လိုတိုရှင်းစီးပွားရေးသုတ(၆၁ မှ ၆၅)

လိုတိုရှင်းစီးပွားရေးသုတ(၆၁ မှ ၆၅)
Published 21 April 2024
စောနိုင်(အသုံးချ ဘောဂဗေဒ)

လိုတိုရှင်း စီးပွားရေးသုတ(၆၁)

ရောဘတ်ဆိုလို ( Robert Solow)

ရောဘတ်ဆိုလို သည်ဟားဗတ်တက္ကသိုလ်မှ ဘီအေ၊ အမ်အေနှင့် ဒေါက်တာဘွဲ့များရရှိခဲ့ပြီး  မက်ဆာချူးဆက်နည်းပညာ အင်စတီကျု(Massachusetts Institute of Technology)တွင် စီးပွားရေး ပါမောက္ခ တစ်ဦးဖြစ်ခဲ့သည်။၁၉၄၁-၁၉၄၅ ကာလများတွင်  အမေရိကန်တပ်မတော်၌ ဝင်ရောက်ခဲ့ တာဝန် ယူ ခဲ့ကာ   ဒုတိယကမ္ဘာ စစ်အတွင်း နိုင်ငံ ရပ်ခြားတွင် တပ်စွဲ၍ တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။

၁၉၅၇ ခုနှစ်တွင် ရောဘတ်ဆိုလို သည် “ နည်းပညာပြောင်းလဲမှုနှင့် စုစုပေါင်း ထုတ်လုပ်မှု ဖန်ရှင်” ဆောင်းပါးကိုရေးသားထုတ်ဝေခဲ့သည်။ထိုဆောင်းပါးထဲတွင်ယခင်က ထည့်သွင်းမစဉ်းစားခဲ့သော      စီးပွား ရေး တိုးတက်မှုဖြစ်စေသည့်   အချက်များကို ရှာဖွေဖော်ထုတ်ထားသည်။ထိုအချက်များတွင်နည်း ပညာ နှင့် တီထွင်ကြံဆမှုတို့ပါဝင်ပြီး  "Solow residuals" ဟု မှတ်ယူထားသည်။  Solow residual ကို    စုစုပေါင်း စွမ်း အားစုထုတ်လုပ်နိုင်စွမ်း ( Total Factor Productivity- TFP) အဖြစ်လည်း ရည်ညွှန်းကြသည်။ နည်း ပညာ တိုးတက်မှု၊ စုဆောင်းမှုနှင့် လူဦးရေတိုးပွားမှုကို ထည့်သွင်းစဉ်းစား၍     ဆိုလို ဖွံ့ဖြိုးမှုမော်ဒယ်လ် (  Solow Growth Model)  ကို တီထွင်ဖော်ထုတ်ဖန်တီးခဲ့သည်။ 

ရောဘတ်ဆိုလို သည် ၁၉၆၁    ခုနှစ်မှ ၁၉၆၃ ခုနှစ်အထိ သမ္မတ ဂျွန်အက်ဖ် ကနေဒီ၏ စီးပွားရေး အကြံ ပေးကောင်စီတွင်   အတွက်   အကြီးတန်းစီးပွားရေးပညာရှင်အဖြစ် တာဝန် ထမ်း ဆောင် ခဲ့ သည်။  ၁၉၈၇ ခုနှစ်တွင် စီးပွားရေးသိပ္ပံဆိုင်ရာ နိုဘယ်ဆုနှင့် သမ္မတ၏လွတ်လပ်မှု သမ္မတဆုတံဆိပ်တို့ကို ချီးမြှင့်ခံ ခဲ့ရ သည်။ ၎င်း၏တပည့်များဖြစ်သော  စီးပွားရေးပါရဂူကျောင်းသားများဖြစ်သည့်  William Nordhaus၊ George Akerlog၊ Peter Diamond နှင့် Joseph Stiglitz တို့သည်လည်း စီးပွားရေး  နိုဘယ်ဆု ရှင်များ ဖြစ် လာ ခဲ့သည်။       

ဝေါဟာရများ

ရောဘတ်ဆိုလို  =  Robert Solow 

နည်းပညာပြောင်းလဲမှု  = technological change   

စုစုပေါင်းထုတ်လုပ်မှုဖန်ရှင် =  aggregate production function 

တီထွင်ကြံဆမှု= innovation

ဆိုလို ဖွံ့ဖြိုးမှုမော်ဒယ်လ်  =   Solow Growth Model  

လိုတိုရှင်း စီးပွားရေးသုတ(၆၂)

