တောင်ရိုးတိုင်းရင်းသားတို့၏ အမျိုးသားနေ့ပွဲတော်

တောင်ရိုးတိုင်းရင်းသားတို့၏ အမျိုးသားနေ့ပွဲတော်
Published 10 March 2024
စည်သာ (တောင်ကြီး)

 

လူမျိုးတစ်မျိုးတိုင်းစီတွင် အလေးအမြတ် ထား ကျင်းပကြရမည့် အမျိုးသားနေ့ ပွဲတော် များ ရှိကြမည်ဖြစ်ပါသည်။

ရှမ်းပြည်နယ်သည် ရှေးနှစ်ပေါင်းများစွာ ကပင် တိုင်းရင်းသားလူမျိုးစုပေါင်းများစွာ မှီ တင်းနေထိုင်ကြခြင်း ဖြစ်ပြီး ချစ်ခင်ရင်းနှီးစွာ ယှဉ်တွဲနေထိုင်ခဲ့ကြသည်။

ရှမ်းပြည်နယ်တွင် မှီတင်းနေထိုင်ကြကုန် သော တိုင်းရင်းသားမျိုးနွယ်စုပေါင်း ၃၃ စု ကျော်တွင် လူနည်းစု တိုင်းရင်းသား ၁၀ စုခန့် ပါဝင်သည်။ အဆိုပါ လူနည်းစုတိုင်းရင်းသား များတွင် အပါအဝင်ဖြစ်သော တောင်ရိုးတိုင်း ရင်းသားတို့သည် ရှမ်းရိုးမတောင်တန်းများ ပေါ်တွင် နှစ်ပေါင်းများစွာကပင် မှီတင်းနေ ထိုင်ခဲ့ကြ၏။

တောင်ရိုးအမျိုးသားနေ့ကိုဘော်နင်းဒေသတွင် ကျင်းပမည်

၂၀၂၄ ခုနှစ် (၁၅) ကြိမ်မြောက် တောင် ရိုးအမျိုးသားနေ့ အခမ်းအနားကို ရှမ်းပြည် နယ်တောင်ပိုင်း၊ ဟဲဟိုးမြို့၊ ဘော်နင်းဒေသ တွင် တပေါင်းလဆန်း ၂ ရက် မှ  ၃ ရက်အထိ နှစ်ရက်တာ ကျင်းပမည်ဖြစ်ကြောင်း သိရ သည်။

တပေါင်းလဆန်း ၂ ရက်၊ မတ် ၁၁  ရက် တနင်္လာနေ့တွင် စတင်ကျင်းပမည်ဖြစ်ပြီး မတ် ၁၂ ရက် တပေါင်းလဆန်း ၃ ရက် အထိ တောင်ရိုးအမျိုးသားနေ့ကို ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

ယခုနှစ်တွင် နိုင်ငံရေးအခြေအနေများ ကြောင့် သွားလာမည့်သူ နည်းပါးနိုင်ကြောင်း ခန့်မှန်းနေကြသည်။

“ဒီနှစ်တော့ အကျဉ်းချုံးပဲ ကျင်းပသွား မယ်လို့ ကြားသိရတယ်။ ဟဲဟိုးရဲ့ တောင်ဘက် ဘော်နင်းမှာ တပေါင်းလဆန်း ၂ ရက်နဲ့ ၃ ရက်မှာ အကျဉ်းချုံးကျင်းပဖြစ်မယ်။ မနက် ၉ နာရီကနေ ညနေ ၆ နာရီအထိပေါ့။ ဘာဖြစ် လို့တုံးဆိုတော့ ဒီလိုအခြေအနေကြောင့်ပေ့ါ။ အရင်နှစ်နှစ်တုန်းက တီကျစ်ဘက် နန်းနိုင် ဘက်မှာ လုပ်ခဲ့တယ်။ နန်းမှန်ပေါ့”  ဟု တောင် ရိုး တိုင်းရင်းသူတစ်ဦးက ဆိုသည်။

တောင်ရိုးတိုင်းရင်းသားများ၏ ဓလေ့ ထုံးတမ်းစဉ်လာများကို တစ်နယ်နှင့် တစ်နယ် သိရှိနိုင်စေရန် ရည်ရွယ်ပြီး တောင်ရိုးအမျိုး သားနေ့ကို နှစ်စဉ်နှစ်တိုင်း ကျင်းပလေ့ရှိပြီးပင်လောင်းမြို့နယ်၊ ဆည်ခေါင်းကျေးရွာတွင် လေးကြိမ်၊ ကလောမြို့နယ် ဘော်နင်းကျေးရွာ တွင် နှစ်ကြိမ်၊ ပင်လောင်းမြို့နယ် နောင်မူကျေး ရွာတွင် နှစ်ကြိမ်၊ ပင်းတယမြို့နယ် ကျားကုန်း ကျေးရွာတွင် နှစ်ကြိမ် ကျင်းပခဲ့ပြီး ၁၁ ကြိမ် မြောက်ကို ညောင်ရွှေမြို့နယ် ကျားတွန်ကျေး ရွာတွင် နှစ်ကြိမ် ဆက်တိုက် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

၂၀၂၁ ခုနှစ်တွင် ကမ္ဘာ့ကပ်ရောဂါဆိုး ကြောင့် တောင်ရိုးအမျိုးသားနေ့ကို အကျဉ်းမျှ သာ ကျင်းပခဲ့ရသည်ဟုဆို၏။ ၂၀၂၂ ခုနှစ် နှင့် ၂၀၂၃ ခုနှစ် တွင် နန်းနိုင်အုပ်စု ၊ နန်းမာန် တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

