ဗဟိုဘဏ်က နိုင်ငံခြားငွေများ ထုတ်ရောင်းခြင်း        

ဗဟိုဘဏ်က နိုင်ငံခြားငွေများ ထုတ်ရောင်းခြင်း        
Published 24 March 2024

ငွေလဲနှုန်း ကွာဟချက်ကျဉ်းမြောင်း စေရန် ငွေလဲနှုန်းအတက်/အကျ ထိန်းကျောင်းနိုင်ရန် ဒေါ်လာ၊ ဘတ်နှင့် ယွမ်တို့ကို နိုင်ငံခြား ငွေကြေးစျေးကွက်တွင် ဗဟိုဘဏ်က လိုအပ်သလို ရောင်းဝယ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထား သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးစျေးကွက်ကို ၂၀၁၃ မတ် လတွင် စတင်တည်ထောင်ခဲ့ပြီး နိုင်ငံခြားငွေ ကြေးစျေးကွက်ဖွံ့ဖြိုးတိုးတက်စေရေးအတွ က် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ပံ့ပိုးထိန်း ကျောင်းပေးခဲ့သဖြင့် ၂၀၁၄ ခုနှစ်မှစတင်၍  နိုင်ငံခြားငွေကြေးစျေးကွက်အတွင်း ရောင်း ဝယ်မှုပမာဏ တဖြည်းဖြည်းမြင့်တက်လာခဲ့ သည်။

လက်ရှိတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် က နိုင်ငံခြားငွေကြေးစျေးကွက်အတွင်း ဒေါ် လာ၊ ယွမ်နှင့် ဘတ်ငွေများကို ဆက်တိုက် ထုတ်ရောင်းလျက်ရှိသည်။

ဗဟိုဘဏ်က  မတ် ၂၂ ရက်တွင် နိုင်ငံ ခြားငွေကြေးစျေးကွက်တွင် ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်များအား online trading platform မှတစ်ဆင့် တရုတ်ယွမ်ငါးသန်း နှင့် ထိုင်းဘတ် သန်း ၅၀ ထပ်မံရောင်းချခဲ့သည်။

ဗဟိုဘဏ်အနေဖြင့် မတ် ၁၅ ရက်က နိုင်ငံခြားငွေကြေးစျေးကွက်တွင် ပို့ကုန်သွင်း ကုန်လုပ်ငန်းရှင်များအား online trading platform မှတစ်ဆင့် ဒေါ်လာငါးသန်း၊ မတ် ၁၁ ရက်က နိုင်ငံခြားငွေကြေးစျေးကွက်တွင်  ထိုင်းဘတ်သန်း ၅၀ ရောင်းချထားသည်။

ဗဟိုဘဏ်အနေဖြင့် မတ် ၅ ရက်က နိုင် ငံခြားငွေကြေးစျေးကွက်တွင် ပို့ကုန်သွင်း ကုန်လုပ်ငန်းရှင်များအား online trading platform မှ တစ်ဆင့် တရုတ်ယွမ် ခုနစ်သန်း နှင့် ထိုင်းဘတ် ၁၂ သန်း၊မတ် ၄ ရက် က နိုင် ငံခြားငွေကြေးစျေးကွက်အတွင်း ဒေါ်လာ ၁၀ သန်းနှင့် ဘတ်သန်း ၂၀၀  ရောင်းချခဲ့ သည်။

