တန်ဟက်ဂ်အား ရာထူးမှထုတ်ပယ်ပြီး ၎င်း၏နေရာ၌ အင်္ဂလန်နည်းပြ ဆောက်ဂိတ်ကို အစားထိုးခန့်အပ်ရန် မန်ယူအသင်းပူးတွဲပိုင်ရှင်သစ် ဆာဂျင်ရက်ကလစ်ဖ် အလိုရှိနေ 

တန်ဟက်ဂ်အား ရာထူးမှထုတ်ပယ်ပြီး ၎င်း၏နေရာ၌ အင်္ဂလန်နည်းပြ ဆောက်ဂိတ်ကို အစားထိုးခန့်အပ်ရန် မန်ယူအသင်းပူးတွဲပိုင်ရှင်သစ် ဆာဂျင်ရက်ကလစ်ဖ် အလိုရှိနေ 
Photo: Getty Images
Photo: Getty Images
Published 21 March 2024

မန်ယူအသင်း၏ပူးတွဲပိုင်ရှင်သစ် ဆာဂျင်ရက်ကလစ်ဖ်သည် လာမည့်နွေတွင် အသင်းနည်းပြ တန်ဟက်ဂ်ကို ရာထူးမှထုတ်ပယ်ပြီး ၎င်း၏နေရာတွင် အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ ဆောက်ဂိတ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ရန် အလိုရှိနေကြောင်း Daily Star သတင်းစာက ဖော်ပြခဲ့သည်။

ရက်ကလစ်ဖ်၏ INEOS အားကစားအဖွဲ့သည် မန်ယူဂန္ထဝင်ကစားသမားများနှင့် တွေ့ဆုံပြီးနောက် အင်္ဂလန်နည်းပြ ဆောက်ဂိတ်အား မန်ယူအသင်းထံ ရောက်လာအောင် ဆွဲဆောင်နိုင်မည်ဟု ယုံကြည်နေကြောင်း သိရသည်။

Daily Star ၏ဖော်ပြမှုအရ မန်ယူဂန္ထဝင်ကစားသမားများသည် ဆောက်ဂိတ်အား အသင်းနည်းပြသစ်အဖြစ် ခန့်အပ်ရန်ထောက်ခံခဲ့ကြသလို၊ အသင်းအားကစားဒါရိုက်တာသစ် ဖြစ်လာမည်ဟု သတင်းထွက်နေသည့် ဒန်အက်ရှ်ဝက်ချ်က လည်း ထောက်ခံခဲ့ကြောင်း သိရသည်။

ဆောက်ဂိတ်နှင့် လက်ရှိနယူးကာဆယ်အားကစားဒါရိုက်တာ ဒန်အက်ရှ်ဝက်ချ်တို့သည် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)တွင် လက်တွဲအလုပ်လုပ်ဖူးသူများဖြစ်ပြီး မန်ယူအသင်းတွင် ပြန်လည်လက်တွဲရန် စိတ်အားထက်သန်နေကြကြောင်း သိရသည်။

အင်္ဂလန်အသင်းနှင့်ချုပ်ဆိုထားသည့် ဆောက်ဂိတ်၏ လက်ရှိစာချုပ်မှာ ယခုနှစ်ကုန်တွင်ကုန်ဆုံးမည်ဖြစ်ပြီး FA က ၎င်းကို စာချုပ်သက်တမ်းတိုးရန် ဆန္ဒရှိနေကြောင်း သိရသည်။

ဆောက်ဂိတ်သည် အင်္ဂလန်အသင်းကို ၂၀၁၆ တွင် စတင်ကိုင်တွယ်ခဲ့ပြီး အနာဂတ်နှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန် ငြင်းဆန်ထားသူဖြစ်သည်။

ရက်ကလစ်ဖ်အနေဖြင့် ယူရိုပြိုင်ပွဲအပြီးတွင် ဆောက်ဂိတ်ကို မန်ယူအသင်းနည်းပြအဖြစ် ခန့်အပ်မည်ဆိုပါက FA ကို လျော်ကြေး ပေါင် (၈၀၀၀၀၀)ပေးရမည်ဖြစ်ကြောင်းလည်း Daily Star က ဖော်ပြခဲ့သည်။

မန်ယူအသင်းသည် FA ဖလားကွာတားဖိုင်နယ်တွင် ခါးသီးပြိုင်ဘက် လီဗာပူးလ်ကို အနိုင်ရခဲ့သော်လည်း ပရီးမီးယားလိဂ်တွင် ရုန်းကန်နေရသည့်အတွက် တန်ဟက်ဂ်၏အနာဂတ်မှာ လှုပ်ခတ်နေဆဲဖြစ်သည်။

ရက်ကလစ်ဖ်သည် တန်ဟက်ဂ်အပေါ် ယုံကြည်မှုမရှိဘဲ လာမည့်နွေ၌ ၎င်းကို ရာထူးမှ ထုတ်ပယ်ကာ ဆောက်ဂိတ်ကို အစားထိုးလိုနေခြင်းဖြစ်သည်။ 

Most Read

Most Recent