၂၀၂၃ ခုနှစ်တွင် (၁၄) ကြိမ်မြောက် တောင်ရိုးအမျိုးသားနေ့ အခမ်းအနားကို ယခင် နှစ်က ကျင်းပခဲ့သောနေရာဖြစ်သည့် ကလော မြို့နယ်ရှိ နန်းနိုင်ကျေးရွာအုပ်စုတွင် အစဉ် အလာမပျက် နှစ်ရက်တာ ကျင်းပခဲ့ကြောင်း ပွဲကျင်းပရေး ဆပ်ကော်မတီထံမှ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီး ခရိုင်၊  ကလောမြို့နယ်၊ နန်းနိုင်ကျေးရွာအုပ်စု၊ နန်းနိုင်ဘုရား (နန်းမာန်ဘုရားတောင်) တွင် (၁၄) ကြိမ်မြောက် တောင်ရိုးအမျိုးသားနေ့ ပွဲတော်ကို ဖေဖော်ဝါရီ ၂၀ ရက်မှ ၂၁ ရက် အထိ နှစ်ရက်တာကျင်းပခဲ့ခြင်းဖြစ်သည်။

တောင်ရိုးမျိုးနွယ်စုများ

ရှမ်းပြည်နယ်တွင် နေထိုင်ရာ ဒေသပေါ် မူတည်၍ အမျိုးအစားသုံးမျိုးကွဲပြားသော် လည်း တောင်ရိုးတိုင်းရင်းသားတို့သည် တစ် မျိုးတည်းရှိကာ အားလုံးအတူတူပင်ဖြစ်သည် ဟု တောင်ရိုး တိုင်းရင်းသူတစ်ဦးက ဆိုသည်။               တောင်တန်း၊ မြေလတ်ဒေသ ကွဲပြားမှု ကြောင့်ဖြစ်ပြီး တောင်ရိုးတိုင်းရင်းသား မျိုး နွယ်စုကွဲပြားခြင်းမဟုတ်ကြောင်း၊ တောင်ရိုး တိုင်းရင်းသား တစ်မျိုးတည်းရှိကြောင်း သိရ သည်။

 “နန်းမှန် တောင်ရိုး ၊ ပြင်သူ တောင်ရိုး၊ ရသူ တောင်ရိုးဆိုပြီး သုံးမျိုးခွဲထားတယ်။ အခု ပင်းတယ ပွေးလှသွားတဲ့ လမ်းမကြီးရဲ့ အ နောက်ဘက်ကို ရသူတောင်ရိုးလို့ပြောပြီး လမ်းအရှေ့ဘက်မှာတော့ ပြင်သူတောင်ရိုး ဆိုပြီး ခွဲထားတယ်။ နန်းမှန်တောင်ရိုးက တီ ကျစ်ဘက် နန်းနိုင်း နန်းမှန်ဘက်ပေါ့။ နန်းမှန် တောင်ရိုးပေါ့”  ဟု တောင်ရိုးတိုင်းရင်းသူတစ် ဦးက ဆိုသည်။

နန်းမှန်တောင်ရိုး

 နန်းတော်အရိပ်အောက်တွင် မှန်မှန်ကန် ကန် နေထိုင်ခဲ့ကြသော်လည်း တစ်ရက် နန်း တော်မှ နှင်ထုတ်ခံခဲ့ရပြီး ပျဉ်းမနားတောင်ခြေ အရပ်မှ ယခု နန်းနိုင်ဒေသသို့ ရောက်ရှိလာ သည်ဟု သိရသည်။ နန်းတော်မှ နှင်ထုတ်ခံရ သူများရှိရာအရပ်ကို နန်းနှင်အရပ်ဟု ခေါ်စေ ခဲ့သည်။ ထိုအမည်ကို သူတို့လက်မခံဘဲ နန်း တော်ကို အနိုင်ပိုင်းပြီးမှ ထွက်ခွာလာခြင်း ဖြစ်၍ နန်းနိုင်ဟု ပြောင်းလဲခေါ်ဝေါ် အသုံးပြု ခဲ့ကြ၏။ “တောင်ရိုးအစ နန်းနိုင်က” ဟု သုံး နှုန်းခဲ့ကြသည်။ သူတို့ကို တောင်ရိုးကြီးဟု လည်း ခေါ်ကြသည်။ ရှမ်းမြေလတ်တောင် ဘက် ပိုင်းဖြစ်သော အင်းလေးဝန်းကျင်ဒေသ၊ ပင်လောင်းမြို့နယ် မြောက်ပိုင်း၊ ကလောမြို့နယ်တောင်ပိုင်းဒေသများတွင် ပျံ့နှံ့နေထိုင် ကျက်စားလျက်ရှိပါသည်။

ရသူတောင်ရိုး

ပင်းတယမြို့နယ် ရတောင်တန်းတစ် လျှောက် အမှီပြုနေထိုင်သူများကို ရသူတောင် ရိုးဟု ခေါ်သည်။ တောင်ရိုးလတ်ဟုခေါ်ပြီး ရှမ်းမြေလတ် မြောက်ဘက်တွင် နေထိုင်အမှီ သဟဲပြုလျက်ရှိပါသည်။

ပြင်သူတောင်ရိုး

 လွင်ပြင်ကျယ်ရှိရာ အရပ်ဒေသများတွင် နေထိုင်ကျက်စားလာသူများကို ပြင်သူတောင် ရိုးဟု ခေါ်ကြသည်။ ထိုအရပ်ဒေသများရှိ မြေ အရောင်သည် အနီရောင်များသဖြင့် တောင် ရိုးနီဟုလည်း ထပ်မံခေါ်သေးသည်။ အလွယ် အားဖြင့် တောင်ရိုးငယ်ဟု ခေါ်ပါသည်။ ရှမ်း မြေလတ်အလယ်ဖြစ်သည့် ဟဲဟိုးဒေသ၊ အောင်ပန်းဒေသ၊ ပင်းတယတောင်ဘက်နှင့် အရှေ့တောင်ဘက်ဒေသများတွင် မှီတင်းနေ ထိုင် အခြေချလျက်ရှိသည်။

