ရှမ်းပြည်နယ်တောင်ပိုင်းနှင့် အရှေ့ပိုင်းနယ်စပ် ဖန်လန်းရွာလေးသို့ အလည်တစ်ခေါက်

ရှမ်းပြည်နယ်တောင်ပိုင်းနှင့် အရှေ့ပိုင်းနယ်စပ် ဖန်လန်းရွာလေးသို့ အလည်တစ်ခေါက်
Published 31 March 2024

ရှမ်းပြည်နယ်တောင်ပိုင်းနှင့် အရှေ့ပိုင်း နယ်စပ်ဖြစ်သော ဖန်လန်းကျေးရွာ (ရွာသစ်) လေးဆီသို့ အားလပ်ရက်တွင် စာရေးသူ အလည်အပတ် ရောက်ရှိခဲ့သည်။ ဖန်လန်းကျေး ရွာသို့ရောက်ရှိစဉ် တောတောင် ရေတံခွန်များ ကို လေ့လာရေး လမ်းလျှောက်ခရီးစဉ်ထွက် ခြင်းကြောင့်  ဘဝအမောအပန်းများ အခိုက် အတန့် ပြေပျောက်ခဲ့ရသည်။

ရှမ်းပြည်နယ်သည် ရေမြေတောတောင် သဘာဝ စိမ့်စမ်း ရေတံခွန်များ ပေါများခြင်း၊ မှီတင်းနေထိုင်ကြသော တိုင်းရင်းသား လူမျိုး များ အလွန်များပြားခြင်းနှင့် ရှေးဟောင်းသ မိုင်းဝင် စေတီဘုရားများ လေ့လာစရာလွန်စွာ ပေါကြွယ်ဝသဖြင့် လည်ပတ်ရသည်မှာ ပျော် ရွှင်ဖွယ် ကောင်းပေသည်။

တောင်တက်ခရီးစဉ်နှင့် တောတွင်း လမ်းလျှောက်ခြင်း

ဖန်လန်းကျေးရွာသို့ ရောက်ရှိစဉ် အ ပေါင်းအသင်းများ စုဖွဲ့၍ နားနို  (အပေါ်ပိုင်း) သို့ တောတွင်းလေ့လာရေးခရီးစဉ် လမ်း လျှောက်ခြင်းနှင့် တောင်တက်ခရီးစဉ်ကို စတင်ထွက်ရှိခဲ့ကြသည်။

ထိုနေ့က နံနက်ပိုင်း ၇ နာရီမှ စတင်၍ အဆင်သင့် ပြင်ဆင်ထားကြပြီး တချို့က မော် တော်ကားဖြင့် လမ်းတစ်ဝက်လိုက်ပို့ကာ တချို့မှာ ကျေးရွာလမ်းအတိုင်း လမ်းလျှောက် ခရီးစဉ် စတင်ခဲ့ကြသည်။

ကျေးရွာလမ်းအတိုင်း စကားတပြော ပြောနှင့် ချွေးထွက်အောင် လမ်းလျှောက်ကြရ ပါသည်။ တောတွင်းလမ်းလျှောက်ခရီးစဉ်တွင် မြင့်မားမတ်စောက်သော သက်တမ်းရှု့် သစ် ပင်ကြီးများကို မြင်တွေ့ရပြီး တောင်တက် တောင်ဆင်းများနှင့် လှပသော ရှုခင်းများကို လည်း တွေ့ခဲ့ရသည်။

လမ်းဘေးဝဲယာ တစ်လျှောက်တွင် လှေ ကားထစ် စိုက်ခင်းများဖြင့် စိမ်းစိုသာယာသော သီးနှံခင်းများကို မြင်တွေ့ရသည်မှာ စိတ်ချမ်း မြေ့ဖွယ်ဖြစ်ပါသည်။

လမ်းတစ်ဝက်အရောက်တွင် ရေတံခွန် ရေချောင်းလေး တွေ့ရသဖြင့် ရေတံခွန်နံဘေး တွင် အနားယူအပန်းဖြေကြပြီး အချို့က ဓာတ် ပုံရိုက်ကူးနေကြသည်။ ရွာတောင်တက်လမ်း အတိုင်း ဆက်လက်ခရီးနှင်ရာ တောင်ပေါ်တွင် ဥယျာဉ်ခြံ စိုက်ပျိုးထားသော နေရာကို ရောက် ရှိခဲ့သည်။ ထို စိုက်ခင်းတွင် ကျွဲကောသီးပင် များ၊ မာလကာသီးပင်များ စိုက်ပျိုးထားသည် ကို တွေ့ရပြီး အမောပြေ ကျွဲကောသီး ခူးစား ကြသည်။

