ဒေါ်လာတစ်ဘီလျံနီးပါး လျော့ကျခဲ့သည့် နယ်စပ်ကုန်သွယ်မှု

ဒေါ်လာတစ်ဘီလျံနီးပါး လျော့ကျခဲ့သည့် နယ်စပ်ကုန်သွယ်မှု
Published 28 April 2024

နယ်စပ်ဒေသများတွင် ဖြစ် ပွားခဲ့သည့် တိုက်ပွဲများကြောင့် ကုန်သွယ်ရေးကြန့်ကြာမှု များရှိခဲ့ ပြီး ကုန်စည်စီးဆင်းမှုလည်း နှောင့် နှေးခဲ့သည်။ အထူးသဖြင့် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးစခန်း များနှင့် မြန်မာ-ထိုင်းနယ်စပ်ကုန် သွယ်ရေးစခန်းအချို့တွင် တိုက်ပွဲ များကြောင့် ကုန်သွယ်မှုလျော့ကျခဲ့ သည်။

ကုန်သွယ်မှုလိုငွေ ဒေါ်လာသန်း ၈၅၀ ကျော် ဖြစ်ပေါ်ခဲ့သည့်ပြည်ပကုန် သွယ်မှု

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အ တွင်း ပြည်ပပို့ကုန်တန်ဖိုးဒေါ်လာ ၁၆ ဒသမ ၅ သန်း (သန်း ၁၆၅၀၀)၊ သွင်းကုန်တန်ဖိုးဒေါ်လာ ၁၆ သန်း ဖြင့် ကုန်သွယ်မှုပမာဏဒေါ်လာ ၃၂ ဒသမ ၅ သန်းရရှိရန်နှင့် ကုန် သွယ်မှုပိုငွေ ဒေါ်လာသန်း ၅၀၀ ရှိ ရန်လျာထားခဲ့သည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အ တွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန် သွယ်မှုကဏ္ဍတွင် ကုန်သွယ်မှုလို ငွေဒေါ်လာ ၈၅၄ သန်းကျော်ဖြစ် ပေါ်ခဲ့ကြောင်း စီးပွားရေးနှင့်ကူး သန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ကထုတ်ပြန်သည့် စာရင်းများအရ သိရသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ မတ် ၃၁ ရက်အထိ ပို့ကုန် ဒေါ်လာ ၁၄၆၁၈ ဒသမ ၄၅၉ သန်း၊ သွင်းကုန်တန်ဖိုး ဒေါ်လာ ၁၅၄၇၂ ဒသမ ၇၆၄သန်းရှိကာ ကုန်သွယ်မှု ပမာဏဒေါ်လာ ၃၀၀၉၁ ဒသမ ၂၂၃ သန်းအထိ ရရှိခဲ့သည်။ ယင်း အနက် သွင်းကုန်တင်သွင်းမှုမှာ ပို့ ကုန်တင်ပို့မှုထက် ဒေါ်လာ ၈၅၄ သန်းကျော် ပိုများနေသဖြင့် ကုန် သွယ်မှုလို ငွေ ဒေါ်လာ ၈၅၄ ဒသမ ၃၀၅ သန်း ဖြစ်ပေါ်ခဲ့သည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီမှ မတ် ၃၁ ရက်အထိ မြန်မာ နိုင်ငံ၏ စုစုပေါင်းကုန်သွယ်မှုပမာ ဏ ဒေါ်လာ ၃၃ ဒသမ ၉၂၅ ဘီလျံ ရှိပြီး ယခင်နှစ်ကာလတူက ဒေါ်လာ ၃၀ ဒသမ ၃၅၁ ဘီလျံရှိသည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှာ ယခင်နှစ်ကာလ တူထက် ပြည်ပကုန်သွယ်မှုဒေါ်လာ ၃ဒသမ ၅၇၃ ဘီလျံအထိ ပိုမို ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ သိရသည်။

အဆိုပါကာလအတွင်း ပြည်ပ နိုင်ငံများသို့တင်ပို့သည့်ပို့ကုန် ဒေါ် လာ ၁၆ ဒသမ ၅၇၅ ဘီလျံရှိပြီး ယ ခင်နှစ်ကာလတူထက် ၁ ဒသမ ၀၈၄ ဘီလျံ ပိုမိုတင်ပို့နိုင်ခဲ့ခြင်းဖြစ်သည်။

ထို့အတူ ပြည်ပနိုင်ငံများမှ တင်သွင်းသည့် သွင်းကုန်ပမာဏ ဒေါ်လာ ၁ရဒသမ ၃၄၉ ဘီလျံရှိပြီး ယခင်နှစ်ကာတူထက် ဒေါ်လာ ၂ ဒသမ ၄၈၉ ဘီလျံ ပိုမိုတင်သွင်းထား ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပ နိုင်ငံများသို့ လယ်ယာထွက်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပ စ္စည်း၊ သတ္တုတွင်းပစ္စည်း၊ သစ်တော ထွက်ပစ္စည်း၊ စက်မှုကုန်ချော၊ အ ခြားကုန်ပစ္စည်းများကို တင်ပို့လျက် ရှိသည်။

