မိမိ၏ငယ်ဘဝ Idol မှာ စီရော်နယ်လ်ဒိုဟု ဆာကာ ပြောကြား

မိမိ၏ငယ်ဘဝ Idol မှာ စီရော်နယ်လ်ဒိုဟု ဆာကာ ပြောကြား
Photo: Getty Images
Photo: Getty Images
Published 7 March 2024

အာဆင်နယ်တောင်ပံကစားသမား ဆာကာက မိမိ၏ငယ်ဘဝ Idol မှာ မန်ယူတိုက်စစ်မှူးဟောင်း စီရော်နယ်လ်ဒိုဖြစ်ပြီး ၎င်းအပေါ် လေးစားမှုအပြည့်ရှိကြောင်း ဖွင့်ဟပြောကြားခဲ့သည်။

ဆာကာ (၂၂ နှစ်)သည် အာဆင်နယ်အကယ်ဒမီထွက်ဖြစ်ပြီး အသင်းအတွက် ယခုရာသီ ပရီးမီးယားလိဂ် (၂၆)ပွဲတွင် (၁၃) ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၁၁) ကြိမ် ပြုလုပ်ထားသည်။

ဆာကာက ''ကျွန်တော့်အနေနဲ့ စီရော်နယ်လ်ဒို(၃၉ နှစ်)လို အကြာကြီး ကစားနိုင်မယ် မထင်ပါဘူး။ ဒါကြောင့် သူ့အပေါ် လေးစားမှုအပြည့်ရှိပါတယ်။ သူဟာ ကျွန်တော့်ရဲ့ ငယ်ဘဝ Idol ပါ။ အခု ကျွန်တော် ဘောလုံးကစားတော့ သူ့ကို ပိုပြီးတောင် လေးစားမိပါတယ်။ သူ့ရဲ့ စည်းကမ်းလိုက်နာမှုက လက်ဖျားခါစရာပါပဲ''ဟု ပြောကြားခဲ့သည်။

Most Read

Most Recent