ဂယ်ရီဘက်ကာ  Gary Becker  

  

 ဂယ်ရီဘက်ကာ သည်    စီးပွားရေးသီအိုရီများကို လူမှုဗေဒ၊ မိသားစုဆိုင်ရာ၊ လူမျိုးစုများ ဆိုင်ရာ၊ ရာဇဝတ်မှုဆိုင်ရာစသဖြင့်နယ်ပယ်များစွာ တို့နှင့်ဆက်စပ်အသုံးပြုခဲ့သည့်  အမေရိကန်စီးပွား ရေး ပညာရှင် တစ်ဦးဖြစ်သည်။  ဘက်ကာ၏ပထမဆုံးသော လေ့လာတွေ့ရှိမှုမှာ လူမျိုးစုများနှင့်    သက်ဆိုင်သည်။    လူမျိုးစု တစ်စုမှလူတစ်ယောက်က အခြားသောမျိုးမတူသည့်လူမျိုးတစ်ယောက်ဆီသို့ တစ်စုံ တစ် ရာရောင်း ချမှုပြုလုပ်သည့်အခါ အခကြေး ငွေ ပိုမိုသတ်မှတ် ရောင်းချ သည် ကို  ၎င်းက တွေ့ ရှိ ခဲ့  သည်။

ဂယ်ရီ ဘက် ကာသည် ၎င်းတီထွင်ဖော်ထုတ်ခဲ့သော ကလေးဆိုးသီအိုရမ် (Bad Kids Theorem ) ကြောင့် လည်း အလွန်လူသိများထင်ရှားခဲ့သည်။ကလေးဆိုးသီအိုရမ်ဟု အမည်ပေးထားသော အ ယူ အဆမှာ  ဆိုးသွမ်းသောကလေး များသည်ပင်လျှင် ၎င်းတို့အကျိုးအတွက်   ညီအစ်ကို မောင် နှမများက ရပ်တည်ပေး မည်ကို သိပါက  ထိုညီအကိုမောင်နှများ အပေါ်တွင်     ကောင်း မွန်စွာ ပြုမူနိုင်ကြသည် ဆိုသည့် အခြေအနေ ကို ဖော်ထုတ်ထားခြင်းဖြစ်သည်။

ထို့အပြင် ဘက်ကာသည်   ချမ်းသာ ကြွယ်ဝသောဇနီးမောင်နှံတို့အနေဖြင့်  ဆင်းရဲသောဇနီး မောင်နှံတို့ ထက်ပို၍အတူတကွနေကြသည့်အခြေအနေရှိသည်။ထို့ကြောင့်  လင်မယားကွာရှင်းနိုင်ခြေနည်း မည်။ အဘယ့် ကြောင့် ဆိုသော် ချမ်းသာ သော စုံတွဲများသည်  လင်မယား ကွာရှင်းခြင်း ကုန် ကျစရိတ်   ကြီးမား လွန်းသည်ကိုသိရှိသောကြောင့်ဖြစ် သည်ဟုဆိုထားသည်။ထို့ ပြင်အမျိုးသမီးများ၏ လုပ်ငန်း ခွင် ဝင် ရောက် မှုနှင့်သားသမီး မွေးဖွား နှုန်းဆက်စပ်မှုကိုလည်း လေ့ လာ ခဲ့ သည်။ အမျိုးသမီးများအလုပ် ခွင်သို့  ပိုမိုဝင် ရောက် လာကြ သည့် အခါ ၎င်းပိုင်ဆိုင် သည့် အချိန်သည် လည်းတန်ဖိုး မြင့်မားလာသည်။ထိုအချိန်ကို အသုံးပြု၍ ကလေးတစ် ယောက် ကို ပြုစုပျိုးထောင်ရခြင်း၏ စရိတ်လည်းမြင့်လာသည်။    ထို့ကြောင့်  အမျိုးသမီ:များ အလုပ်ခွင် ဝင်ရောက်မှုများပြား လာခြင်းသည် ကလေးမွေး ဖွားနှုန်း ကျဆင်း မှုကို  ဖြစ်စေ သည်ကိုလည်းလေ့လာ  ဖော် ထုတ်ခဲ့သည်။

