မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္တြင္ မာစီဒီးအမ်ိဳးအစား ယာဥ္တစ္စီး ေနာက္ဆုတ္ရာမွ အရွိန္လြန္ၿပီး ေရေျမာင္းအတြင္း ျပဳတ္က်

မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္တြင္ မာစီဒီးအမ်ိဳးအစား ယာဥ္တစ္စီး ေနာက္ဆုတ္ရာမွ အရွိန္လြန္ၿပီး ေရေျမာင္းအတြင္း ျပဳတ္က်
Published 8 March 2024

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် မာစီဒီးအမျိုးအစား ယာဉ်တစ်စီး နောက်ဆုတ်ရာမှ အရှိန်လွန်ပြီး ရေမြောင်းအတွင်း ပြုတ်ကျမှု မတ် ၈ ရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မတ် ၈ ရက် နံနက် ၁၁ နာရီခွဲကျော်ခန့်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဗိုလ်မင်းရောင်လမ်းတွင် မာစီဒီးအမျိုးအစား ယာဉ်တစ်စီး အနောက်သို့ ဆုတ်ရာမှ အရှိန်လွန်ကာ ရေမြောင်းအတွင်း ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း အဖြူရောင်ကမ်းလက်လူမှုကူညီရေးအသင်းထံမှ စုံစမ်းသိရှိရသည်။

“ဖြစ်တဲ့နေရာက ရေမြောင်းကို ကာထားတဲ့ အုတ်ရိုးမရှိပါဘူး။ ဘတ်ဆုတ်ရင်း အရှိန်လွန်ပြီး ရေမြောင်းထဲကျတာပါ” ဟု အဖြူရောင်ကမ်းလက်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါယာဉ်မှာ ရေမြောင်းအတွင်းသို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း၊ ရေမြောင်းအတွင်းပြုတ်ကျခဲ့သည့် ယာဉ်အား ကရိန်းဖြင့် ပြန်လည်ဆွဲတင်ခဲ့ရကြောင်း သိရသည်။

Most Read

Most Recent