယ်။ ASPI ရဲ့သုံးသပ်ဖော်ပြချက်မှာ တရုတ်နိုင်ငံဟာ အနာဂတ်ကာလမှာ သိပ္ပံနဲ့နည်းပညာကဏ္ဍ မဟာအင်အားကြီးနိုင်ငံအဖြစ်ဦးဆောင်ရသွားနိုင်ဖို့ လိုအပ်တဲ့အခြေခံတွေ ချမှတ်တည်ဆောက်နေကြောင်း၊ အရေးပါတဲ့နည်းပညာနဲ ့နောက်ဆုံးပေါ်နည်းပညာကဏ္ဍ အတော်များများမှာ စွမ်းဆောင်ရည်မြင့်မားတဲ့ရလဒ်တွေရှိစေမယ့် သုတေသနလုပ်ငန်းတွေကို မထင်မှတ်ဖွယ်ရာဦးဆောင်နေကြောင်း ဖော်ပြခဲ့ပါတယ်။

          (ASPI) ကဖော်ပြခဲ့တဲ့နောက်ဆုံးပေါ်နည်းပညာကဏ္ဍတွေက ကာကွယ်ရေးဆိုင်ရာအဆင့်မြင့်နည်းပညာကဏ္ဍ၊ အာကာသနည်းပညာကဏ္ဍ၊ စက်ရုပ်နည်းပညာကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍ၊ ဇီဝနည်းပညာကဏ္ဍ၊ ဉာဏ်ရည်တုနည်းပညာကဏ္ဍ (AI-Artificial intelligence) အဆင့်မြင့်ဒြပ်ပစ္စည်း (Advaned materials) နည်းပညာကဏ္ဍနဲ့ ကွမ်တမ်နည်းပညာကဏ္ဍတို့ပဲဖြစ်တယ်။

        (ASPI) ဟာ အခုထုတ်ပြန်တဲ့စာတမ်းအတွက် (၂၀၁၈-၂၀၂၂) ခုနှစ်အထိ တစ်ကမ္ဘာလုံးကပြုလုပ်ရတဲ့ အဆင့်မြင့်နည်းပညာဆိုင်ရာ သုတေသနစာတမ်းတွေအနက်မှ အများဆုံးရည်ညွှန်းကိုးကားခံရတဲ့ သုတေသနစာတမ်း ၁၀ ရာခိုင်နှုန်းကိုစုဆောင်းခွဲခြမ်းစိတ်ဖြာလေ့လာခဲ့တာဖြစ်ပါတယ်။ ပညာရပ်ဆိုင်ရာလေ့လာမှုတွေရဲ့အကျိုးရလဒ်ကို ခွဲခြမ်းစိတ်ဖြာရာမှာအသုံးပြုတဲ့ "အိပ်အင်ဒက် (H.index)' ခေါ် စွမ်းဆောင်ရည်စစ်တမ်းကိုလည်း အသုံးပြုနိုင်ခဲ့သလိုနိုင်ငံတစ်နိုင်ငံချင်းအလိုက် တကယ့်ထိပ်တန်းသုတေသနအဖွဲ့အစည်းတွေရဲ့ အရေအတွက်စတဲ့အချက်တွေကိုပါ ထည့်သွင်းစဉ်းစားခဲ့ကြတယ်။

           ငါးနှစ်စီမံကိန်းမှာ တရုတ်နိုင်ငံဟာ ကွမ်တင်သတင်းအချက်အလက်နည်းပညာကဏ္ဍ၊ ဖိုင်တွန်နဲ့မိုက်ခရိုနာနိုအီလက်ထရွန်နစ်ကဏ္ဍ၊ ကွန်ရက်ဆက်နွယ်မှုနည်းပညာကဏ္ဍ၊ ဉာဏ်ရည်တုနည်းပညာကဏ္ဍ (AI) ဇီဝဆေးဝါးကဏ္ဍနဲ့ စွမ်းအင်သစ်နည်းပညာကဏ္ဍတွေမှာနိုင်ငံတော်အဆင့်သုတေသနစမ်းသပ်ခန်းတွေတည်ဆောက်သွားဖို့လည်း ဖော်ပြထားပါတယ်။ ဒါပြင်စက်ရုပ်နည်းပညာကဏ္ဍ (Robotics)၊ စွမ်းအင်သစ်သုံးစွဲတဲ့မော်တော်ယာဉ်တွေ ထုတ်လုပ်မှုကဏ္ဍ၊ အာကာသနည်းပညာကဏ္ဍနဲ့ လယ်ယာသုံးစက်မှုကဏ္ဍတွေမှာလည်း ကမ္ဘာ့လုံးဆိုင်ရာယှဉ်ပြိုင်နိုင်စွမ်း (Global competitiveness) ကို တိုးမြှင့်သွားကြဖို့လည်း ဖော်ပြထားပါတယ်။ တစ်နည်းဆိုရရင်တရုတ်နိုင်ငံကို အဆင့်မြင့်နည်းပညာကုန်ပစ္စည်းထုတ်လုပ်မှုမှာ အင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်လာဖို ့မျှော်မှန်းဆောင်ရွက်နေတာဖြစ်တယ်။

           တရုတ်နိုင်ငံအနေနဲ့နိုင်ငံစီးပွားရေးကို ကာလတိုနဲ့ ကာလလယ်အချိန်အတွင်းမှာ ထီထွင်ဖန်တီးမှုကိုအလေးပေးတဲ့ စီးပွါးရေးဖွံ့ဖြိုးတိုးတတ်မှုရရှိလာစေဖို့၊သိပ္ပံနည်းပညာဖွံ့ဖြိုးတိုးတက်မှုရရှိရေးကို၊နိုင်ငံရဲ့ငါးနှစ်စီမံကိန်းတွေမှာထည့်သွင်းဖော်ပြလာခဲ့တယ်။(၂၀၂၁-၂၀၂၅)အထိ ၁၄ ကြိမ်မြောက်ငါးနှစ်စီမံကိန်းမှာဆိုရင်သုတေသနဲ့ ဖွံ့ဖြိုးတိုးတက်ရေး (Research  and Development) အတွက်အသုံးစရိတ်ကိုနှစ်စဉ်နိုင်ငံဂျီဒီပီ(GDP) ရဲ့အနည်းဆုံး ခုနစ်ရာခိုင်နှုန်းသုံးစွဲဖို့ဖော်ပြထားပါတယ်။

           ဒါကြောင့် (ASPI) ကသုတေသနပြုရေးသားထုတ်ပြန်ခဲ့တဲ့အစီရင်ခံစာအရဆိုရင် တရုတ်နိုင်ငံဟာအသစ်ထွက်ပေါ်လာတဲ့နည်းပညာကဏ္ဍတွေမှာ ဦးဆောင်ကဏ္ဍမှာရှိနေသလို တရုတ်အစိုးရကိုယ်တိုင်ကလည်း နည်းပညာသစ်တွေကို ကိုယ်ကိုယ့်ကိုယ်အားကိုးပြီး အောင်မြင်မှုတွေရရှိလာစေဖို့ရေရှည်စနစ်တကျဆောင်ရွက်လာမှုတွေကြောင့် မကြာတဲ့ကာလတွေမှာ အဆင့်မြင့်နည်းပညာကဏ္ဍ၊ ဖွံ့ဖြိုးတိုးတတ်ရေးယှဉ်ပြိုင်မှုတွေမှာ ဘယ်လိုအပြောင်းအလဲတွေရှိလာနိုင်မလဲဆိုတာစောင့်ကြည့်သွားဖို့ ရှိနေပါတော့တယ်။