ဘက်ကာ၏ တွေ့ရှိချက်များသည်  ၎င်း၏ဘဝသက်တမ်းတစ်လျှောက်မှရရှိသော အတွေ့ အကြုံ များ၊ ယုံကြည်မှုများမှ တဖြည်းဖြည်း ရရှိလာခြင်းဖြစ်ပြီး   ၎င်း၏တွေ့ရှိချက် များ၊ အယူ အဆများကို လူအများ ကလည်း ကျယ်ကျယ်ပြန့်ပြန့် လက်ခံမှုများရှိခဲ့သည်။ ၁၉၉၂ ခုနှစ်တွင် စီးပွားရေး ပညာရပ်နိဘ ယ်ဆု ကို ရရှိခဲ့ သည်။  

ဝေါဟာရများ

ဂယ်ရီဘက်ကာ =  Friedrich Hayek    

ညီအကိုမောင်နှများ  = siblings  

ချမ်းသာသောစုံတွဲများ= wealthy couple

လင်မယားကွာရှင်းပြတ်စဲခြင်း   = divorce  

ကလေးမွေးဖွားနှုန်း     =  birth rate    

 

 

လိုတိုရှင်း စီးပွားရေးသုတ ( ၆၃) 

အမာတီယာ ဆန် (  Amartya Sen )

 အမာတီယာ ဆန် သည် အိန္ဒိယ စီးပွားရေးနှင့်အတွေးအခေါ်ပညာရှင်ဖြစ်ပြီး  ဟားဗတ်တက္ကသိုလ်၊  

 စီးပွားရေးနှင့် ဒဿနိကဗေဒ ပါမောက္ခဖြစ်သည်။  အိန္ဒိယနိုင်ငံ၊ကာလာကတ္တားတက္ကသိုလ်တွင်  စီးပွားရေး ဘီအေဘွဲ့အတွက်  လေ့လာ ခဲ့ပြီး၊   ကိန်းဘရစ်တက္ကသိုလ်၊ ထရီနစ်တီကောလိပ်မှ စီးပွားရေးမဟာ ဘွဲ့ နှင့်    ပါရဂူဘွဲ့ရရှိခဲ့သည်။ငယ်စဉ်ဘဝ၊၁၉၄၃ခုနှစ် ဘင်္ဂလားအငတ်ဘေးမှ လွတ်မြောက်ခဲ့ပြီးနောက်  စီးပွား ရေးကို စိတ်ဝင်တစားလေ့လာခဲ့သည်။အမြဲတမ်းအငတ်ဘေးဖြစ်ပေါ်မှုသည် စားနပ်ရိက္ခာ ချို့တဲ့ရုံ သာမက၊ ရရှိနိုင် သောအရင်းအမြစ်များ ခွဲဝေမှုမကြာခဏ ပျက်ပြားခြင်း ကြောင့် ဖြစ်သည်ဟု  ၎င်း ၏ “ဆင်းရဲ နွမ်းပါးမှု နှင့် အငတ်ဘေးများ”ခေါင်းစဉ်တပ်ထားသည့်စာတမ်းတွင် ကောက်ချက်ချခဲ့သည်။ဘင်္ဂလားဒေ့ရှ်ငတ်မွတ် ခေါင်း ပါးမှုအခြေအနေတွင်သေဆုံးမှု သုံးသန်း၏အကြောင်းရင်း ဇစ်မြစ်ကို လေ့လာ ရာ၌  စားနပ်ရိက္ခာပြတ်လပ် ခြင်း မဟုတ်၊   မြို့ပြများ တွင်ဖြစ်ပေါ်နေသည့်      စီးပွားရေးပိုလျှံမှုအကျိုးဆက်    ကုန်ဈေးနှုန်းမြင့်တက်မှု ကြောင့် ဖြစ်သည်ဟု    ၎င်းက တွေ့ရှိခဲ့သည်။

အမာတီယာဆန်သည် လူသားဖွံ့ဖြိုးတိုးတက်ရေး အစီရင်ခံစာကို ဖန်တီးရန်အတွက် ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်နှင့်အတူတကွ  လုပ်ဆောင်ရင်း   ဖွံ့ဖြိုး ဘောဂဗေဒနယ်ပယ်တွင် လည်း အရေးပါသောလုပ်ငန်းများအတွက် အားထုတ်ခဲ့သည်။ဘောဂဗေဒဘာသာရပ်တွင်၎င်း၏အသိသာဆုံးသော အား ထုတ် စွမ်းဆောင်မှုမှာ   “စွမ်းဆောင်ရည်” ဆိုသည့်  အယူအဆဖြစ်သည်။    ၁၉၉၈ခုနှစ်တွင် စီးပွားရေးနို ဘယ် ဆု ချီးမြှင့်ခြင်းခံ ခဲ့ရပြီး  ၁၉၉၉ခုနှစ်တွင်  အိန္ဒိယနိုင်ငံ၏ အမြင့်ဆုံး အရပ်သားဆုဖြစ်သည့်  Bharat Ratna ဆုကို ရရှိခဲ့သည်။ 