အခွင့်အရေးဆုံးရှုံးနေသော တောင်ရိုး

         တောင်ရိုးတိုင်းရင်းသား စာပေနှင့် ယဉ် ကျေးမှုအသင်းကနေ လက်ရှိကောက်ခံထား သည့် စာရင်းများအရ တောင်ရိုးလူမျိုး တစ် သိန်းခွဲ  (၁၅၀ç၀၀၀) ကျော်ပြီဟု သိရသော် လည်း နိုင်ငံတော်၏ တရားဝင်စာရင်းတွင် ၄၇၀၀၀ သာ ရှိသေးသည်ဟု ဆိုသည်။ ထို့ ကြောင့် တောင်ရိုးတိုင်းရင်းသားလူမျိုးစုမှာ တောင်ရိုး တိုင်းရင်းသားရေးရာဝန်ကြီးကို ယနေ့အထိ မရသေးသောကြောင့် တောင် ရိုး တိုင်းရင်းသားများအနေဖြင့် တောင်းဆိုခဲ့ဖူး သည်။

ရှေးကျသော လူမျိုးကြီး (တောင်ရိုး)

 တောင်ရိုးတိုင်းရင်းသားများသည် လွန် စွာ ရှေးကျသော တိုင်းရင်းသားမျိုးနွယ်စု လူ မျိုးကြီးတစ်မျိုး ဖြစ်ကြောင်းအထောက်အထား များအရ သိရသည်။ တောင်ရိုးမျိုးနွယ်စု တိုင်း ရင်းသားများသည် သမိုင်းသုတေသီတို့အဆို အရ ရှေးမြန်မာအနွယ် (proto burmese များကဲ့သို့ပင် တိဘက်မြန်မာအုပ်စု အပါအဝင် ဖြစ်ကြောင်းနှင့် ရခိုင်၊ မြန်မာ၊ ဓနု၊ တောင်ရိုး၊ အင်းသား အစရှိသည့် လူမျိုးစုများ ဖြစ်လာကြ မည့် ရှေးမြန်မာအနွယ်များမှာ မေခ-မလိခ မှ ဧရာဝတီမြစ်ကြောင်းကိုစုန်၍ ဆင်းသက် လာပြီး ၎င်းင်းဒေသတွင် အခြေစိုက်ကာ မြန်မာ များ ဖြစ်လာကြသည်။

 အချို့မှာ ဇော်ဂျီ၊ ပန်းလောင်မြစ်အတိုင်း အရှေ့သို့တက်၍ ဓနု၊ တောင်ရိုး၊ အင်းသား စသည်တို့ ဖြစ်လာကြပြီး အချို့မှာ ရခိုင်ရိုးမ ကို ကျော်ဖြတ်ကာ အခြေစိုက်၍ ရခိုင်လူမျိုး များ ဖြစ်လာကြကြောင်း၊ ထို့ကြောင့် “ရခိုင်အစ တောင်ရိုးမှ” ဟူသော ယူဆချက်ရှိလာခဲ့ ကြောင်း ဆိုသည်။ (စကားချပ်-တောင်ရိုး တိုင်းရင်းသားများသည် ရခိုင်မှဆင်းသက်လာ သည်ဟုသော ယူဆချက်ကို ငြင်းပယ်ခြင်းများ လည်း ရှိပြီး ရခိုင်မှ ဆင်းသက်လာသည်ဟု ရေးသားဖူးသော စာများလည်း ရှိခဲ့ဖူးသည်။ သို့သော် တောင်ရိုးအများစုသည် တောင်ပေါ် ရိုးပေါ် ဦးဆုံးတက်ခဲ့သောလူမျိုးဖြစ်သဖြင့် တောင်ရိုးလူမျိုး၊ ပအိုဝ်းတိုင်းရင်းသား များ သည် တောင်သူလူမျိုးဟူသော သက်ကြီး စကား ပြောကြားချက်များရှိကြောင်း တောင်ရိုး အမျိုးသမီး တစ်ဦးက ဆိုသည်)။

   ပုဂံခေတ် ကျောက်စာများနှင့် ရှေးဟောင်း စာပေအရေးအသားများတွင် တွေ့ရသော ဝေါဟာရ၊ ပေါရာဏ စကားများကို တောင်ရိုး အမျိုးသားတို့၏ နေ့စဉ်သုံးစကားများ၌ ပါဝင် နေကြောင်း တွေ့ရှိရသည်။ ရိုးရာပွဲတော် တာ တက်ပွဲများ၊ ရှင်ပြုပွဲများတွင် အိုးစည်မောင်း ဆိုင်းများတီး၍လည်းကောင်း၊ ပလွေ၊ သံလွင် စည်းနှင့် မောင်းများ တီးမှုတ်၍လည်းကောင်း၊ သံချပ်များ၊ စာချိုးများ၊ တောင်ရိုးစကား၊ တောင် ရိုးသံတို့ဖြင့် အနုရိုး (ခေါ်) တောင်ရိုးမယ်ဘွဲ့၊ မောင်ဘွဲ့တေးထပ်များကို သီဆိုတီးမှုတ်ကခုန် လေ့ရှိကြောင်း လေ့လာသိရှိရသဖြင့် အနုသုခုမ ကို ချစ်ခင်မြတ်နိုးသော တိုင်းရင်းသားများဖြစ် ကြောင်း သိရပြီး ဘာသာတရား ရိုသေကိုင်း ရှိုင်း ကာ ယဉ်ကျေးမှုအဆင့်အတန်းမြင့်မား သည့် တိုင်းရင်းသားများအဖြစ် လေးစားဂုဏ် ယူထိုက်ကြောင်း တောင်ရိုးအမျိုးသားနေ့တွင် ဖတ်ကြားခဲ့သော စာတမ်းတစ်စောင်အရ သိရ သည်။