အဆိုပါ တောင်ပေါ်ရွာအနီးတစ်ဝိုက် တွင် စမ်းချောင်းကလေးလည်း တည်ရှိရာ ထို ရေချောင်းအနီးတစ်ဝိုက် အမောပြေ အနားယူ ကြရှု်း စိုက်ခင်းထဲ လေ့လာကြပြန်သည်။ ထို ခရီးစဉ်လေးသည် မေ့မရနိုင်သော ဘဝ၏ အမှတ်တရ ခရီးစဉ်လေးတစ်ခုဖြစ်နေပါတော့ သည်။ အပြန်လမ်းတစ်လျှောက် လမ်းလျှောက် ပြန်ကြရာတွင် ခြေထောက်ညောင်း၍ ပေါင် များ ကွနေသည်ကိုလည်း အမှတ်ရနေမိသည်။

ကွန်ဟိန်းမြို့အဝင် တံတားပေါ်မှ ရေ ချောင်းကို ကြည့်ရသည်မှာ အင်မတန်လှပ ပါသည်။ ကွန်ဟိန်းမြို့နယ်တွင် တည်ရှိသော ကွန်အော် ရေတံခွန်ကို သွားရောက် လည်ပတ် ရသည်မှာလည်း မေ့မရနိုင်အောင် ပျော်ရွှင် ဖွယ် ဘဝအမှတ်တရများ စွဲထင်ကျန်ရစ်ပါ သည်။

ကွန်အော် ရေတံခွန်သည် အရှေ့တောင် အာရှတွင် အလှပဆုံးသော ရေတံခွန်တစ်ခု အဖြစ် ကျော်ကြားသည်။ နမ့်ပန်ချောင်းသည် မိုင်းရှူးမြို့နယ်တွင် ဟိုက်ပါရေတံခွန်အဖြစ် မြောက်မှ စီးဆင်းလာပြီး ကွန်ဟိန်းမြို့နယ် တောင်ဘက် ပိုင်းတွင် သံလွင်မြစ်အတွင်းသို့ စီးဝင်သွားသည်။ နမ့်ပန်ချောင်း သံလွင်မြစ်အ တွင်း စီးဝင်သော တာဆိုင်းရွာအနီး မြစ်ဆုံ နေရာသည် အင်မတန်လှပသောရှုခင်းဖြစ် ကြောင်း သိရသည်။

ကွန်ဟိန်းမြို့နယ်အတွင်း စီးဆင်းနေ သော နမ့်ပန်ချောင်းသည် အရှိန်အဟုန်ပြင်း ပြင်းဖြင့် ဧရိယာကျယ်ပြန့်စွာ စီးဆင်းနေသဖြင့် အံ့မခန်း ဆန်းကြယ်သော ကွန်အော် ရေတံခွန် ဖြစ်ပေါ်လာသည်။ နမ့်ပန်ချောင်းနှင့် သံလွင် မြစ်စီးဆင်းရာ လမ်းတစ်လျှောက်အတွင်း ကျောက်စိုင် ကျောက်တုံးကြီးများ ထိုးထိုး ထောင်ထောင် ထွက်ပေါ်နေခြင်းကို အစွဲပြု၍ ကျွန်းတစ်ထောင်ဟု တင်စားခေါ်ဝေါ်ခြင်း ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ ရေတံခွန်သွားရာ ချောင်းရိုးလမ်းတစ် လျှောက်တွင် သဘာဝအလျောက်ဖြစ်တည် နေသော ကျောက်စိုင်ကျောက်တုံးကြီးများ မရေတွက်နိုင်အောင် များပြားစွာ တည်ရှိနေ သည်။