ဝေါဟာရများ

အမာတီယာ ဆန် =  Amartya Sen

ဆင်းရဲနွမ်းပါးမှု  = poverty  

အငတ်ဘေး   = famine

အရင်းအမြစ်များခွဲဝေမှု=   resources distrubution  

လူသားဖွံ့ဖြိုးတိုးတက်ရေး အစီရင်ခံစာ    =    human development report      

စွမ်းဆောင်ရည်   =  capability  

လိုတိုရှင်း စီးပွားရေးသုတ(၆၄)

ပေါခရပ်မန် ( Paul Krugman)

ပေါလ်ခရပ်မန် သည် ကမ္ဘာပေါ်ရှိ လေးစားစရာအကောင်းဆုံးနှင့်  အကျော်ကြားဆုံး အမေရိကန် စီးပွားရေး ပညာရှင်တစ်ဦးဖြစ်သည်။၎င်း သည် ပရင့်စတန် တက္ကသိုလ် Princeton University ၏ ဂုဏ်ထူး ဆောင်ပါမောက္ခဖြစ်ပြီး၊ အမေရိကန်နိုင်ငံ၊ နယူးယောက် ရှိ CUNY Graduate Center ၊လူဇင်ဘတ် ဝင်ငွေ လေ့ လာရေးဌာန၏ပညာရှင်တစ်ဦးလည်းဖြစ်သည်။ပေါလ်ခရပ်မန်သည်နိုင်ငံတကာကုန်သွယ်မှုပုံစံများ၊စီးပွားရေး   လုပ်ဆောင်မှုနှင့် အရင်းအမြစ်များ ကမ္ဘာလုံးဆိုင်ရာ ဖြန့်ဖြူးခြင်း တို့ကိုလေ့လာခဲ့မှု အတွက် ၂၀၀ ၈ ခုနှစ်တွင်  စီးပွားရေး နိုဘယ်ဆု ချီးမြှင့်ခြင်းခံခဲ့ရသည်။ 

ပေါလ်ခရပ်မန်သည်   စီးပွားရေး ပထဝီဝင်၊ နိုင်ငံတကာဘဏ္ဍာရေး  နှင့် ကုန်သွယ်မှုနှင့် ငွေကြေး အတက် အကျများကို အလေးထားလေ့လာခဲ့ သည်။ နယူးယောက်တိုင်းသတင်းစာ ၏ပင်တိုင်ဆောင်း ပါးရှင် အနေဖြင့်  အခွန်ကောက်ခံမှု၊ ဝင်ငွေခွဲဝေဖြန့်ဖြူးမှု၊ ငွေဖြစ်လွယ်မှုထောင် ချောက်များ၊ ငွေကြေး တန်ဖိုး အတက်အကျ အကြောင်း အပါအဝင်     စီးပွားရေး အကြောင်းအရာ  ဆောင်းပါးများစွာကို ရေးသား ခဲ့သည်။ ၎င်း၏လေ့လာမှုများအနက်      ကုန်သွယ်မှုသီအိုရီအသစ်နှင့် စီးပွားရေးပထဝီဝင်သစ် တို့ကို   ရှေ့ဆောင် လေ့လာမှုအတွက် အတွက်လည်း   ဂုဏ် ပြု ခြင်းခံခဲ့ရသည်။

ခရပ်မန်သည် သတင်းဆောင်းပါးများ ရေးသားခြင်း၊ မှတ်ချက်ပေးခြင်း နှင့် ဝေဖန်သုံးသပ် ခြင်း များကို ဆက်လက်လုပ်ဆောင်ပြီး လူအများအား ရှုပ်ထွေးသောစီးပွားရေးသဘောတရားများကို ကျွမ်း ကျင်စွာ ရှင်းပြနိုင်ခြင်းအတွက်   ကျယ်ကျယ်ပြန့်ပြန့် ဂုဏ်ပြုခံခဲ့ရသည်။ ၂၀၁၁ခုနှစ်စစ်တမ်းတစ်ခုထဲတွင်   သက်တူ ရွယ် တူ ပညာရှင်များကြား၌ထိုနှစ်အတွက်အနှစ်သက်ဆုံး အသက်၆ဝအောက် အသက်ရှင်ဆဲ စီးပွားရေး ပညာရှင် အဖြစ်  ပေါလ်ခရပ်မန် ကိုရွေးချယ်သတ်မှတ်ခဲ့ကြသည်ဟုတွေ့ရသည်။         

