ထားဝယ်ခရိုင် ရေဖြူမြို့နယ် အုန်းပင်ကွင်းကျေးရွာတွင် လင်မယားနှစ်ဦးရန်ဖြစ်ပြီး ခင်ပွန်းဖြစ်သူမှ ဇနီးဖြစ်သူအား ဓားဖြင့်ထိုးပြီးနောက် ၎င်း၏လိင်အင်္ဂါအား ကိုယ်တိုင်လှီးဖြတ်

ထားဝယ်ခရိုင် ရေဖြူမြို့နယ် အုန်းပင်ကွင်းကျေးရွာတွင် လင်မယားနှစ်ဦးရန်ဖြစ်ပြီး ခင်ပွန်းဖြစ်သူမှ ဇနီးဖြစ်သူအား ဓားဖြင့်ထိုးပြီးနောက် ၎င်း၏လိင်အင်္ဂါအား ကိုယ်တိုင်လှီးဖြတ်
Published 5 March 2024

ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကံပေါက်ဒေသ အုန်းပင်ကွင်းကျေးရွာတွင် ဖေဖော်ဝါရီ ၂၈ ရက်က လင်မယားနှစ်ဦးရန်ဖြစ်ပြီး ခင်ပွန်းဖြစ်သူမှ ဇနီးဖြစ်သူအား ဓားဖြင့်ထိုးပြီးနောက် ၎င်း၏လိင်အင်္ဂါအား ဓားဖြင့်ကိုယ်တိုင်လှီးဖြတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ခင်ပွန်းဖြစ်သူမှ အရက်မူးပြီး ဇနီးသည်ဖြစ်သူအား ဓားဖြင့်လိုက်ထိုးခဲ့ရာ ဇနီးဖြစ်သူ၏ နောက်ကျောတွင် ဓားဒဏ်ရာ သုံးချက်နှင့် လက်တွင် ဓားဒဏ်ရာ နှစ်ချက်ရရှိခဲ့ပြီးနောက် ဆေးရုံသို့ အရေးပေါ်ပို့ဆောင်လိုက်ရကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “ယောက်ကျားဖြစ်သူက အရက်အမူးပြေတော့မှ သူ့ကိုယ်သူ ပြန်လုပ်တာ။ သူ့ကိုလည်း ဆေးရုံကို အရေးပေါ်တင်လိုက်ရတယ်” ဟု ပြောကြားသည်။

၎င်းတို့နှစ်ဦးအား ရေဖြူမြို့နယ်အတွင်းရှိ ရေတပ်စစ်ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ဆေးကုသမှုပေးပြီးနောက် ထားဝယ်မြို့ရှိ ပြည်သူ့ဆေးရုံကြီးသို့ ထပ်မံပို့ဆောင်ပေးခဲ့ရသည်ဟု ၎င်းဒေသခံက ဆိုသည်။

လတ်တလော တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်အတွင်း ယင်းကဲ့သို့ အရက်ကြောင်ပြီး တစ်ပါးသူရော၊ မိမိကိုယ်ကိုပါ အသက်အန္တရာယ်ဖြစ်စေရန် အားထုတ်မှုများ မကြာခဏ ဖြစ်ပွားနေကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

Most Read

Most Recent