ကွန်ဟိန်းမြို့နယ်သည် ရှမ်းပြည်နယ် တောင်ပိုင်း၊ လွိုင်လင်ခရိုင်တွင် တည်ရှိပြီး ကွန်ဟိန်းမြို့နယ်ထဲတွင် ကာလိမြို့ ပါဝင် သည်။ မြောက်ဘက်မှ စီးဆင်းလာသော နမ့် ပန်ချောင်း ဖြတ်သန်းစီးဆင်းနေသဖြင့် ကွန် ဟိန်းမြို့တွင် ရေပေါများသည်။ ကွန်ဟိန်းမြို့ အဝင် ကွန်ဟိန်းတံတားပေါ်မှ ကြည့်လျှင် ကြီးကျယ်ခမ်းနားသော နမ့်ပန်ချောင်း အလှ အပများကို မျက်စိတစ်ဆုံး မြင်တွေ့ခံစားနိုင် သည်။ နမ့်ပန်ချောင်း သည် ကျယ်ပြန့်သဖြင့် တံတားသည် သုံးဆစ်ချိုးပုံသဏ္ဌာန် ရှည်လျား စွာ တည်ဆောက်ထားသည်ကို မြင်တွေ့နိုင်ပေ သည်။ ကွန်ဟိန်းဘက်မှ ကာလိမြို့အထွက် တံတားပေါ်မှကြည့်ပါက ယခင်တံတား အဟောင်း သစ်သားတိုင်အောက်ခြေ ငုတ် တိုင်များကို လှမ်းမြင်တွေ့နိုင်ပေသည်။ကွန် ဟိန်းတံတားနှင့် ကွန်ဟိန်းမြို့မြင်ကွင်းကို အပေါ်စီး ရှုခင်းမှ ဓာတ်ပုံရိုက်လျှင် အင်မတန် လှပမည်ဟု ထင်မြင်မိသည်။

          ထို့ပြင် ကွန်ဟိန်းမြို့နယ်တွင် ရှမ်းတိုင်း ရင်းသားတို့၏ ထူးခြားသော ရိုးရာအစားအစာ များကိုလည်း စားသောက်ခဲ့ရသည်။ ဝက် သားချဉ် ၊ ဝက်သားဖက်ပေါင်း၊ ပိန်းပေါင်း၊ အသားပေါင်း စသဖြင့် တစ်ကြိမ်မှ မစားဖူး သော အစားအစာများကိုလည်း စားခဲ့ရသည်။

          ကွန်ဟိန်းမြို့တွင် ရှမ်းတိုင်းရင်းသား အများစု နေထိုင်ကြခြင်းဖြစ်ပြီး ရှမ်းရိုးရာ အစားအစာများ လူသိများ ထင်ရှားပေသည်။ ကွန်ဟိန်းဒေသထွက် ရှမ်းရိုးရာ အစားအစာ များမှာ ခေါပုတ်၊ တို့ဟူးချဉ်၊ ကောက်ညှင်း ကျည်တောက်၊ ဝက်သားဖက်ထုပ်ပေါင်း (ပြန် ကင်) ၊ ဖက်ထုပ်ငါးပေါင်း၊ ရှမ်းဝက်သားချဉ်၊ ရှမ်းအမဲသားချဉ် ၊ ရှမ်းငါးချဉ် ၊ ပိန်းရွက်ပေါင်း၊ ချင်းပဲပုပ်အစပ်၊ ပဲပုပ်အမှုန့် အစရှိသဖြင့် ရှမ်း ရိုးရာအစားအစာများ ရောင်းချကြသည်။           ကွန်ဟိန်းမြို့ နှင့် ကာလိမြို့ရောက်စဉ် တောင်စဉ်တောင်တန်းများ လှပစွာ သွယ်တန်း နေသည်ကို ထူးခြားစွာမြင်တွေ့ခဲ့ရသည်။ တောင်တန်းများသည် ရှုမျှော်မဆုံးနိုင်အောင် ပင် လှပသည်။

 

ရှမ်းပြည်တောင်ပိုင်းက အစွန်ဆုံး

ကျေးရွာကလေး

 

          ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့မှ ဆက်သွား လျှင် ကျိုင်းလီ၊ နမ့်မော်ငင်းကျေးရွာမှ တောင် ကျော်လိုက်ပြီး ရောက်ရှိမည့် ရွာကလေးမှာ ဖန်လန်းရွာသစ် ရွာကလေးဖြစ်သည်။

          ဖန်လန်းရွာသစ်မှ သုံးမိုင်ခန့် ဆက်သွား လျှင် ဖန်လန်းရွာကြီးကို ရောက်ရှိနိုင်ပြီး ခုနစ် မိုင်ခန့် ဆက်သွားလျှင် တာကော်တံတား ရောက်ရှိပေမည်။