ဖေဖော်ဝါရီ ၂၇ ရက်က နိုင်ငံခြားငွေ ကြေးစျေးကွက်အတွင်း ဒေါ် လာ ၁၀ သန်း၊ ဖေဖော်ဝါရီ ၂၆ ရက်က နိုင်ငံခြားငွေကြေး စျေးကွက်တွင် ဒေါ်လာ ရှစ်သန်းနှင့် ထိုင်း ဘတ် သန်း၂၀၀၊ ဖေဖော်ဝါရီ ၁၉ ရက်က ဗဟို ဘဏ်အနေဖြင့် နိုင်ငံခြားငွေ ကြေးစျေးကွက် တွင် ဒေါ်လာရှစ်သန်းနှင့် ထိုင်းဘတ်သန်း ၂၀၀ ၊ ဖေဖော်ဝါရီ  ၁၅ ရက်က ဗဟိုဘဏ်အနေ ဖြင့် နိုင်ငံခြားငွေကြေးစျေးကွက်တွင် ဒေါ်လာ ကိုးသန်းနှင့် ထိုင်းဘတ်သန်း၂၀၀၊ ဖေဖော်ဝါရီ ၁၄ ရက်က ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေ ကြေးစျေးကွက်တွင် ဒေါ် လာ ၅ ဒသမ ၃၈ သန်း၊ ဖေဖော်ဝါရီ ၈ရက်က ဗဟိုဘဏ်အ နေဖြင့် နိုင်ငံခြားငွေကြေးစျေးကွက်တွင် ဒေါ်လာရှစ်သန်း၊ ဖေဖော်ဝါရီ ၅ ရက်က နိုင်ငံ ခြားငွေကြေးစျေးကွက်တွင် ဒေါ် လာ ၁၁ သန်း နှင့် ထိုင်းဘတ်သန်း ၂၀၀ ရောင်းချခဲ့ သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးစျေးကွက် တွင် ပို့ကုန်သွင်း ကုန်လုပ်ငန်းရှင်များ အား online trading platform မှတစ်ဆင့် ဒေါ်လာငါးသန်းနှင့် ထိုင်း ဘတ်သန်း ၅၀ ကို ဖေဖော်ဝါရီ ၂ ရက်က ရောင်းချပေးခဲ့သည်။ ဖေ ဖော်ဝါ ရီ ၁ ရက်တွင် နိုင်ငံခြားငွေကြေးစျေးကွက်အတွင်း ဒေါ်လာ ၁၃ သန်း ထပ်မံရောင်းချခဲ့သည်။

ဗဟိုဘဏ်က ဇန်နဝါရီ ၂၉ ရက်တွင် နိုင် ငံခြား ငွေကြေးစျေးကွက်အတွင်း ဒေါ်လာ ကိုးသန်း ရောင်းချခဲ့သည်။

ဗဟိုဘဏ်က လူသုံးကုန်နှင့် ဆေးဝါး ကဏ္ဍ၊ လျှပ်စစ်ကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍနှင့် ဆက်သွယ်ရေးကဏ္ဍများအတွက် ဒေါ်လာ ၁ ဒသမ ၄ သန်း၊ တရုတ်ယွမ် ၄ ဒသမ ၂ သန်း နှင့် ထိုင်းဘတ် ၁၃ ဒသမ ၅ သန်းကို ဇန်နဝါရီ ၂၉ ရက်က ထပ်မံရောင်းချခဲ့သည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် ဇန်နဝါရီ ၂၅ ရက်က နိုင်ငံခြားငွေကြေးစျေး ကွက် တွင် ဒေါ်လာကိုးသန်းနှင့် ထိုင်းဘတ် သန်း ၂၀၀ ၊ ဇန်နဝါရီ ၂၆ ရက်တွင် ဒေါ်လာ ငါးသန်းနှင့် ဘတ်သန်း ၅၀ ထပ်မံရောင်းချ ခဲ့သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ် အနေဖြင့် ဇန်နဝါရီ ၁၉ ရက်က နိုင်ငံ ခြားငွေကြေးစျေး ကွက်တွင် ထိုင်းဘတ်သန်း ၅၀ ရောင်းချခဲ့ သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ် အနေဖြင့် ဇန်နဝါရီ ၁၅ ရက်က နိုင်ငံခြားငွေကြေးစျေး ကွက်တွင် ဒေါ် လာ ၁၅ သန်းရောင်းချခဲ့သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့်   ဇန်နဝါရီ ၅ ရက်က နိုင်ငံခြားငွေကြေးစျေး ကွက်တွင် ဒေါ်လာ ၁၆ သန်း ထပ်မံရောင်း ချခဲ့သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်က နိုင်ငံခြား ငွေ ကြေးစျေး ကွက် တွင် ဒေါ်လာ ၁၂ ဒသမ ၉၃ သန်း ရောင်းချပေးခဲ့ပြီး ဒေါ်လာလေး သန်းနှင့်ညီမျှသောတရုတ်ယွမ် အား SWAP Facility ပေးခဲ့သည်။