တောင်ရိုး တံဆိပ်

    တောင်ရိုးမင်းတစ်ပါးဖြစ်သူ ဖိုးဆော် ချောင်ဖြူမင်းသည် တပေါင်းလဆန်း ၃ ရက် တွင် မင်းဖြစ်ချိန်၊ မင်းဖြစ်ဖို့ မင်းလောင်းဘဝ ကနေ တောင်ရိုးဒေသကနေ ပုဂံပြည်ကိုသွား ရန် အသုံးပြုသော မြင်းဖြူကို အစွဲပြု၍ တောင် ရိုး တိုင်းရင်းသားအမှတ်တံဆိပ်အဖြစ် မြင်းဖြူ ကြီးကို တန်ဖိုးထား သတ်မှတ်ခြင်းဖြစ်ကြောင်း တောင်ရိုးစာပေနှင့် ယဉ်ကျေးမှုအသင်း အတွင်းရေးမှူး ဖိုးကျော်လှက ပြောပြ၏။

  အလံတွင် အပြာရောင်သည် တောင်ရိုး တိုင်းရင်းသားတို့သည် အေးချမ်းစွာနေတတ် ခြင်း၊ အနီရောင်သည် အမိမြန်မာနိုင်ငံအတွက် လိုအပ်လျှင် ရွပ်ရွပ်ချွံချွံရဲရင့်ခြင်း၊ ကြယ်မကြီး သည် ပြည်ထောင်စု မြန်မာနိုင်ငံတော်၊ ကြယ် ဖြူလေး သုံးလုံးသည် တို့တာဝန်အရေးသုံးပါး ဖော်ကျူးထားခြင်းဖြစ်ကြောင်း၊ ၂၀၀၉ ခုနှစ် တွင် သတ်မှတ်ခြင်းဖြစ်ကြောင်း သိရသည်။တောင်ရိုးဒေသ

 တောင်ရိုး တိုင်းရင်းသားများသည် ရှမ်း ပြည်နယ် နေရာအနှံ့အပြား၌ ပျံ့နှံ့နေထိုင်ကြ ပြီး တောင်ပိုင်းတွင် အများဆုံး နေထိုင်ကြ သည်။ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ များဖြစ်သော ပင်လောင်းမြို့နယ်၊ ဟိုပုံးမြို့နယ် နှင့်ဆီဆိုင်မြို့နယ်တို့တွင် လည်းကောင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများဖြစ်သော ရွာငံနှင့် ပင်းတယ ဒေသတို့တွင်လည်း ကောင်း၊ တောင်ကြီးမြို့နယ်၊ ကလောမြို့နယ်၊ တွင်းရှိ ကျေးရွာများ၊ အောင်ပန်း၊ ဟဲဟိုးဒေ သများ၊ လွိုင်လင်ခရိုင်အတွင်းရှိ လွိုင်လင်၊ နမ့်စန်၊ ပင်လုံမြို့တို့တွင်လည်း ပျံ့နှံ့နေထိုင် လျက်ရှိကြောင်း သိရသည်။ ကလောဒေသ တစ်ဝိုက် အများဆုံးနေထိုင်ကြပြီး ပအိုဝ်းနှင့် ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နှစ်ခုကြား၌ တည်ရှိ၍ ပင်လောင်းတောင်ခြေရှိ ရမည်း သင်း အစပ်နားတွင်လည်း နေထိုင်ကြသေး သည်။

 တောင်ရိုးများသည် ရခိုင်လူမျိုးကနေ ဆင်းသက် လာကြသည်ဟုလည်း ဆိုကြသည်။ စကားပြောရာတွင် ရခိုင်နှင့် အနည်းငယ်ဆင် တူသယောင်ရှိပြီး တောင်ရိုးဘာသာ စာပေ နှင့်စကားကို ဆရာတော် သံဃာတော်များနှင့် တိုင်ပင်ညှိနှိုင်းပြီး ဘာသာစကားအရေးအ သားတစ်ရပ်ကို တီထွင်ဖော်ထုတ်ပြီးဖြစ် ကြောင်း သိရသည်။

 တောင်ရိုးတိုင်းရင်းသားများသည် စာပေ၊ စကားနှင့် ယဉ်ကျေးမှု ထုံးတမ်းဓလေ့များ ပိုင်ဆိုင်ထားသော လူမျိုးစုတစ်စုဖြစ်ကြောင်း ဝံ့ကြွားစွာ ပြောဆိုကြသည်။ စိုက်ပျိုးရေးကို အဓိက အသက်မွေးဝမ်းကျောင်းလုပ်ငန်း အဖြစ် အားထားလုပ်ကိုင်ကြပြီး ဗုဒ္ဓဘာသာ ကိုးကွယ်ကြကာ ဘာသာတရားကိုလည်း ရို သေကိုင်းရှိုင်းကြသည်။

  တောင်ရိုး တိုင်းရင်းသူမလေးများသည် ကျေးလက်တောရွာ၌ အများစုနေထိုင်ကြ သည့်အတွက် ချောမောလှပကြပြီး မြို့သူများ နှင့်မတူ ရိုးရိုးလေးနှင့် ယဉ်ယဉ်လေးများဖြစ် ကာ မိမိတို့၏ ရိုးရာယဉ်ကျေးမှုဓလေ့များကို ထိန်းသိမ်းထားကြသူများ ဖြစ်ကြသည်။

တောင်ရိုးဓလေ့ ဝတ်စားဆင်ယင်မှု

 တောင်ရိုးတိုင်းရင်းသားများတွင် အမျိုး သမီးများသည် အနက်ရောင်ဝမ်းဆက် (အ ထက်အောက် တွဲလျက်ဝတ်စုံ) သင်တိုင်းခေါ် သောဝတ်စုံကို ဝတ်ဆင်လေ့ရှိပြီး ခေါင်းတွင် တဘက်ဖြင့် ရောင်စုံခေါင်းပေါင်းများကို ဝတ် ဆင်လေ့ရှိကြသည်။ အမျိုးသားများက နက် ပြာရောင်ဘောင်းဘီနှင့် ကောင်းကင်ပြာ ရောင်၊ မိုးပြာရောင်အကျႌကိုဝတ်ပြီး ခေါင်း ပေါင်းများ ပေါင်းထားလေ့ရှိသည်။