          ထို့ကြောင့် ဖန်လန်းကျေးရွာအုပ်စုသည် ရှမ်းပြည်တောင်ပိုင်း၏ အစွန်ဆုံးကျေးရွာ ကလေးဟု ဆိုနိုင်ပြီး တာကော်တံတားမှတစ် ဆင့် သံလွင်မြစ်ကျော်လိုက်လျှင် မိုင်းပျဉ်းမြို့ ကိုရောက်ရှိပေမည်။ အဆိုပါ လမ်းကို မိတ္ထီလာ -တောင်ကြီး-ကျိုင်းတုံ-တာချီလိတ်လမ်းဟု ခေါ်ဆိုပြီး  လမ်းအထူးအဖွဲ့ (၄) (ရွှေညောင်) က တာဝန်ယူ တည်ဆောက်ထားကြောင်း ဆိုင်းဘုတ်၌ ဖော်ပြထားသည်။ တောင်ကြီးမှ တစ်ဆင့် ဖြတ်သန်းလာသော မြို့များမှာ ဟိုပုံး -မိုင်းပွန်-လွိုင်လင်-နမ့်စန်-ခိုလမ် -ကွန်ဟိန်း တို့ ဖြစ်ကြသည်။

          ဖန်လန်းရွာသစ်တွင် ထူးခြားချက်များအ ဖြစ် ကျွဲကောသီးပင်နှင့် အုန်းပင်များ ပေါက် ရောက်နေသည်ကို မြင်တွေ့ခဲ့ရသည်။ ရေပေါ များသဖြင့် အုန်းပင်ဖြစ်ထွန်းသည်ဟု ယူဆရ သည်။ ရှမ်းပြည်နယ်တောင်ပိုင်းရှိ လူဦးရေ နည်းပါးသော ကျေးရွာကလေးဖြစ်သော ကြောင့် နံနက်တိုင်း မြူနှင်းကျဆင်းလေ့ရှိပြီး နှင်းများ မိုးရွာသကဲ့သို့ ရွာကျသည်။ နံနက် တိုင်း ၉ နာရီအထိ နှင်းကျတတ်ပြီး တစ်ခါတစ် ရံ မွန်းလွဲပိုင်း ၂ နာရီ အထိ မြူနှင်းမကွဲသော နေ့များလည်းရှိကြောင်း ဒေသခံများကဆို သည်။

          ယခင်က ကျေးရွာအဆင့်ရှိသော ကွန် ဟိန်းသည် လက်ရှိတွင် မြို့နယ်အဆင့် ဖြစ်လာ ပြီး ယခင်က မြို့အဆင့်ရှိခဲ့သော တာကော်မြို့ ဟောင်းသည် ယခုအခါ ရွာဟောင်းအဖြစ်သာ ကျန်တော့ပြီး ပြောင်းရွှေ့ကျေးရွာဖြစ်သော ဖန်လန်းကျေးရွာအုပ်စု ဖြစ်နေရကြောင်း ဖန်လန်းရွာသစ်မှ သက်ကြီးရွယ်အို လူကြီး တစ်ဦးက ဆိုသည်။

          ရှေးခေတ်စော်ဘွားများ အုပ်ချုပ်စဉ် ကာလတွင် လက်ရှိ တာကော်ကျေးရွာအုပ်စု သည် ကျိုင်းတုံစော်ဘွားပိုင်နက်နယ်မြေအ တွင်း ပါဝင်ပြီး  ၁၉၆၃ ခုနှစ်တွင် သံလွင်မြစ်အ နောက်ဘက်ခြမ်းကို ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်း မြို့နယ်အတွင်းမှ ကွန်ဟိန်းမြို့နယ်အတွင်းသို့ ထည့်သွင်းခဲ့သဖြင့် ဖန်လန်းကျေးရွာအုပ်စု ကွန်ဟိန်းမြို့နယ်တွင် ပါဝင်လာခြင်းဖြစ် သည်။

          ဖန်လန်းရွာသစ်သည် ပြည်ထောင်စု လမ်းမကြီးဘေးတွင် တည်ရှိသဖြင့် ဟိုက်ဝေး ကားများ အဆက်မပြတ် သွားလာနေကြသည်။ လမ်းမကြီးနံဘေးတွင် အိမ်ခြေအနည်းငယ် သာ ရှိ၏။

          ဖန်လန်းရွာသစ်မှ အနည်းငယ် ဆက်သွား လျှင် ဖန်လန်းရွာကြီးကို ရောက်နိုင်ပြီး အိမ် ခြေ ၁၀၀ ကျော်ရှိမည်ဟု ခန့်မှန်းမိသည်။ ကျေးရွာ အတွင်း ရေပေါများသဖြင့် ရေချောင်း ရေထွက်များတွင် ရေချိုးသူများ စည်ကားနေ သည်ကိုလည်း ညနေခင်း နေဝင်ရီတရော အချိန်တွင် မြင်တွေ့ရသည်။ ဖန်လန်းရွာကြီး တွင် ဘုန်းတော်ကြီးကျောင်း ရှိပြီး မြေပေါက် စေတီတော် တစ်ဆူ နှင့် ကျောင်းဆောင်အတွင်း ရှေးဘုရားတစ်ဆူတို့ကို တည်ထားကိုးကွယ် ကြ၏။