ပြည်ပနိုင်ငံများသို့ ရင်းနှီးမြှုပ် နှံမှုပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်း ပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ CMP ကုန်ကြမ်း စသည်တို့ကို အဓိက တင် သွင်းနေခြင်းဖြစ်သည်။

မြန်မာနိုင်ငံမှ ပို့ကုန်တိုးမြှင့် တင်ပို့နိုင်ရေးအတွက် အမျိုးသားပို့ ကုန်မဟာဗျူဟာ အကောင်အထည် ဖော်နေပြီး အမျိုးသားပို့ကုန်မဟာ ဗျူဟာ ၂၀၂၀-၂၀၂၅ ၏ အဓိက ဦးစားပေးကဏ္ဍများတွင် လယ်ယာ ထွက်ကုန်ပစ္စည်း အခြေခံစားသောက် ကုန်ထုတ်လုပ်ခြင်းကဏ္ဍ၊ အထည် အလိပ်နှင့် အဝတ်အထည်ကဏ္ဍ၊ စက်မှုနှင့် လျှပ်စစ်ပစ္စည်းကဏ္ဍ၊ ရေ ထွက်ကုန်လုပ်ငန်းကဏ္ဍ၊ သစ်တော ထွက်ပစ္စည်းကဏ္ဍ၊ ဒစ်ဂျစ်တယ် ထုတ်ကုန်များနှင့် ဝန်ဆောင်မှုကဏ္ဍ၊ ထောက်ပံ့ပို့ဆောင်ရေး ဝန်ဆောင် မှုကဏ္ဍ၊ အရည်အသွေးစီမံခန့်ခွဲမှု ကဏ္ဍ၊ ကုန်သွယ်မှုသတင်းအချက် အလက်ဝန်ဆောင်မှုကဏ္ဍ၊ တီထွင် ဆန်းသစ်မှုနှင့် စွန့်ဦးတီထွင်ဆောင် ရွက်ခြင်းကဏ္ဍ စသည်တို့ပါဝင် ကြောင်း သိရသည်။

ဒေါ်လာတစ်ဘီလျံနီးပါး လျော့ကျခဲ့ သည့် နယ်စပ်ကုန်သွယ်မှု

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ဖြစ် သည့် ၂၀၂၃ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၂၄ ခုနှစ် မတ် ၃၁ ရက်အထိ မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်မှု တွင် ဒေါ်လာ ၇၇၂၄ ဒသမ ၈၇၁ သန်း သာရရှိခဲ့သည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၈၅၉၆ ဒသမ ၅၀၇ သန်းရရှိခဲ့သည်။ အဆို ပါကာလတူနှစ်ခုကို နှိုင်းယှဉ်ပါက ၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ်တွင်ရရှိခဲ့ သည့် နယ်စပ်ကုန်သွယ်မှုမှာ ယခင် နှစ်ကာလတူထက် ဒေါ်လာ ၈၇၁ ဒသမ ၆၃၆ သန်းလျော့ကျခဲ့ခြင်း ဖြစ်သည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ကို ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်နှင့် နှိုင်း ယှဉ်ပါက ပို့ကုန်ပိုင်းတွင် ဒေါ်လာ ၇၉၉ ဒသမ ၀၇၂ သန်းလျော့ ကျခဲ့ ကာ သွင်းကုန်ပိုင်းတွင် ဒေါ်လာ ၇၂ ဒသမ ၅၆၄ သန်းဖြင့် ဒေါ်လာ ၈၇၁ ဒသမ ၆၃၆ သန်းလျော့ကျခဲ့ ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် အိမ်နီး ချင်းနိုင်ငံများနှင့် နယ်စပ်ကုန်သွယ် ရေးစခန်း ၁၇ ခုဖြင့် နယ်စပ်ကုန် သွယ်မှုဆောင် ရွက်နေခြင်းဖြစ် သည်။

မြန်မာ-တရုတ်နယ်စပ်ရှိ မူ ဆယ်နယ်စပ်မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုဒေါ် လာ၂၀၅၅ ဒသမ ၈၆၁ သန်းရရှိခဲ့ သည်။ ယခင်နှစ်ကာလတူက ဒေါ် လာ ၂၄၆၇ ဒသမ ၉၁၃ သန်းရရှိခဲ့ သည်။ အဆိုပါ ကာလတူနှစ်ခုကို နှိုင်းယှဉ်ပါက ၂၀၂၃-၂၀၂၄ ဘဏ္ဍာ နှစ်မှာ ယခင်နှစ်ကာလတူထက် ဒေါ်လာ ၄၁၂ ဒသမ ၀၅၂ သန်း လျော့ကျခဲ့ခြင်းဖြစ်သည်။ အဓိက အားဖြင့် မြန်မာဘက်မှ တရုတ် ဘက်သို့ ပို့ကုန်တင်ပို့မှုအပိုင်းတွင် ဒေါ်လာ ၄၉၈ ဒသမ ၀၁၄ သန်း လျော့ကျခဲ့ခြင်းဖြစ်သည်။

