ဒီဘားလားကို ခေါ်ယူရန် ဘာစီလိုနာအသင်း ကမ်းလှမ်း

ဒီဘားလားကို ခေါ်ယူရန် ဘာစီလိုနာအသင်း ကမ်းလှမ်း
Photo: Sport
Photo: Sport
Published 7 March 2024

ဘာစီလိုနာအသင်းသည် ရိုးမားတိုက်စစ်ကစားသမား ဒီဘားလားအား လာမည့် ၂၀၂၄ နွေရာသီတွင် ခေါ်ယူရန် ကမ်းလှမ်းထားကြောင်း Sport က ဖော်ပြခဲ့သည်။

အသက် (၃၀)နှစ် အရွယ်ရှိ ဒီဘားလားသည် ရိုးမားအသင်းနှင့် ၂၀၂၅ ခုနှစ်အထိ သက်တမ်း ရှိနေသော်လည်း လာမည့်နွေတွင် ပြည်ပကလပ်အသင်းထံသို့ ယူရို (၁၂) သန်းဖြင့် ပြောင်းရွှေ့ခွင့်ရှိနေကြောင်း သိရှိရသည်။

ထို့ကြောင့် ၎င်းကို ခေါ်ယူရန် ဥရောပကလပ်အသင်းများစွာက စိတ်ဝင်စားနေကြပြီး ယခုအခါ ဘာစီလိုနာအသင်းက ၎င်းကို ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း Sport က ဖော်ပြခဲ့သည်။

လက်ရှိတွင် ဒီဘားလားအား ခေါ်ယူရန် ဘာစီလိုနာအပြင် အက်သလက်တီကိုနှင့် ဝက်စ်ဟမ်းအသင်းတို့ကလည်း စိတ်ဝင်စားနေကြောင်း သိရှိရသည်။

ဒီဘားလားအနေဖြင့် ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့မည်ဆိုပါက ရိုးမားအသင်းတွင် ရရှိနေသည့်လစာထက် လျှော့ယူရဖွယ်ရှိကြောင်းလည်း သိရသည်။

ဒီဘားလားသည် ယခုရာသီတွင် ပြိုင်ပွဲစုံ (၁၃) ဂိုး သွင်းယူထားသည်။ 

Most Read

Most Recent