          ကျေးရွာအတွင်း လည်ပတ်လေ့လာရင်း ဖြင့် ၀ါးလုံးစိမ်းရောင်းသော ဆိုင်ရှေ့အရောက် မေးမြန်းကြည့်ရာ ကောက်ညှင်းကျည်တောက် လုပ်သော ၀ါးလုံးစိမ်းသုံးလုံးကို ငါးရာကျပ် ဖြင့် ရောင်းချသည်ဟု ဆို၏။ ၀ါးလုံးစိမ်းအ တွင်း ကောက်ညှင်း၊ အုန်းနို့များထည့်၍ မီး ဖုတ်စားရခြင်းဖြစ်၏။ ဆိုင်ရှင်နှင့် စကားစမြည် ပြောဆိုရင်း ခင်မင်သွား၏။

          ဖန်လန်းရွာသစ်ကလေး၏ သမိုင်းမှာ စိတ်ဝင်စားစရာ ကောင်းသည်။

          လိန်မိန်းစာအုပ်တွင် ဖော်ပြထားသော အကြောင်းအရာများကို ဆက်လက်ဖော်ပြပါ မည်။

တာကော်မြို့ဟောင်း သမိုင်းကြောင်း

          ၁၉၅၉ ခုနှစ် ရှမ်းစော်ဘွားများ အာဏာ မစွန့်မီကာလ တာကော်သည် သံလွင်မြစ်အ ရှေ့ဘက်ကမ်းနှင့် အနောက်ဘက်ကိုဖြတ်ကူး ၍ ကုန်ကူးသည့် ကူးတို့ဆိပ်ကမ်းအဖြစ် နာ မည်ကြီးခဲ့သည်။ ကျိုင်းတုံစော်ဘွား စဝ်ဖ အုပ် ချုပ်မှုအောက်ရှိ ဖုရား (မြို့စား) အဆင့်ဖြင့် အုပ်ချုပ်သော ၁၁ နယ် မြို့တွင်းမှ မြို့တစ်မြို့ ဖြစ်သည်။ တာကော်အား မြန်မာ အကိုးအ ကားများတွင် မြို့အနေဖြင့် ဖော်ပြသည်ကို မတွေ့ရပါသော်လည်း ရှမ်းဘာသာစကားဖြင့် မိုင်းတာကော်ဟု သုံးစွဲခဲ့ကြပြီး မြန်မာစာဖြင့် ဘာသာပြန်ပါက တာကော်မြို့ဟု အဓိပ္ပာယ် ရသည်။ ကျေးရွာပေါင်း ၆၀ ကျော်ကို အပိုင် စား အခွန်ကောက်ရသော မြို့ဖြစ်သောကြောင့် မိုင်းခွန်တော် ဆိုင်ရွက် (ခ) မိုင်းတာကော်ဟု ခေါ်ဆိုသည်။ တစ်ဖန် တာကော်ဟု ခေါ်တွင် ရခြင်းမှာ ရှမ်းဘာသာဖြင့် တာ-လှေဆိပ်၊ ကော်-မက်ဟိန်ကော်၊ ကူးတို့ဆိပ်မြို့ဟူ၍ ဒေ သပြောစကားများအရ ခေါ်ဝေါ်ရာမှ ဖြစ်ပေါ် လာခြင်းဖြစ်သည်။