လွယ်ဂျယ်နယ်စပ်မှ နယ်စပ် ကုန်သွယ် မှုဒေါ်လာ ၁၅၈ ဒသမ  ၅၆၈ သန်းရရှိခဲ့ကာ ယခင်နှစ်ကာ လတူထက် ဒေါ်လာ၁၂ ဒသမ ၃၇၂ သန်း ကုန်သွယ်မှုပိုမိုပြုလုပ်ထား သည်။ လွယ်ဂျယ်နယ်စပ်မှ တရုတ် ဘက်သို့ ပို့ကုန်တင်ပို့မှုမှာ ယခင် နှစ်ကာလတူထက် ဒေါ်လာ ခြောက် သန်းနီးပါးလျော့ကျခဲ့သော် လည်း သွင်းကုန်ပိုင်းတွင် ဒေါ်လာ ၁၈ သန်းကျော် ပိုမိုတင်သွင်းထားသည်။

မြန်မာ-ထိုင်းနယ်စပ်တွင် နယ်စပ် ကုန်သွယ်ရေးစခန်းခြောက် ခုဖြင့် ကုန်သွယ်မှုဆောင်ရွက်နေ ခြင်းဖြစ်ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာ နှစ်တွင် ယခင်နှစ်ကာလတူထက် ဒေါ်လာ ၉၂၇ ဒသမ ၀၉၅ သန်း လျော့ကျခဲ့သည်။ အဓိကအားဖြင့် မြဝတီနယ်စပ်မှ ဒေါ်လာ ၈၉၇ ဒသ မ ၇၄၇ သန်း၊ ထီးခီးနယ်စပ်မှ ဒေါ် လာ ၇၉ ဒသမ ၃၂၆ သန်းလျော့ ကျခဲ့ခြင်းဖြစ်သည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ် စပ်ရှိ စစ်တွေနယ်စပ်တွင် ဒေါ်လာ ၁၀၀ ဒသမ ၀၀၄ သန်း လျော့ကျခဲ့ သည်။ မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးနယ်စပ်တွင် ဒေါ်လာ ၁၃ ဒသ မ ၅၁၆ သန်း လျော့ကျခဲ့သည်။

စီးပွားရေးနှင့် ကုန်သွယ်ရေး လမ်းကြောင်းများ ပိတ်ဆို့သည့် အပြင် ကုန်စည်စီးဆင်းမှုများနှောင့် နှေးပိတ်ဆို့အောင် ဆောင်ရွက်နေ ခြင်းများကြောင့် အခက်အခဲအချို့ ဖြစ်ပေါ်နေကြောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြော ကြားသည်။

ဧပြီ ၂၂ ရက်က နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင် စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် ပြည်ထောင်စုအစိုးရ အဖွဲ့အစည်းအဝေးအမှတ်စဉ် (၄/ ၂၀၂၄) အမှာစကားပြောကြားရာ တွင် နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်က အထက်ပါအတိုင်းထည့် သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

အစည်းအဝေးတွင် နစက ဥက္ကဋ္ဌက နိုင်ငံ့စီပွားရေးတိုးတက် အောင် ဆောင်ရွက်ရန်အတွက် မိမိ တို့နိုင်ငံတွင် မြေခံရေခံကောင်းများ နှင့် လူသားအရင်းအမြစ်များရှိပြီး ဖြစ်သော်လည်း စီးပွားရေးအရပိတ် ဆို့ခြင်း၊ ကုန်သွယ်ရေးလမ်းကြောင်း များအား ပိတ်ဆို့ခြင်းနှင့် တည်ငြိမ် အေးချမ်းမှုပျက်ပြားအောင် ဆောင် ရွက်၍ ကုန်စည်စီးဆင်းမှုများနှောင့် နှေးပိတ်ဆို့အောင် ဆောင်ရွက်နေ ခြင်းများကြောင့် အခက်အခဲအချို့ ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း ပြော ကြားသည်။

အဆိုပါအချက်များကို ကျော် လွှားနိုင်မည်ဆိုပါက ကုန်သွယ်မှုများ ကောင်းမွန်လာပြီး နိုင်ငံ့စီးပွားပိုမို တိုးတက်ကာ ငွေကြေးတန်ဖိုးများ လည်း တိုးတက်လာနိုင်မည်ဖြစ် ကြောင်းနှင့် နိုင်ငံတစ်နိုင်ငံအနေဖြင့် ထိုက်သင့်သည့် ငွေကြေးတန်ဖိုးတွင် တည်ငြိမ်နေရန်လိုကြောင်း ၎င်းင်းက ဆိုသည်။

Most Read

Most Recent