■ စီးရီးအေပွဲစဉ် (၂၈) ပွဲကြိုသုံးသပ်ချက် 

■ စီးရီးအေပွဲစဉ် (၂၈) ပွဲကြိုသုံးသပ်ချက် 
Photo: Sky Sports
Photo: Sky Sports
Published 8 March 2024

ကာဂလီယာရီ - ဆလာနီတာနာ (မြန်မာစံတော်ချိန် မတ်လ ၉ ရက် ည ၈:၃၀ နာရီ)

(၂)သင်းစလုံးစိတ်ပျက်စရာပုံစံကို ပြနေကြပေမဲ့ ကာဂလီယာရီက နောက်ဆုံး (၃)ပွဲမှာ (၅)မှတ် ရခဲ့တယ်။ ဒါ့အပြင် အိမ်ကွင်းဆိုရင် ကာဂလီယာရီရဲ့ ကစားပုံက သိသိသာသာအား ကောင်းလေ့ရှိတယ်။ အိမ်ရှင်ဘက်က ရပ်တည်သင့်တယ်။



ဆာဆူအိုလို - ဖရိုဆီနိုနီ (မြန်မာစံတော်ချိန် မတ်လ ၉ ရက် ည ၈:၃၀ နာရီ)

လက်ရှိအနေအထားအရ ရလဒ်ပိုင်းရော ကွင်းတွင်းခြေစွမ်းပါ ကွာဟချက်သိပ်မရှိတဲ့ အသင်း (၂)သင်း ထိပ်တိုက်တွေ့ဆုံတဲ့ပွဲလို့ ဆိုရမယ်။ သရေကျဖို့များပြီး (၂)သင်းပေါင်း သွင်းဂိုး များနိုင်တယ်။



ဘိုလော့ဂ်နာ - အင်တာမီလန် (မြန်မာစံတော်ချိန် မတ်လ ၉ ရက် ည ၁၁:၃၀ နာရီ)

ဘိုလော့ဂ်နာရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အိပ်မက်က တဖြည်းဖြည်း အသက်ဝင်လာပြီလို့ ဆိုရမယ်။ ဒါကြောင့် သူတို့အနေနဲ့ အခုပွဲအတွက် အကောင်းဆုံးပြင်ဆင်လာဖို့ရှိပြီး ရလဒ်ပိုင်းသာကောင်းခဲ့ရင် နောက်ပွဲတွေအတွက် ယုံကြည်မှုပိုရှိသွားလိမ့်မယ်။ အင်တာမီလန်ကိုလည်း စီးရီးအေမှာ အပြစ်ပြောစရာမရှိတဲ့ အသင်းလို့ ဆိုရမှာဖြစ်ပြီး ဘယ်လိုပြိုင်ဘက်မျိုးကမဆို ဖြိုလှဲနိုင်တဲ့ ပုံစံပြနေတယ်။ ဒါပေမဲ့ ဒီပွဲပြီးရင် အက်သလက်တီကိုနဲ့ အရေးကြီးချန်ပီယံလိဂ်အဝေးကွင်းပွဲစဉ်ကစားဖို့ရှိလို့ လော်တာရိုမာတီနက်ဇ်အပါအဝင် အဓိကကစားသမားတွေ ကစားနိုင်ဖို့ မသေချာဘူး။ ဘိုလော့ဂ်နာကို ကြိုက်တယ်။



ဂျီနိုအာ - မွန်ဇာ (မြန်မာစံတော်ချိန် မတ်လ ၁၀ ရက် နံနက် ၂:၁၅ နာရီ)

ဒီပွဲမှာ မွန်ဇာကို ပိုကောင်းတဲ့အသင်းလို့ ဆိုနိုင်ပေမဲ့ ဂျီနိုအာရဲ့ အိမ်ကွင်းရလဒ်ပိုင်းကိုတော့ သတိထားရမယ်။ ဂျီနိုအာက စီးရီးအေအိမ်ကွင်းနောက်ဆုံး (၉)ပွဲမှာ (၁)ပွဲပဲ ရှုံးခဲ့တယ်။ ဂျီရိုနာကို ကြိုက်တယ်။

Most Read

Most Recent