          တာကော်သည် ပြည်ထောင်စု လမ်းမကြီး ဖြစ်သော မိတ္ထီလာ၊ သာစည်၊ တောင်ကြီး၊ ကျိုင်းတုံ၊ တာချီလိတ် လမ်းမကြီးအတိုင်း တောင်ကြီးမြို့မှ ၁၆၈ မိုင်အကွာ မိုင်တိုင် ၁၇၈ တွင် တည်ရှိသည်။ တာကော်တံတား မတည် ဆောက်မီ ရေစီးအလွန်သန်သော သံလွင်မြစ် အရှေ့ဘက်ကမ်းနှင့် အနောက်ဘက် ကုန် စည်များကို ကူးတို့လှေဖြင့် သယ်ယူပို့ဆောင် ရခြင်းဖြစ်သည်။ နွေအခါတွင် ပေ ၇၀၀ နီးပါး ကျယ်ပြန့်ပြီး မိုးအခါတွင် ပေ ၉၀၀ ကျော် ကျယ်သည့် မြစ်ပြင်ကိုဖြတ်လျက် တစ်လက်မ အချင်းခန့်ရှိ သံမဏိကြိုးတစ်ချောင်းကို အရှေ့ အနောက်သွယ်တန်းထားသည်။ ထိုကြိုးတွင် ရွေ့လျားသွားနိုင်သော သံဘီးလုံး ချိတ်ဆွဲထား လျက် နောက်ထပ် သံမဏိကြိုးတစ်ချောင်းဖြင့် ဖောင်ထပ်နှင့် သံဘီးလုံးတွင် တစ်ဖက်တစ် ချက် စွဲမြဲစွာ ချည်နှောင်ထားသည်။ ဖောင် ကြီးဆိုသည်မှာလည်း လှေကြီးနှစ်စင်း၊ စပါး တင်း ၅၀၀ ခန့်ဆံ့ကို သစ်သားဖြင့် စပ်ထား သော ဖောင်ဖြစ်သည်။ ရေစီးအားနှင့် ကြိုး အားကို အသုံးပြုလျက် လှေနောက်မှ ပဲ့ကို ဘယ်ညာ အလိုရှိရာထိန်း၍ မြစ်ကို ဖြတ်ကူး ရသည်။ တစ်ကြိမ်လျှင် ဝန်တင်အား ၁၂ တန် ခန့် တင်ဆောင်နိုင်ပြီး မိနစ် ၂၀ ခန့် အချိန် ယူဖြတ်သန်းရသည်။ မိုးရာသီ မြစ်ရေစီးသန် သည့်ကာလများတွင် မြစ်အတွင်း အန္တရာယ် များသည့်အတွက် နှစ်စဉ်နှစ်တိုင်း ဇွန်လမှ အောက်တိုဘာလအထိ ငါးလခန့် ကူးတို့ဆိပ် ကို ပိတ်ထားတတ်သည်။

          တာကော်တံတား မတည်ဆောက်မီ တာ ကော်မြို့သည် အလွန်စည်ကားခဲ့သော မြို့ဖြစ် ခဲ့ပြီး ရှေးဟောင်း ကော်မိန်းဘုရားတည်ရှိပြီး နှစ်စဉ် တာကော်ဘုရားပွဲကို စည်ကားသိုက် မြိုက်စွာ ကျင်းပလေ့ရှိကြသည်။ တာကော်မြို့ မှာ လက်ရှိအချိန်တွင် မြို့ဟောင်းအဖြစ်သာ ကျန်ရှိပြီး ကွန်ဟိန်းမြို့နယ်အတွင်းရှိ ကျေးရွာ အုပ်စုတစ်စုအနေဖြင့် တည်ရှိနေသည်။

          စော်ဘွားများ အာဏာစွန့်လွှတ်ခဲ့သည့် ၁၉၅၉ ခုနှစ် နောက်ပိုင်း နှင့် ၁၉၆၈ ခုနှစ် တာကော်သံလွင်မြစ်ကူးတံတား တည်ဆောက် ပြီးသည့်ကာလအတွင်း တာကော်မြို့ကို ဒေ သခံပြည်သူများက စွန့်ခွာလာကြပြီး အနီးနား ကျေးရွာများသို့ ပြောင်းရွှေ့အခြေချနေထိုင် လာကြသည်။ လမ်းပန်းဆက်သွယ်ရေး ပိုမို ကောင်းမွန်သော တာကော်တံတားအနီး ပြောင်းရွှေ့ခြင်းနှင့် စိုက်ပျိုးမြေကောင်းသည့် အတွက် ပြောင်းရွှေ့လာကြသည့်အပြင် တော တောင်အတွင်း ထွက်ပြေးတိမ်းရှောင်ရခြင်းအပါအဝင် ဒဏ်မျိုးစုံကို ခံစားရသည့်အတွက် ကျေးရွာငယ်လေးများမှ ဖန်လန်းကျေးရွာသို့ ပြောင်းရွှေ့နေထိုင်ခြင်းဖြင့် တာကော်သည် သမိုင်းဝင် မြို့ဟောင်း နေရာအဖြစ်မှ ကျေးရွာ အုပ်စု အဆင့်အထိသာ တည်ရှိကျန်ရစ်ခဲ့ သည်။

