အစ္စရေးသည် ပါလက်စတိုင­်းများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်နေကြောင်း အာဖရိကသမဂ္ဂ စွပ်စွဲ

အစ္စရေးသည် ပါလက်စတိုင­်းများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်နေကြောင်း အာဖရိကသမဂ္ဂ စွပ်စွဲ
ဖေဖော်ဝါရီ ၂၆ ရက်က ဂါဇာကမ်းမြောင်ဒေသတွင် စစ်ဆင်ရေးပြုလုပ်နေသည့် အစ္စရေးစစ်သားများကို တွေ့ရစဉ်(Photo:AFP)
ဖေဖော်ဝါရီ ၂၆ ရက်က ဂါဇာကမ်းမြောင်ဒေသတွင် စစ်ဆင်ရေးပြုလုပ်နေသည့် အစ္စရေးစစ်သားများကို တွေ့ရစဉ်(Photo:AFP)
Published 4 March 2024

အစ္စရေးသည် ပါလက်စတိုင်းများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်နေကြောင်း အာဖရိကသမဂ္ဂ (AU) အကြီးအကဲ မူဆာဖာကီ မာဟာမတ်က မတ် ၂ ရက်တွင် စွပ်စွဲခဲ့ပြီး ဂါဇာဒေသတွင် အကူအညီပေးရေးယာဉ် တန်းများရောက်ရှိခဲ့ပြီးနောက် လူပေါင်းဒါဇင်ချီ သေဆုံးခဲ့မှုကို နိုင်ငံတကာစုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် တိုက်တွန်းခဲ့သည်။

အသက်ရှင်ရပ်တည်နိုင်ရေးအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ရယူရန် ကိ­­­­­­­ုးပမ်းနေသည့် ပါလက်စတိုင်း ၁၀၀ ကျော် သေဆုံး၊ ဒါဏ်ရာရခဲ့သည့် အစ္စရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကို မာဟာမက်က ပြင်းထန်စွာရှုတ်ချကြောင်း AU က မတ် ၂ ရက်တွင် X လူမှုမီဒီယာ၌ ဖော်ပြခဲ့သည်။

“ဒီဖြစ်မှာ အပြစ်ကျူးလွန်သူတွေကို နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့ ဥက္ကဋ္ဌက တိုက်တွန်းပါတယ်။ ပြီးတော့ခြင်း ချက်မရှိဘဲ ချက်ချင်းအပစ်အခတ်ရပ်စဲဖို့ လည်း တိုက်တွန်းပါတယ်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

အစ္စရေးစစ်သားများသည် ဖေဖော်ဝါရီ  ၂၉ ရက်က အစားအစာများ မျှဝေပေးသည့် အချိန်တွင် အလုအယက် ဝင်ရောက်ရယူခဲ့သည့် ပါလက်စတိုင်းအရပ်သားများကို ပစ်ခတ်ခဲ့သဖြင့် လူ ၁၀၀ ကျော်သေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

အစ္စရေးစစ်တပ်ကမူ ဂါဇာဒေသခံများသည် အကူအညီပေးရေးယာဉ်တန်း၏ ကုန်တင်ကား ၃၈ စီးကို ပတ်ပတ်လည် ဝန်းရံပြီး အစားအစာများကို အလုအယက် ရယူနေချိန်တွင် လူအုပ်ကသောင်းကနင်းဖြစ်ပြီး သေဆုံး၊ဒဏ်ရာရမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

သို့သော် အစ္စရေးစစ်သားများသည် ၄င်းတို့အား ခြိမ်းခြောက်မှုအဖြစ် ယူဆရသည့် အချိန်တွင် လူအုပ်ထဲကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း အစ္စရေး သတင်းရင်းမြစ်တစ်ခုက ဝန်ခံခဲ့သည်။

လူထောင်ပေါင်းများစွာသည် ဂါဇာစီးတီး၏ အနောက်ပိုင်းရှိ နာဘူလ်ဆီရပ်ကွက်၌ အကူအညီများ တင်ဆောင်ထားသော ကုန်တင်ကားများထံ ပြေးသွားခဲ့ကြရာတွင် လူများသည် တင့်ကားများနှင့် နီးကပ်လွန်းလာသည့် အနေအထားတွင် အစ္စရေးစစ်သားများက လူအုပ်ကို ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဂါဇာဒေသခံတစ်ဦးက ပြောကြားခဲ့သည်။

စစ်တပ်သည် အကူအညီယာဉ်တန်းတွင် ပါလာသော ကုန်တင်ကားများကို ချုံခိုက်တိုက်ခိုက်သော လူအုပ်ကို လူစုခွဲရန် ကြိုးစားရာတွင် သတိပေးပစ်ခတ်မှုအချို့လုပ်ခဲ့သည် ဟု အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဒန် နီရယ်ဟာဂါရီက ပြောကြားခဲ့သည်။

လူအုပ်သည် ကြီးမားလွန်းအားကြီးသောကြောင့် ယာဉ်တန်းသည် နောက်ပြန် ဆုတ်ရန်ကြိုးစားခဲ့ရာမှ ကံမကောင်းသောဖြစ် ရပ်ဖြစ်ပွားခဲ့ပြီး ဂါဇာဒေသခံအများအပြား သေဆုံးဒဏ်ရာရခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ပြောကြားခဲ့သည်။

လူအများအပြားက ဂါဇာစီးတီး၌ အကူအညီပစ္စည်းများ တင်ဆောင်ထားသော ကုန်တင်ကားများကို ၀ိုင်းအုံနေသည့် ပုံများအား မြင့်ရသည့် ကောင်းကင်ဓာတ်ပုံများကို အစ္စရေးစစ်တပ်က ထုတ်ပြန်ပေးခဲ့သည်။

ဂါဇာကျန်းမာရေးဝန်ကြီးဌာနကမူ ထိုဖြစ်စဉ်ကို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဟု ပြောဆိုခဲ့ပြီး လူ ၁၁၅ ဦးသေဆုံးကာ ၇၅၀ ကျော်ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။ အခြား ကမ္ဘာ့ခေါင်းဆောင်များကလည်း ထိုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးရန် တိုက်တွန်းခဲ့သည်။

                   Ref:(AFP)