■ ဒီဇယ်ဘီကို နည်းပြသစ်အဖြစ် ခန့်အပ်ရန် မန်ယူအသင်းကို တင်မ်ရှားဝုဒ် တိုက်တွန်း     

■ ဒီဇယ်ဘီကို နည်းပြသစ်အဖြစ် ခန့်အပ်ရန် မန်ယူအသင်းကို တင်မ်ရှားဝုဒ် တိုက်တွန်း     
Photo: Sky Sports
Photo: Sky Sports
Published 1 March 2024

စပါးနှင့် အက်စတွန်ဗီလာအသင်းတို့၏ နည်းပြဟောင်းဖြစ်သည့် တင်မ်ရှားဝုဒ်က မန်ယူအသင်းအနေဖြင့် လာမည့်ရာသီတွင် ဘရိုက်တန်နည်းပြ ဒီဇယ်ဘီကို နည်းပြသစ်အဖြစ် ခန့်အပ်သင့်ကြောင်း တိုက်တွန်းခဲ့သည်။ 

အီတလီနည်းပြ ဒီဇယ်ဘီသည် လီဗာပူးလ်၊ ဘာစီလိုနာနှင့် ဘိုင်ယန်မြူးနစ်တို့၏ နည်းပြသစ်လျာထားစာရင်းတွင်လည်း ပါဝင်နေသူဖြစ်ကြောင်း သိရသည်။ 

တင်မ်ရှားဝုဒ်က "ဒီဇယ်ဘီက ကျွန်တော် အကြိုက်ဆုံးနည်းပြတွေထဲက တစ်ယောက်ပါ။ ဒီဇယ်ဘီက မန်ယူအသင်း လို အပ်နေတဲ့ နည်းပြမျိုးပါ။ သူက ဘရိုက်တန်အသင်းကို အကောင်းဆုံးတည်ဆောက်ပြထားပါတယ်"ဟု ပြောကြားခဲ့သည်။ 

ဒီဇယ်ဘီသည် လာမည့်ရာသီ၌ ဘရိုက်တန်အသင်းတွင်ပင် ဆက်ရှိမည်ဟုလည်း သတင်းထွက်နေသည်။

မန်ယူအသင်းပူးတွဲပိုင်ရှင် ဆာဂျင်ရက်ကလစ်ဖ်သည် ရီးယဲလ်အသင်းနှင့်လမ်းခွဲပြီးနောက် အသင်းလက်မဲ့ဖြစ်နေသည့် ဇီဒန်းကို နည်းပြအဖြစ် ခန့်အပ်ရန် ဆန္ဒရှိနေကြောင်း သိရသည်။