လက်ရှိ တာကော်ကျေးရွာအုပ်စု

          ၁၉၆၃ ခုနှစ် တော်လှန်ရေးကောင်စီ လက်ထက်တွင် သံလွင်မြစ် အနောက်ဘက် ခြမ်းကို ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ် အ တွင်းမှ ကွန်ဟိန်းမြို့နယ်အတွင်းသို့ သွတ်သွင်း ခဲ့သည်။ ထို့ပြင် ပြည်ထောင်စုမြန်မာနိုင်ငံ တော်အစိုးရ ပြည်ထဲရေးနှင့် သာသနာရေး ဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ၏ (၂၇-၇-၁၉၇၂) ရက်နေ့ အမိန့်ကြော်ငြာ စာအရ သံလွင်အနောက်ဘက်ကမ်းရှိ  တာ ကော်ကျေးရွာ  ၁၃ ရွာသည် ကွန်ဟိန်းမြို့နယ် အတွင်းသို့ သွတ်သွင်းခံခဲ့ရပြီး တာကော်ကျေး ရွာအုပ်စုအဖြစ် သတ်မှတ်ခဲ့သည်။ တာကော် ကျေးရွာအုပ်စုသည် ဒေသဆိုင်ရာ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး၏ ၂၀၁၉ ခုနှစ် ထုတ်ပြန်ချက်အရ ကွန်ဟိန်းမြို့နယ်အတွင်း ကျေးရွာ  ၁၉၃ ရွာ ရှိသည့် ကျေးရွာအုပ်စု ၁၄ စုအတွင်းမှ ကျေးရွာအုပ်စု ဖြစ်လာခဲ့သည်။

          ၂၀၁၉ ခုနှစ် လွိုင်လင်ခရိုင် အထွေထွေ အုပ်ချုပ်ရေးဌာန၏ ကွန်ဟိန်းမြို့နယ် ဒေသ ဆိုင်ရာ အချက်အလက်များအရ တာကော် ကျေးရွာအုပ်စု၏ အကျယ်အဝန်းမှာ ၈၃ ဒဿမ ၇၇ ဧရိယာစတုရန်းမိုင်ရှိပြီး ဆဋ္ဌမ မြောက် အကျယ်ဆုံးကျေးရွာအုပ်စုတစ်စု ဖြစ်သည်။  တာကော်ကျေးရွာအုပ်စုအတွင်း ကျေးရွာပေါင်း ၁၃ ရွာ ရှိပြီး အိမ်ထောင်စု ၅၈၂ စု၊ လူဦးရေ စုစုပေါင်း ၃၄၂၈ ဦး ရှိသည်။

          (ရှမ်းဓလေ့ထုံးတမ်းနှင့် မြေယာစနစ် လိန်မိန်းစာအုပ် ဖော်ပြချက်) တာကော် မြို့ ဟောင်း သမိုင်းကြောင်းသည် လိန်မိန်း ဖော်ပြ ချက် ဖြစ်သည်။

တာကော်မြို့စားအဆက်ဆက်၏ သမိုင်းကြောင်း

          ရှေးယခင် သမိုင်းအဆက်ဆက်မှစ၍ ရှမ်းပြည်နယ်တွင် ရှမ်းစော်ဘွားများက အကြီး အကဲအဖြစ် အုပ်ချုပ်ခဲ့ကြသည်။ ကျိုင်းတုံ စော်ဘွား အုပ်ချုပ်ခဲ့သော နယ်မြေများကို သမိုင်းပညာရှင် ဒေါက်တာသန်းထွန်း၏ နယ် လှည့်ရာဇဝင်တွင် -

(၁) အရှေ့ မိုင်းယောင်း

(၂) တောင် ဟောင်လိတ် (တာချီလိတ်)

(၃) အနောက်တောင် မိုင်းဆတ်နှင့်

(၄) အနောက် မိုင်းပြင်း (တာကော်)

(၅) မြောက် မိုင်းယန်းတွေပါပဲဟု ဖော်ပြထား ပါသည်။ (သန်းထွန်း ၂၀၀၀ ၊ ၅၇)