ဝတ်စားဆင်ယင်မှုအနေဖြင့် ပုဂံခေတ် က နှစ်ပေါင်းထောင်ချီခဲ့ပြီဖြစ်သဖြင့် မတူညီ တော့ဘဲ တောင်ပေါ်တွင် ရှေးလူကြီးများနေခဲ့ သော ရိုးရာကို ကိုယ်ပိုင် ရိုးရာအဖြစ်သတ် မှတ်ကာ ချည်ဖြင့် ဂျပ်ခုတ်ရက်လုပ်သော သင် တိုင်းအနက်ရောင်ကို ဝတ်ကာ အမျိုးသား သည် နက်ပြာရောင်ဘောင်းဘီ၊ မိုးပြာရောင် ( sky blue ) ဖျင်အကျႌကို မဲနယ်ဆိုးပြီး ဝတ် ကြခြင်းဖြစ်ကြောင်း သိရသည်။

တောင်ရိုးများ၏ လိုအပ်ချက်

   တောင်ရိုးများသည် ပအိုဝ်းနှင့် ဓနုဒေသ ကြားတွင် ပျံ့နှံ့နေထိုင်သည့်အတွက် ဒေသဖွံ့ ဖြိုးရေးများ တိုးတက်မှုနှေးကွေးနေပါသည်။ တောင်ပေါ်ဒေသများတွင် နေထိုင်သူများ သည် နှစ်စဉ် ရေလိုအပ်ချက် မြင့်မားပါသည်။ ဒေသနှစ်ခု ကြားထဲ၌ နေထိုင်ကြသည့်အတွက် နှစ်ဖက်စလုံးမှ ဌာနဆိုင်ရာတွေကလည်း ပစ် ပယ်ထားခြင်းကို ခံနေရပြီး ကြားညှပ်ခံနေရ သည်ဟု လည်း တောင်ရိုးတိုင်းရင်းသားများက ဆိုကြသည်။

          ဒေသဖွံ့ဖြိုးရေးအဖြစ် ရေလိုအပ်ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးလိုအပ်ချက် များစွာရှိနေ ကြောင်း တောင်ပေါ်ဒေသတွင်နေထိုင်ကြ သော ဒေသခံ များက ပြောကြားသည်။

 တောင်ရိုး သမိုင်းကြောင်း

          တောင်ရိုးတိုင်းရင်းသားတို့၏ ရာဇဝင်ကို တောင်ရိုးစာအုပ်ရေးသားသူ ဆရာမင်းလွင်ဦး (အောင်ပန်း) ထံမှ ထပ်ဆင့် ကြားနာရပါသည်။

          မှန်နန်းရာဇဝင်မှ မှီငြမ်းချက် သမိုင်း ကြောင်းအမှန်သည် အောက်ပါအတိုင်းဖြစ်၏။

          ၈၄၆ ခု၊ ပျဉ်ပြားမင်း နန်းတက်ပြီး သုံးနှစ် အကြာ ပုဂံမြို့တည်သည်။ ၈၇၈ ခု တန်နက် မင်းနန်းတက်ကာ ၉၀၆ ခု စလေငခွေး သူ့ ဆရာ တန်နက်မင်းကို လုပ်ကြံပြီး နန်းတက် သည်။  တန်နက်မင်း မိဖုရားခေါင်က သူ့ကို မိဖုရားတင်မြှောက်မည် စိုးရိမ်သည့်အတွက် ရခိုင်လူမျိုး မောင်းမမိဿံများခေါ်ဆောင်ပြီး ရှမ်းတောင် ကြောင်းဖြူ အရပ်ကို တန်နက်မင်း နှင့်ရသည့်ကိုယ်ဝန်နှင့် ထွက်ပြေးခဲ့ကြသည်။  ထိုအရပ်က ရွှေထွက်၍ ရွှေကြောင်းအရပ်ဟု လည်း ခေါ်သည်ဟုဆိုကြသည်။                

       ပေါင်းလောင်းမြစ်ဖျားခံရာ အရပ်ဖြစ် သည်။ ယခု ရှမ်းတောင်နှင့် သာစည်နယ်အ ကြား နောင်နန်းလိုဏ်ဂူ ချောင်ဖြူအရပ်။ မိဖု ရားက ရခိုင်ဘုရင်၏ သမီးတော်ဖြစ်သည်။ 

          ချောင်းဖြူအရပ်တွင် သားတော်ကို ဖွား မြင်ခဲ့၊ အရွယ်ရောက်သော် အဖော်များက အဖမဲ့သားဟု ပြောကြစကြရာ မိခင်က အဖြစ် မှန်ကို ပြောပြရာ ဘဝမှန်ကိုသိပြီး “ဖခမည်း တော်အရာကို ငါ ရပါစေသား” ဟု သစ္စာပြုခဲ့ သည်။   ၉၁၅ ခု ၊ စလေငခွေးသား သိန်းဃိုဠ်မင်း နန်းတက်ရာ ထို သိန်းဃိုဠ်မင်းကို လုပ်ကြံ သတ်ဖြတ်ပြီး ၉၃၁ ခု ညောင်ဦးစောရဟန်းမင်း နန်းတက်၊ ညောင်ဦးစောရဟန်းမင်းထံ ဖိုး ဆော်လုလင်က အခစားဝင်ခဲ့လေ၏။ ကွမ်း ဆော် (အခွန်ကောက်အရာရှိ^ကွမ်းတော် ဆက်) ခန့်အပ်ခံခဲ့ရသည်။ ၉၆၄ ခု၊ ကွမ်းဆော် ကြောင်းဖြူမင်း နန်းတက်ခဲ့သည်။ 

