မန္တလေးမြို့ရှိ မဟာအောင်မြေလဝကရုံးတွင် ဗုံးပေါက်ကွဲမှုကြောင့် ကိုးဦးဒဏ်ရာရရှိ

မန္တလေးမြို့ရှိ မဟာအောင်မြေလဝကရုံးတွင် ဗုံးပေါက်ကွဲမှုကြောင့် ကိုးဦးဒဏ်ရာရရှိ
Published 5 April 2024

မန္တလေးမြို့ရှိ မဟာအောင်မြေလဝကရုံးတွင် ဗုံးပေါက်ကွဲမှုကြောင့် ကိုးဦးဒဏ်ရာရရှိမှု မတ် ၅ ရက် နေ့လယ် ၁၂ နာရီခွဲခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပြည်ကြီးတံခွန်မြို့နယ်၊ ကျွဲဆည်ကန် (၁) လမ်းရှိ မဟာအောင်မြေမြို့နယ် လဝကရုံးအား လက်လုပ်မိုင်းဖြင့် ပစ်ပေါက်ခဲ့ခြင်းဖြစ်သည်။

ကျွဲဆည်ကန်(၁)လမ်းအတိုင်း အမျိုးသားနှစ်ဦး မောင်းနှင်လာသော ဆိုင်ကယ်ပေါ်မှ လက်လုပ်မိုင်းဖြင့် ပစ်ပေါက်ခဲ့သဖြင့် ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ကာ ကိုးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နှစ်ဦးမှာ အသက်အန္တရာယ်စိုးရိမ်ရကြောင်း သိရသည်။

Most Read

Most Recent