          ကျိုင်းတုံစော်ဘွားလက်အောက်ရှိ မိုင်း ပျဉ်းမြို့သည်လည်း ပဒေသရာဇ်ခေတ်ဦးပိုင်း တွင် သူကြီးများ အစဉ်အဆက်အုပ်ချုပ်လာ ခဲ့ပြီး ကုန်းဘောင်ခေတ်နှောင်းပိုင်းတွင် ကျိုင်း တုံစော်ဘွားက ခန့်အပ်သည့် မြို့စားများ အုပ် ချုပ်လာခဲ့သည်။ ကိုလိုနီခေတ် ၁၆၄၀ ပြည့်နှစ် မတိုင်မီ မြို့စားများပင် အုပ်ချုပ်လာခဲ့သည်။ ၁၉၄၀-၁၉၆၂ ကာလဦးပိုင်းတွင် မိုင်းပျဉ်းမြို့ နယ်ကို မြို့နယ်ခွဲကိုးခုမှ ခွဲခြား၍ ယူကဝပ်ဟု ခေါ်သော မြို့စားများဖြင့် အစားထိုးအုပ်ချုပ် လာခဲ့ပြီးနောက် ဖျားဟု ခေါ်သော မြို့စားများ ဖြင့် အစားထိုးအုပ်ချုပ်ခဲ့သည်။ ၁၉၆၂ ခုနှစ် မတိုင်မီကာလများတွင် သမာဓိ အဖွဲ့ဝင် လေး ဦး ပါဝင်သော အဖွဲ့ကိုးဖွဲ့က နယ်ပယ် ခွဲခြား အုပ်ချုပ်လာခဲ့ပါသည်။

          ၁၉၆၂-၁၉၇၄ ခုနှစ်အတွင်း တော်လှန် ရေးကောင်စီအစိုးရလက်ထက်တွင် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စု လုံခြုံရေးနှင့် အုပ် ချုပ်ရေး ကော်မတီအဆင့်ဆင့် ဖွဲ့စည်းအုပ် ချုပ်လာခဲ့သည်။ ယင်းကာလတွင် နယ်ခြား ဝန်ထောက်၊ နယ်ခြားမြို့ပိုင်၊ လက်ထောက် မြို့ပိုင်များ ခန့်အပ်အုပ်ချုပ်စေခဲ့သည်။ (ကျိုင်း တုံခရိုင်၊ မြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန-၂၀၂၀)

တာကော်မှ တောင်တန်းများ

          တာကော်ကျေးရွာအုပ်စုသည် တောင် တန်းများနှင့် မြစ်များအကြားတွင် တည်ရှိ သည်။ ကွင်းပြင်နည်းပါးပြီး တောင်များ၊ တောင်တန်းများသာ ဝန်းရံလျက်ရှိသည်။ သံလွင်မြစ်ဘေးတွင် တည်ရှိသောကြောင့် တောင်တန်းများမှာ ကြီးမားမြင့်မားလျက် ရှိသည်။ ထိုတောင်တန်းများပေါ်တွင် အဓိက အားဖြင့် တောင်ယာစိုက်ပျိုးခြင်းဖြင့် အသက် မွေးဝမ်းကျောင်းပြုကြသည်။ အချို့သော တောင်တန်းများသည် နတ်ကြီးသည်ဟု ယူဆ ပြီး အသားငါး ယူမသွားရပါ။ အထွတ်အမြတ် တောင်များပေါ်တွင် ရသေ့များ၊ တန်ခိုးကြီး သည့်ပုဂ္ဂိုလ်များ နေထိုင်ကာ တရားကျင့်ကြံ သည်ဟု ယူဆကြသည်။

          တောင်တန်းများမှာ ဗမာအခေါ် လွိုင် ဆောင်၊ လွိုင်နမ့်ပါလိန်၊ လွိုင်လိုင်း၊ လွိုင်ထမ် ကောင်ဟိုကင်၊ လွိုင်ကောင်းဆန်၊ လွိုင်ဖာ ပေါင်၊   လွိုင်ပူထောက်ပူဟိုက်၊ လွိုင်ဖူးတောင်၊ လွိုင်ပုံဟိုက်၊ လွိုင်ကောင်းမွန်း၊ လွိုင်နောင် တို့ဖြစ်ကြောင်း လိန်မိန်းစာအုပ်တွင် ဖော်ပြ ထားသည်။

          ဖန်လန်းရွာသားတစ်ဦးက “ဖန်လန်း ပတ်ပတ်လည်မှာ တောင်တွေပဲရှိတယ်။ တာ ကော်နဲ့ပတ်သက်တဲ့ တောင်တွေအမည်က သုဝဏ္ဏသျှမ်တောင်၊ လွဲဆက်၊ လွဲဆော့၊ လွဲ လှိုင်း၊ လွဲဝမ်ငန်၊ လွဲလမ်လို့ သိရတယ်။ သုဝဏ္ဏ သျှမ်တောင်ဆိုရင် အသားငါး ယူတက်လို့ မရဘူးလို့ ယုံကြည်ကိုးကွယ်ပါတယ်” ဟု ဆို သည်။                                                                                        

Most Read

Most Recent