ဝေါဟာရများ

ပေါလ်ခရပ်မန်= Paul Krugman

ကုန်သွယ်မှုူပုံစံ= trade pattern 

ပထဝီစီးပွားရေး   = economic geography

ကုန်သွယ်မှုသီအိုရီ= trade theory 

ငွေကြေးတန်ဖိုးများအတက်အကျဖြစ်ခြင်း    =     currency fluctuations    

ငွေဖြစ်လွှယ်မှုထောင်ချောက် = liquidity trap  

လိုတိုရှင်း စီးပွားရေးသုတ(၆၅)

မက်(စ်)ဝက်ဘာ (Max Weber) 

     မက်(စ်) ဝက်ဘာ ကို   ယခုအချိန်တွင် လူမှုဗေဒပညာရပ် ကနဦး ထူထောင် သူ အဖြစ် လက်ခံ အသိအမှတ်ပြုထားကြသော်လည်း  ၎င်း ၏ဘဝတစ် လျှောက် ဖြတ်သန်း ခဲ့သောဘဝတစ်လျောက် လူ အများ က    စီးပွားရေးပညာရှင်တစ် ယောက် အဖြစ်သာ ပိုမိုသိ ခဲ့ကြသည်။ ၎င်း သည် စီးပွားရေး ပညာရပ်ကို အကောင် အထည်မဲ့ ( စိတ်ကူးအရ) ရှင်းလင်းဆွေး နွေး၍ မရနိုင်၊  လူတို့၏ သဘော သဘာဝ ကို ပါ ထည့် သွင်း စဉ်းစားရန် လိုသည်ဟူသောအချက်ကို အခိုင် အမာ ပြောဆိုခဲ့ သူလည်းဖြစ်သည်။

မက်(စ်)ဝက်ဘာသည်လူတို့၏အပြုအမူကို ဖွင့်ဆိုရှင်းပြနိုင်ရန် ကိုးကားစံပြုနိုင်သော အယူ အဆ များကို   စိတ်ကူးအမျိုးမျိုးဖြင့်တီထွင်ကြံဆ ခဲ့သည်။ ထိုအချက် များ သည်နောက်ပိုင်းတွင် အကျိုး အကြောင်း ဆင်ခြင် တတ်သော စီးပွားရေး လူသားအတွက် လိုက်နာ သင့်သည့်အခြေခံမူများဖြစ်လာခဲ့ သည် ။ ၎င်းသည် ဘာသာ ရေးအယူအဆများ နှင့်စီးပွား ရေး စနစ် များ ကို ဆက်စပ်တွေး ခေါ်လျက်လူတို့ သဘော ထား အခြေအနေ များကို ဝေဖန် သုံးသပ်မှု များပြု လုပ်ခဲ့သည်။ ခရစ်ယာန် ဘာသာ ပရိုတက်စတင့်ကျင့်ဝတ် နှင့် အရင်းရှင် ဝါဒ စိတ်ဓါတ် တို့ကိုလေ့လာမှုများပြုလုပ်လျက် ပရို တက်စတင့်သည် ကက်သလစ်များ ထက် အရင်းရှင်ဝါဒကို ပိုမိုကောင်းမွန်စွာလက်ခံကျင့်သုံးခဲ့ကြသည်ဟုကောက်ချက်ချခဲ့သည်။မက်(စ်)ဝက်ဘာ သည် နိုင်ငံတစ်နိုင်ငံတွင်အုပ်စိုးနေသောအစိုးရတစ်ရပ်ဟူသည် အကြမ်းဖက်မှုများ ကိုတရားဥပဒေအရ လက်ဝါးကြီး အုပ် လုပ်ကိုင်နေသည့် အဖွဲ့အစည်းသာ ဖြစ် သည်ဟုလည်း  သရုပ်ဖော် ရေးသားခဲ့သည်။

ဝေါဟာရများ

မက်(စ်)ဝက်ဘာ= Max Weber

လူမှုဗေဒပညာရပ် =sociology       

လူတို့၏ သဘော သဘာဝ   = human nature    

အကျိုးအကြောင်း  ဆင်ခြင်တတ်သော စီးပွားရေး လူသား = rational economic man  

ပရိုတက်စတင့်ကျင့်ဝတ်   = Protestant ethic  

  အရင်းရှင် ဝါဒ စိတ်ဓါတ်  =  spirit of capitalism        

Most Read

Most Recent