          တန်နက်မင်း မိဖုရားအဖွဲ့လည်း နေရပ် မပြန်တော့ဘဲ ရှမ်းရိုးမတောင်တန်းများပေါ် တွင် ပျော်ရွှင်စွာ လုပ်ကိုင်စားသောက်ရင်း ထို ဒေသကို ]တောင်ရိုးပျော်} ဟု ခေါ်ခဲ့ကြောင်း၊ ထိုဒေသတွင် အစဦးနေထိုင်သူများကို တောင် ရိုးလူမျိုးဟု ခေါ်ခဲ့ပြီး ကွမ်းဆော်ကြောင်းဖြူ မင်းကိုလည်း တောင်ရိုးအခေါ် ချောင်ဖြူအရပ် မှ ဘုရင်ဖြစ် သော ]ဖိုးဆော်လုလင်} ဟု ခေါ် တွင်ခဲ့ကြောင်း လေ့လာခဲ့ရသည်။

          တောင်ရိုးလူမျိုးဆင်းသက်လာပုံမှာ လွန် ခဲ့သော နှစ်ပေါင်းတစ်ထောင်ကျော်က ပုဂံ ခေတ်တွင် ရခိုင် မိဖုရားတစ်ပါးသည် တိုင်း ပြည်အခြေအနေ အန္တရာယ် ပဋိပက္ခများ ကြောင့် ရှောင်တိမ်းရင်း အခြွေအရံများဖြင့် ရှမ်းရိုးမတောင်ပေါ်သို့ ရွှေ့ပြောင်းအခြေချ ရင်းဖြင့် တောင်ရိုးမျိုးနွယ်စု ပေါက်ဖွားလာ ကြောင်း တောင်ရိုး စာပေနှင့် ယဉ်ကျေးမှု အသင်း (ဗဟို) ဥက္ကဋ္ဌဖြစ်သူ ဦးသောင်းရွှေက ပြောပြဖူးသည်။ 

ကွမ်းဆော်ကြောင်းဖြူမင်း

          သမိုင်းကြောင်း ပိုမိုတိကျစေရန် မှန်နန်း ရာဇဝင်၊ မဟာရာဇဝင်နှင့် ျွှနုငစနိငေ တို့၌ ဖော်ပြချက်ကို ဖတ်ရပြန်၏။

          ကွမ်းဆော်ကြောင်းဖြူမင်းဆိုသည်မှာ ပထမမြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့သူ မင်းမြတ်အနော်ရထာ၏ ဖခမည်းတော် ဖြစ် သည်။ ပုဂံမင်းဆက် ၅၅ ဆက်တွင် ၃၉ ဆက် မြောက် ဘုရင်မင်းမြတ်ဖြစ်၏။

          ကွမ်းဆော်ကြောင်းဖြူမင်းသည် ပုဂံမင်း ၃၉ ဆက်မြောက်ဖြစ်ပြီး (AD ၉၉၁ -၁၀၁၃) ဖြစ်သဖြင့် ၂၂ နှစ် အုပ်ချုပ်ခဲ့ရ၏။ ကွမ်းဆော် ကြောင်းဖြူမင်းဆိုသည်မှာ (ကွမ်းဆော် အ လုပ်အကိုင်ကို အစွဲပြု၍ခေါ်သောနာမည်= ကွမ်းဆော်မင်း) (ကြောင်းဖြူအရပ်ဒေသ ဇာစ် မြှုပ်နေထိုင်ရာအရပ်ကို အစွဲပြု၍ ခေါ်ဆို သော နာမည်=ကြောင်းဖြူမင်း ) ဖြစ်၏။ ထိုမင်း နန်းတက်ပုံမှာ ထူးခြား၏။

          တောင်သူကြီးမင်း (ညောင်ဦးစောရ ဟန်း) နန်းတက်စဉ် ဖိုးဆော်လုလင်သည် တောတွင်းအရပ်၌ မိခင်ဖြစ်သူနှင့်အတူ ဇာစ် မြှုပ်နေထိုင်ကာ ကြီးပြင်းလာရ၏။ အရွယ် ရောက်သည့်အခါ ကွမ်းဆော် (အခွန်ကောက် ခံသည့် အလုပ်) ဖြင့် မင်းမှုထမ်းဖြစ်လာ၏။ လယ်ကွင်း၊ ယာကွင်းများကို တိုင်းတာဆော်သြ ပြီး အခွန်ကောက်ခြင်းပင်။ အလုပ်တာဝန်အရ နေ့စဉ် နန်းတွင်းသို့ အခစားဝင်ရောက်ရလေ ၏။ မိခင်သည် သားကွမ်းဆော်အတွက် စား မြိန်စားထုပ်ကို စီစဉ်ပေးရ၏။ ကွမ်းဆော်သည် စားမြိန်ထုပ်ကို စောင်းချမ်းပင်ကြီးအောက်တွင် ဖြေ၍ စားဦးတင်၏။ စောင်းချမ်းပင်စောင့် နတ်မှစ၍ နတ်နဂါးများကို အမျှပေးဝေ၏။ နတ်တို့က အိပ်မက်ပေး၍ သရဏဂုံ၊ ငါးပါးသီ လ  မြဲစွာဆောက်တည်၊ သစ္စာစကားကို မှန် အောင်သုံး၊ အနုဿတိ ၁၀ ပါးကို တစ်နေ့ နှစ် ထောင်ရအောင် စီးဖြန်းဟု ဆိုကြ၏။ နတ်တို့ ဆိုသည့်အတိုင်း အမြဲဆောက်တည်လေ၏။

