၂၀၂၃- ၂၄ ကမ္ဘာ့ဆန်တင်ပို့မှု အများဆုံးနိုင်ငံများတွင် မြန်မာနိုင်ငံက အဆင့် ၈ တွင်ရှိနေ

၂၀၂၃- ၂၄ ကမ္ဘာ့ဆန်တင်ပို့မှု အများဆုံးနိုင်ငံများတွင် မြန်မာနိုင်ငံက အဆင့် ၈ တွင်ရှိနေ
Published 29 February 2024

၂၀၂၃- ၂၄ ကမ္ဘာ့ဆန်တင်ပို့မှု အများဆုံးနိုင်ငံများတွင် မြန်မာနိုင်ငံက အဆင့် ၈ တွင်ရှိနေကြောင်း ဆန်စပါးအကြောင်းများ ရေးသားဖော်ပြလျက်ရှိသည့်  Statista က ထုတ်ပြန်ရေးသားထားသည်။

ဆန်တင်ပို့မှုအများဆုံးဖြစ်သည့် နိုင်ငံမှာ အိန္ဒိယနိုင်ငံဖြစ်ပြီး ၁၆ ဒသမ ၅ မီလျံ မက်ထရစ်တန်ဖြင့် ဦးဆောင်ခဲ့ပြီး ဒုတိယဆန်တင်ပို့မှုအများဆုံးနိုင်ငံမှာ ထိုင်းနိုင်ငံဖြစ်ကာ ၈ ဒသမ ၂ မီလျံမက်ထရစ်တန် တင်ပို့ခဲ့ကြောင်း သိရသည်။

တတိယဆန်တင်ပို့မှုအများဆုံးနိုင်ငံမှာ ဗီယက်နမ်နိုင်ငံဖြစ်ပြီး ၇ ဒသမ ၆ မီလျံမက်ထရစ်တန်၊ စတုတ္ထအများဆုံးတင်ပို့သည့်နိုင်ငံမှာ ပါကစ္စတန်ဖြစ်ကာ ၅ မီလျံမက်ထရစ်တန်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ဆန်တင်ပို့မှုအများဆုံး ၁၀ နိုင်ငံတွင် အဆင့် ၈ တွင်ရှိနေကာ ဆန်တန်ချိန် ၁ ဒသ ၈ မီလျံမက်ထရစ်တန်တင်ပို့ခဲ့ကြောင်း သိရသည်။

ဆန်တင်ပို့မှုအများဆုံးနိုင်ငံများမှာ အိန္ဒိယ၊ ထိုင်း၊ ဗီယက်နမ်၊ ပါကစ္စတန်၊အမေရိကန်၊ တရုတ်၊ ကမ္ဘောဒီးယား၊ မြန်မာ၊ ဘရာဇီးလ်နှင့် ဥရုဂွေးနိုင်ငံတို့ဖြစ်ကြောင်း Statista က ဖော်ပြထားသည်။

လာမည့်နှစ်တွင် ဆန်တင်ပို့မှုမှ ဒေါ်လာ တစ်ဘီလျံရရှိရန် ရည်မှန်းထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က မီဒီယာအချို့တွင် ဖြေကြားထားသည်။