ချယ်လ်ဆီးအသင်းပိုင်ရှင်များသည် အသင်းကိုဖျက်ဆီးနေသည်ဟု လီဘော့ဖ် ဝေဖန်

ချယ်လ်ဆီးအသင်းပိုင်ရှင်များသည် အသင်းကိုဖျက်ဆီးနေသည်ဟု လီဘော့ဖ် ဝေဖန်
Photo: Getty Images
Photo: Getty Images
Published 1 April 2024

ချယ်လ်ဆီးအသင်း၏ ကစားသမားဟောင်း လီဘော့ဖ်က လက်ရှိအသင်းပိုင်ရှင်များသည် ချယ်လ်ဆီးအသင်းကို ဖျက်ဆီးနေသည်ဟု ဝေဖန်ပြစ်တင်ခဲ့သည်။

ပြီးခဲ့သည့်စနေနေ့က ယှဉ်ပြိုင်ခဲ့သော ပရီးမီးယားလိဂ်ပွဲတွင် တစ်ယောက်လျော့ ဘန်လေအသင်းအား သရေသာကစားနိုင်ခဲ့ပြီးနောက် လီဘော့ဖ်က ယင်းကဲ့သို့ ဝေဖန်ပြစ်တင်လိုက်ခြင်းလည်း ဖြစ်သည်။

''စိတ်မကောင်းပါဘူး။ ဘုတ်အဖွဲ့ဝင်တွေက အသင်းကို ဖျက်ဆီးနေတာပါ။ ဒါဟာ အသင်းကို ပြန်တည်ဆောက်နေတာလား။ အချိန်ဘယ်လောက်ယူရမလဲဆိုတာ ကျွန်တော် မသိပါဘူး''ဟု ပြောကြားခဲ့သည်။

ချယ်လ်ဆီးအသင်း၏ ပူးတွဲပိုင်ရှင်များဖြစ်သည့် တော့ဒ်ဘိုလီနှင့် အက်ဂ်ဘာလီတို့သည် ဘုတ်အဖွဲ့တွင် နေရာယူထားကြသည်။

Most Read

Most Recent