          တစ်ရက်တွင် မင်းလောင်းပေါ်မည်ဟု ကောလာဟလ ထွက်ပေါ်လာပြီး ကွမ်းဆော် လုလင်သည်လည်း မင်းလောင်းကြည့်ရန် နံနက် စောစော နန်းတော်သို့ ထွက်လာလေ၏။ လမ်းခရီးတွင် အဘိုးအိုယောင်ဆောင်ထား သော သိကြားမင်းနှင့် တွေ့၏။ အဘိုးအိုက မင်းလောင်းကြည့်ရန် လာခြင်းဖြစ်ကြောင်းနှင့် မိမိပစ္စည်းများကို မင်းလောင်းကြိုသည့် နန်း တော်ဝသို့ ယူဆောင်သွားပေးရန် ပြောသည်။ ကွမ်းဆော်သည် အဘိုးအိုပေးသော မကိုဋ် သရဖူ၊ အရိန္နမာလှံနှင့် မြင်းဖြူတို့ကို စီးကာ မင်းလောင်းကြိုသည့် နန်းတော်ဝသို့ ထွက်လာ ခဲ့သည်။ အဆင်တန်ဆာဆန်းများ ဆင်မြန်း ကာ မြင်းဖြူစီးလာသည့် ကွမ်းဆော်ကို လူအ များမြင်လျှင် မင်းလောင်းဟု တညီတညွတ် တည်း လက်ခံရိုကျိုးသဖြင့် မင်းအဖြစ်သို့ ရလေ၏။ တောင်သူကြီးမင်းသည်လည်း နန်း တော် လေသာဆောင်မှ အရှိန်လွန် ပြုတ်ကျသ ဖြင့် ကွယ်လွန်သည်။

          (ထို ပါးစပ်ရာဇင်မှာ ထင်ရှား၏။ ထိုဖြစ် စဉ်ကို သုံးသပ်ကြည့်လျှင် နန်းတော်တွင်းမှ တန်နက်မင်း၏ ကျွန်ရင်းများကလည်းကောင်း၊ တောင်သူကြီးမင်း၏ ညံ့ဖျင်းမှုကို သိမြင်သဖြင့် ဘုရင်သစ်တစ်ပါး တင်မြှောက်လိုသူအဖွဲ့မှ လည်းကောင်း၊ တန်နက်မင်း၏ သားတော်ဖြစ် သည့် ကွမ်းဆော်ကို တစ်ဖက်လှည့်ဖြင့် နန်း တင်ရန်ကြိုးစားခြင်းဖြစ်သည်ဟု သုံးသပ်နိုင် သည်)။

နန်းတက်ပုံ နန်းဆင်းပုံ

          အနော်ရထာ၏ ခမည်းတော် ကွမ်းဆော် ကြောင်းဖြူမင်း မြန်မာသက္ကရာဇ် ၃၂၆ တွင် ထီးနန်းရ၏။ မှန်နန်းရာဇဝင်တွင် အနော် ရထာသည် မြောက်ပြင်မိဖုရား၏ သားတော် ဟုဆို၏။ တန်နက်မင်း၏ သားတော် ဖြစ်သော ကွမ်းဆော်လုလင်သည် မင်းမျိုးမင်းနွယ်ဟု သိရှိပြီး တစ်နေ့ ထီးနန်းရမည်ဟု ယုံကြည်ထား ၏။ ကွမ်းဆော်အဖြစ် အမှုထမ်းစဉ် တစ်နေ့ မင်းလောင်းပေါ်မည်ဟု ကျော်စောလာလေ သည်။ ပုဂံသားတို့က မင်းလောင်းကို ပူဇော်ရန် အတွက် တုရင်တောင်ကို သွားကြ၏။ ကွမ်း ဆော်လုလင်လည်း မင်းလောင်းကို ကြည့်လို သည့်အတွက် လမ်းခရီးတွင် အမည်မသိ လူ တစ်ယောက်က သူ၏ မြင်းနှင့်အတူ ပတ္တမြား ဥသျှောင်၊ ပတ္တမြားလက်စွပ်၊ အရိန္ဒမာလှံနှင့် ဓားတို့ကို ကွမ်းဆော်မင်းထံ ပေးအပ်လိုက် သည်ဟု ဆိုသည်။ (နန်းတော်တွင်းမှပင် တစ် ဖက်လှည့်ဖြင့် ကွမ်းဆော်လုလင်ထံ လာ ရောက် ပေးအပ်ခြင်းဟုထင်၏။ နိုင်ငံရေး အရှုပ်ပုံအကြား ခြယ်လှယ်ကြိုးကိုင်သူ ရှိရ မည်ဟုလည်း ယူဆရ၏) ကွမ်းဆော်လည်း ထိုပစ္စည်းများကို ယူဆောင်၍ တုရင်တောင် ကို သွားလေ၏။ လူထုကလည်း ကွမ်းဆော်ကို မင်းလောင်းအဖြစ် တင်မြှောက်လိုက်ကြ၏။ ထိုစဉ် စောရဟန်းမင်းက မိမိရှိနေပါလျက်နှင့် မည်သူက ဒီလိုလုပ်သလဲဟု အမျက်ရှနေစဉ် (ဒေါသထွက်စဉ်) တံခါးဝမှ ရုပ်တုကျိုးကျပြီး ဦးခေါင်းစိုက်ကျ နတ်ရွာစံခဲ့၏။ (တောင်သူကြီး မင်းသည်လည်း အနော်ရထာနှင့် အတူတူပင် နန်းသက် ၃၃ နှစ် စိုးစံခဲ့ခြင်းဖြစ်၏။)

          ညောင်ဦး စောရဟန်းမင်း နတ်ရွာစံစဉ် မိဖုရားသုံးပါး ကျန်ရစ်ခဲ့၏။ မိဖုရားကြီး တောင် ပြင်၊ အလတ် အလယ်ပြင်၊ အငယ် မြောက်ပြင် ဟု ခေါ်တွင်၍ အကြီးနှင့်အလတ်တို့တွင် ကိုယ်ဝန်ကျန်ရစ်ခဲ့၏။ အငယ်ဖြစ်သော မြောက် ပြင်မိဖုရားတွင် ကိုယ်ဝန်မကျန်ရစ်ဟူ၏။ ကွမ်းဆော်ကြောင်ဖြူမင်းသည် မိဖုရားသုံးပါး ကိုပင် ဆက်လက်၍ မိဖုရားတင်မြှောက်ရာမှ (တောင်သူကြီးမင်း၏ ပဋိသန္ဓေပါလာသော) မိဖုရားကြီးမှ သားတော် ကျည်းစိုး၊ (တောင်သူ ကြီးမင်း၏ ပဋိသန္ဓေပါလာသော) အလယ်ပြင် မိဖုရားတွင် သားတော် စုက္ကတေးနှင့် မိဖုရား ငယ်တို့မှ သားတော် အနော်ရထာမင်းကို မွေး ဖွားခဲ့၏။ မိဖုရား သုံးပါးမှာ ညီအစ်မတော် သဖြင့် ကျည်းစိုး၊ စုက္ကတေးနှင့် အနော်ရထာ တို့သည် ဝမ်းကွဲညီအစ်ကို တော်စပ်ကြ၏။         