ဗဟိုဘဏ်အနေဖြင့် ၂၀၂၃ ခု နှစ် ဒီဇင် ဘာ ၁၈ ရက်က စက်သုံးဆီ တင်သွင်းသော ကုမ္ပဏီများအတွက် ဒေါ်လာ ၉ ဒသမ ၇၂ သန်း၊ ဒီဇင်ဘာ ၂၁ ရက်က ဒေါ်လာ ၁၂ ဒသမ ၄၃ သန်း ရောင်းချပေးခဲ့သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် အ ဓိက ရည်မှန်းချက်ဖြစ် သည့် ပြည်တွင်းစျေးနှုန်း တည်ငြိမ်မှုရရှိရန်နှင့် ထိန်းသိမ်းရန်အတွက် ငွေကြေးမူဝါဒကိုအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ငွေလဲလှယ်နှုန်းတည် ငြိမ်ရေးသည် အဓိကအခန်းကဏ္ဍမှ ပါဝင် လျက်ရှိရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေပုဒ်မ ၄၀(ခ)၊ (ဂ) နှင့် (ဃ) တို့အရ နိုင် ငံခြားငွေလဲလှယ်နှုန်းဆိုင်ရာမူဝါဒကို ဆုံးဖြတ်ခြင်းနှင့်အ ကောင်အထည် ဖော် ဆောင်ရွက်ခြင်း၊ အစိုးရအဖွဲ့အား နိုင်ငံခြား ငွေလဲလှယ်နှုန်းစနစ်နှင့် စပ်လျဉ်း၍အကြံ ပြုခြင်း၊ နိုင်ငံတော်၏ နိုင်ငံခြားသီးသန့်ငွေ ကို ထိန်းသိမ်းခြင်းနှင့် စီမံခန့်ခွဲခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် Exporter နှင့် Importer တို့ စိတ်ကြိုက် စျေးဖြင့် ပြင်ပတွင် ရောင်းဝယ်ခြင်းကြောင့် ငွေလဲလှယ်နှုန်းများ မြင့်တက်နေခြင်းနှင့် Importer များအနေဖြင့် စျေးကွက်တွင် ရောင်းချနိုင်သည့်ပမာဏကို မသိရှိနိုင်ခြင်း တို့ကြောင့် တရားဝင်ရောင်းချနိုင်မည့် platform များကို Importer များမှ တောင်းဆိုခဲ့ သဖြင့် လည်း ကောင်း၊ စီးပွားရေးစနစ်အတွင်း နိုင်ငံခြားငွေဝယ်လိုအား demand နှင့်ရောင်းလိုအား supply မျှတမှုရှိစေရန်အတွက် လည်းကောင်း၊ online trading platform အား ဗဟိုဘဏ်ဦးဆောင်မှုဖြင့် တည်ထောင် ခဲ့ပြီး စျေးကွက်၏လိုအပ်ချက်အရ အမေရိ ကန် ဒေါ်လာ၊ ထိုင်းဘတ်နှင့် တရုတ်ယွမ်တို့ အား ဝင်ရောက်ရောင်းချပေးခြင်းကို ၂၀၂၃ ခုနှစ် ဇွန်၂၂ ရက်မှစတင်ဆောင်ရွက်ခဲ့သည်။

“ဒီနေ့ (မတ် ၂၂ ) တော့ တစ်ဒေါ်လာ ၃၇၀၀ ကျော်သွားတယ်ပေါ့ဗျာ။ ပြီးခဲ့တဲ့ တနင်္လာနေ့က ၃၇၀၀၊ ကျွန်တော်တို့ကတော့  စျေးကွက်ပေါက်စျေးအတိုင်းပဲ ဝယ်ရောင်း လုပ်တာပါ” ဟု ရန်ကုန်မြို့ရှိ ငွေလဲကောင် တာတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြား ခဲ့သည်။

စျေးကွက်အတွင်း ဖြစ်ပေါ်ခဲ့သည့် ငွေ လဲနှုန်းများအနေဖြင့် ၂၀၂၃ခုနှစ် ဒီဇင်ဘာ  ၃၀ ရက်တွင် တစ်ဒေါ်လာ ၃၄၄၅ ကျပ်သာ ရှိခဲ့သည်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင်  တစ်ဒေါ်လာလျှင် ၃၄၄၈ ကျပ်ဝန်းကျင်ရှိခဲ့ သည်။ 

၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃၀ ရက်တွင် တစ်ဒေါ်လာလျှင် ၃၅၄၁ ကျပ်အထိ မြင့် တက်လာခဲ့သည်။ ဖေဖော်ဝါရီ ၁ ရက်တွင် တစ်ဒေါ်လာလျှင် ကျပ် ၃၅၅၀၊ ဖေဖော်ဝါရီ ၂၉ ရက်တွင် တစ်ဒေါ်လာလျှင်  ၃၆၃၂ ကျပ် အထိ မြင့်တက်လာခဲ့သည်။ မတ် ၁ ရက်တွင် တစ်ဒေါ်လာ ၃၆၃၂ ကျပ်ရှိခဲ့ရာမှ မတ်လ တ တိယပတ်အတွင်း တစ်ဒေါ်လာလျှင် ကျပ် ၃၇၀၀ ကျော်သို့ ရောက်ရှိလာခြင်းဖြစ်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင် ငံခြားငွေကြေးစျေးကွက်တည်ငြိမ်စွာဖြင့် ဖွံ့ ဖြိုးစေရန်နှင့် နိုင်ငံခြားငွေလဲလှယ်နှုန်းတည် ငြိမ်စေရန် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များနှင့် ဘဏ်များပါဝင်သော online trading platform ကို ဖော်ဆောင်ပေးနေသကဲ့သို့ ပြည်ပ သို့သွားရောက်သူများအတွက် လို အပ်သော အသေးသုံးနိုင်ငံခြားငွေကြေးများ ကို မြန်မာ နိုင်ငံတော်ဗဟိုဘဏ်၏ လမ်းညွှန် မှုဖြင့် နိုင်ငံခြားငွေဝယ်ယူရောင်းချလဲလှယ် ပေးသော ငွေလဲကောင်တာများတွင် ရောင်း ချလျက်ရှိသည်။

ထို့ပြင် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပ ဒေနှင့် ယင်းဥပဒေအရထုတ်ပြန်သော ညွှန် ကြားချက်များကို နိုင်ငံခြားငွေများလဲလှယ် ရောင်းဝယ်ရေးလုပ်ငန်းဆောင်ရွက်သူများအနေဖြင့် လိုက်နာဆောင်ရွက်စေရန်အ တွက် နိုင်ငံခြားငွေလဲကောင်တာများကို ကွင်းဆင်းစစ်ဆေးလျက်ရှိကြောင်း သိရ သည်။

ရန်ကုန်မြို့ရှိ နိုင်ငံခြားငွေများဝယ်ယူ ရောင်းချလဲလှယ်ရေးလုပ်ငန်း လုပ်ကိုင်သူ များအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး နိုင်ငံခြား သုံး ငွေစီမံခန့်ခွဲမှုဥပဒေပါလိုက်နာဆောင်ရွ က် မည့်အချက်များကို လိုက်နာဆောင်ရွက် ခြင်း မရှိသည့် ကုမ္ပဏီများကို နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲလှယ်ရေးလုပ်ငန်းလိုင်စင်  များ ရုပ်သိမ်းခြင်း၊ နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲလှယ်ရေးလုပ်ငန်းလိုင်စင်  သုံးလ  ဆိုင်းငံ့ခြင်း သို့မဟုတ် ခြောက်လဆိုင်းငံ့မှု များ ပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ပို့ ကုန်နှင့် သွင်းကုန်လုပ်ငန်းရှင်များ၏ ဝယ်လို အားနှင့် ရောင်းလိုအားအခြေအနေအား စောင့်ကြည့်လျက် စျေးကွက်ငွေလဲလှယ်နှုန်း သည် ဖြစ်သင့်သည်ထက်များစွာ မြင့်မားလာ ခြင်းမရှိစေရန် လိုအပ်သော  intervention ပြုလုပ်ပေးလျက်ရှိပြီး ငွေလဲလှယ်နှုန်းများအ ကြား ကွာဟချက်ကျဉ်းမြောင်းစေ၍ နိုင်ငံ ခြားငွေလဲလှယ်နှုန်းတည်ငြိမ်ရေး ထိန်းကျော င်းဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထား သည်။

 

Most Read

Most Recent