■ ရပ်ရှ်ဖို့ဒ် ယုံကြည်မှုရရှိရန် လိုအပ်နေသည်ဟု ရွန်နီ သုံးသပ်ပြောကြား     

■ ရပ်ရှ်ဖို့ဒ် ယုံကြည်မှုရရှိရန် လိုအပ်နေသည်ဟု ရွန်နီ သုံးသပ်ပြောကြား     
Photo: Sky Sports
Photo: Sky Sports
Published 1 March 2024

မန်ယူအသင်း၏ တိုက်စစ်မှူးဟောင်း ၀ိန်းရွန်နီက လက်ရှိတိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်သည် ယုံကြည်မှုရရှိရန် လိုအပ်နေကြောင်း သုံးသပ်ပြောကြားခဲ့သည်။ 

ရပ်ရှ်ဖို့ဒ်သည် ပြီးခဲ့သည့်ရာသီက မန်ယူအသင်းအတွက် အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့သော်လည်း လက်ရှိရာသီတွင် ဝေဖန်ပြစ်တင်မှုများနှင့် ရင်ဆိုင်နေရသည်။ 

ထို့ကြောင့် ရွန်နီက ရပ်ရှ်ဖို့ဒ်သည် မန်ယူအသင်း စီနီယာကစားသမားများ၏ အားပေးထောက်ခံမှု ရရှိရန် လိုအပ်နေသလို၊ ယုံကြည်မှုရရှိရန်လည်း လိုအပ်နေသည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

အသက် (၂၆) နှစ်အရွယ်ရှိ ရပ်ရှ်ဖို့ဒ်သည် ပြီးခဲ့သည့် ၂၀၂၂-၂၃ ရာသီက မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ (၅၆) ပွဲတွင် ဂိုး (၃၀) အထိ သွင်းယူနိုင်ခဲ့သော်လည်း ယခုရာသီ ပြိုင်ပွဲစုံ (၃၂) ပွဲတွင် (၅)ဂိုးသာ သွင်းယူထားနိုင်သည်။

Most Read

Most Recent