စုက္ကတေးသည် ငယ်ရွယ်စဉ်ကပင် ပါး ရည်နပ်ရည်ရှိပြီး ကျည်းစိုးမင်းသားသည် မိဖု ရားကြီးက ဖွားမြင်ထားသဖြင့် အရေးပါသည်။

          ကွမ်းဆော်မင်း နန်းစံ ၂၂ နှစ်တွင် စုက္က တေးမင်းသား၏ အကြံÓဏ်ဖြင့် ကျည်းစိုး မင်းသားတို့ ပေါင်းကာ ကျောင်းဆောင်တစ် ဆောင် ကျောင်းအဖြူဆောက်လုပ်လှူဒါန်း ပြီး ကျောင်းတော် ရေစက်ချအလှူ၌ သာဓုခေါ် ပေးရန် မင်းကြီးကို ဖိတ်ကြားရာ အကြံမသိသ ဖြင့် ကွမ်းဆော်ကြောင်းဖြူမင်းသည် ကြွ ရောက်ခဲ့၏။ ကျောင်းအဖြူသို့ ရောက်စဉ် သီ တင်းသုံးမည့် ပုဂ္ဂိုလ် မတွေ့သဖြင့်မေးမြန်းရာ မင်းကြီးပင်ဖြစ်သည်ဟု ဆိုကာ နန်းချလိုက် လေ၏။ သို့ဖြင့် ကွမ်းဆော်ကျောင်းဖြူမင်းသည် ထိုကျောင်းငယ်တွင်ပင် ရဟန်းဝတ်ဖြင့် နေ ထိုင်သွားရလေ၏။

          (ကျောင်းအဖြူသို့ပို့ကာ နေစေသဖြင့် ကျောင်းဖြူမင်းဟု ခေါ်သည့် အယူအဆများ လည်း ရှိသည်)။ သက္ကရာဇ် ၆၇၅ ခုရေးသော မြင်းကပါ ဂူပြောက်ငယ် မင်စာတွင် ကေ’ာင်ဖ’ူ (ကျောင်းဖြူ) မင်းအကြောင်း တွေ့ရ၏။ အရစ် နှင့် မရေးဘဲ လဆွဲအရစ်ဖြင့် ရေးသည်။ ဖြူ သောကျောင်းဟု အဓိပ္ပာယ်ရသည်။

          အဆိုပါ ကျောင်းဖြူမင်း နတ်ရွာစံ၍ ထီး ဖြူဆောင်းနတ် ဖြစ်လာသည်ဟုဆို၏။ ထီးဖြူ ဆောင်းသည် ပုဂံနော်ရထာမင်း၏ ခမည်း တော် ကွမ်းဆော်မင်း (၃၂၆-၃၄၈) ဖြစ်သည်။ ကျည်းစိုးနှင့် စုက္ကတေးတို့က ပုန်ကန်လှည့်စား ၍ ရဟန်းပြုစေသဖြင့် ရဟန်းအဖြစ်ဖြင့် အနိစ္စ ရောက်ရာမှ နတ်ဖြစ်သည်ဟုဆို၏။ နတ်ရုပ် မှာ ပုလ’င်ခုံပြန့်ပေါ် တင်ပျဉ်ခွေလျက်၊ သင်္ကန်း ဒူးကုဋ်တင်ဟန်နှင့် မိုးကြိုးသွားပုံ ဒေါက်ချာ ဆောင်းထားသည်။ ယာလက်က သရဘတ် ကိုင်၍ (ယပ်တောင်ကိုင်ကာ) ဝဲလက်က ဒူး ပေါ်ထောက်ထားသည်။

(ဤကား wikipedia တွင် ဖော်ပြထားခြင်း ဖြစ်ပေသည်)။

ဆုတောင်း

          တောင်ရိုးတိုင်းရင်းသားများ နေထိုင်ကြ သည့် တောင်ပေါ်ဒေသကို အမှီပြုပြီး ခရီးသွား ဒေသ ဖွံ့ဖြိုးလာစေရန်လည်းကောင်း၊ တောင် ရိုးတိုင်းရင်းသားများ၏ လူနေမှုဘဝအဆင့်အ တန်း မြင့်မားလာစေရန်လည်းကောင်း၊ ပညာ တတ်သော တိုင်းရင်းသားမျိုးနွယ်စုများ ဖြစ် ကြပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော မျိုးနွယ်စု များအဖြစ် ရှမ်းပြည်နယ်အတွင်း မှီတင်းနေ ထိုင်ကြသော မျိုးနွယ်စုအားလုံး ချစ်ချစ်ခင်ခင် ဖြင့် ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်ကြ ပါစေကြောင်း ဆုမွန်ကောင်း တောင်းရင်းဖြင့် တောင်ရိုးအမျိုးသားနေ့ကို ဂုဏ်ပြုရေးသား လိုက်ပါသည်။

ပုံစာ - (၁၄ )ကြိမ် မြောက် တောင်ရိုးအမျိုးသား နေ့ ကို ကလောမြို့နယ်၊ နန်းနိုင်ကျေးရွာအုပ်စု၊ နန်းနိုင်ဘုရား (နန်းမာန်ဘုရားတောင်) တွင် ၂၀၂၃ ခုနှစ် က ကျင်းပစဉ်

(PHOTO - TAUNG YOE MEDIA)

Most Read

Most Recent