မူဆယ်မြို့တွင် ဖော့စဖင်းဓာတ်ငွေ့ (PH3) တိုင်ဂီပေါက်ကွဲမှုကြောင့် လူငါးဦး ထိခိုက်ဒဏ်ရာရရှိ

မူဆယ်မြို့တွင် ဖော့စဖင်းဓာတ်ငွေ့ (PH3) တိုင်ဂီပေါက်ကွဲမှုကြောင့် လူငါးဦး ထိခိုက်ဒဏ်ရာရရှိ
Published 5 March 2024

မူဆယ်မြို့ ကောင်းမှုတုံရပ်ကွက်တွင် မတ် ၅ ရက် နံနက် ၁၀ နာရီ ၂၅ မိနစိအချိန်ခန့်က ဖော့စဖင်းဓာတ်ငွေ့ (PH3) တိုင်ဂီပေါက်ကွဲမှုကြောင့် လူငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မတ် ၅ ရက် နံနက် ၁၀ နာရီခွဲခန့်က မူဆယ်မြို့ ကောင်းမှု့တုံရပ်ကွက် ကောင်းမှုလွယ်နယ်မြေရှိ သွပ်မိုးသွပ်ကာ ကွန်ကရစ်အဆောက်အဦးအတွင်းရှိ Dong Feng ၁၂ ဘီးယာဉ်ပေါ်မှ ဖော့စဖင်းဓာတ်ငွေ့ (PH3) တိုင်ဂီ၏ နောက်ဆုံးအကန့်အား ကျောက်ဖြတ်စက်ဖြင့် ဖြတ်၍ဖွင့်ရာမှ ပေါက်ကွဲမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်ဟု သိရသည်။

အဆိုပါ မီးလောင်ပေါက်ကွဲမှုကြောင့် လူငါးဦး မီးလောင်ဒဏ်ရာများရရှိခဲ့ကြပြီး ရွှေလင်းရောင်လူမှုကူညီရေးအသင်းမှ မူဆယ်မြို့ ဗဟိုပုဂ္ဂလိကဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကာ အသက်အန္တရာယ်မစိုးရိမ်ရကြောင်း သိရသည်။

အဆိုပါဖော့စဖင်းဓာတ်ငွေ့(PH3)တိုင်ဂီ ပေါက်ကွဲမီးလောင်မှုကို မူဆယ်မြို့ မီးသတ်တပ်ဖွဲ့မှ  လက်ထောက်ညွှန်မှူး ဦးနေဝင်းတိုးဦးဆောင်သည့် တပ်ဖွဲ့ဝင် ၂၀ ကျော်မှ ရေဂါလံ ခြောက်ထောင်၊ အမြုပ်ဆေးဂါလံ ၃၀ တို့ဖြင့် တစ်နာရီကျော်ကြာအောင် မီးငြိမ်းသတ်ခဲ့ရသည်ဟု မူဆယ်မြို့နယ်မီးသတ်စခန်းမှ သိရသည်။

Most Read

Most Recent