ဘရာဇီးတွင် ကျင်းပနေသော ဂျီ-၇ ဘဏ္ဍာရေးဝန်ကြီးများအစည်းအဝေး၌ ပဋိပက္ခများ၊ အကျပ်အတည်းများအကြောင်း ဆွေးနွေး

ဘရာဇီးတွင် ကျင်းပနေသော ဂျီ-၇ ဘဏ္ဍာရေးဝန်ကြီးများအစည်းအဝေး၌ ပဋိပက္ခများ၊ အကျပ်အတည်းများအကြောင်း ဆွေးနွေး
ဂျီ၂၀ အလှည့်ကျဥက္ကဋ္ဌနေရာကို ရယူထားသည့် ဘရာဇီး၏ရီယိုဒီဂျနေယိုမြို့၌ ဂျီ၂၀ ကိုကြိုဆိုကြောင်း ဖော်ပြထားသည့် မုခ်ဦးကိုဖေဖော်ဝါရီလဆန်ပိုင်းကတွေ့ရစဉ်(Photo:AFP)
ဂျီ၂၀ အလှည့်ကျဥက္ကဋ္ဌနေရာကို ရယူထားသည့် ဘရာဇီး၏ရီယိုဒီဂျနေယိုမြို့၌ ဂျီ၂၀ ကိုကြိုဆိုကြောင်း ဖော်ပြထားသည့် မုခ်ဦးကိုဖေဖော်ဝါရီလဆန်ပိုင်းကတွေ့ရစဉ်(Photo:AFP)
Published 28 February 2024

ဂျီ၂၀ ဘဏ္ဍာရေးဝန်ကြီးများသည် ဖေဖော်ဝါရီ ၂၈ ရက်တွင် ဘရာဇီးနိုင်ငံ၌ တွေ့ဆုံခဲ့ကြပြီး ယူကရိန်းနှင့်ဂါဇာတို့တွင် ဖြစ်ပွားနေသော စစ်ပွဲများအပါအဝင် ပဋိပက္ခများနှင့် အကျပ်အတည်းများ၏ ခြိမ်းခြောက်မှုများကြောင့် အခြေတည်စ ကမ္ဘာ့စီးပွားရေး နာလန်ထူမှုကို ကျားကန်ပေးရန် နည်းလမ်းများကို ဆွေးနွေးခဲ့ကြသည်။

ယင်းအစည်းအဝေးတွင် ယူကရိန်းစစ်ပွဲသည် အဓိကဆွေးနွေးသည့် အကြောင်းအရာဖြစ်ခဲ့သည်။ ထို့အပြင် ဂျီရ နိုင်ငံများသည် ရုရှားကျူးကျော်မှုကို တွန်းလှန်နေသည့် ယူကရိန်းအား အနောက်အုပ်စု၏ ပံ့ပိုးမှု အ နေအထားများကိုလည်း ဆွေးနွေးမည်ဟု သိရသည်။ ယူကရိန်းအတွက် အကူအညီများ တိုးမြှင့်ရန် သိမ်းဆည်းထားသော ရုရှားပိုင်ဆိုင်ပစ္စည်းများကို အသုံးပြုရေးအတွက် အရေးကြီးသော အဆိုပြုချက်တစ်ရပ်ကို အမေရိကန်ဘဏ္ဍာရေး ဝန်ကြီးဂျာနတ်ရယ်လန်က ဆော်သြခဲ့သည်။

ရယ်လန်၊ ပြင်သစ် ဘဏ္ဍာရေးဝန်ကြီး ဘရူနိုလီမာရေး၊ နိုင်ငံတကာငွေကြေးရန်ပုံငွေ အဖွဲ့အကြီးအကဲ ခရစ္စတယ်လီနာဂျော်ဂျီဗာ၊ စီးပွားရေးဆိုင်ရာ မူဝါဒဖော်ဆောင်သူများသည် ဆောပိုလိုမြို့တွင် ကျင်းပသည့် နှစ်ရက်ကြာ အစည်းအဝေးကို တက်ရောက်နေကြသော်လည်း ဗြိတိန်၊ တရုတ်၊ အိန္ဒိယ၊ ရုရှားတို့က ဘဏ္ဍာရေးဝန်ကြီးများသည် အစည်းအဝေးကို တက်ရောက်ခြင်းမရှိဟု အစည်းအဝေးပွဲ စီစဉ်သူများက အေအက်ဖ်ပီကို ပြောကြားခဲ့သည်။

အိမ်ရှင်ဖြစ်သော ဘရာဇီး၏ ဘဏ္ဍာရေးဝန်ကြီးဖာနန်ဒို ဟက်ဒက်က ကိုဗစ်ဖြစ်ပွားခဲ့ပြီးနောက် အစည်းအဝေးကို ဗီဒီယိုကွန်ဖရန့်ဖြင့် မိန့်ခွန်းပြောကြားခဲ့သည်ဟု စီစဉ်သူများက ပြောသည်။

နေထိုင်မှုစရိတ် ပြဿနာများ၊ ရာသီဥတုပြောင်းလဲမှု၊အရှေ့အလယ်ပိုင်း ပဋိပက္ခတို့ကြောင့် ဖြစ်ပေါ်သည့် စီးပွားရေးဆိုင်ရာ အန္တရာယ်များသည် အစည်းအဝေးတွင် ဆွေးနွေး လျက်ရှိသည့် အကြောင်းအရာများဖြစ်သည် ဟု ဆိုသည်။ ယင်းအစည်းအဝေးကို ဂျီ၂၀ အုပ်စုဝင်နိုင်ငံများက ဘဏ္ဍာရေးဝန်ကြီးများ၊ ဗဟိုဘဏ်အကြီးအကဲများ တက်ရောက်လျက်ရှိသည်။

ဂျီ၂၀ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ဒီဇင်ဘာလထဲတွင် အိန္ဒိယထံမှ လွှဲပြောင်းယူခဲ့သော ဘရာဇီးသည် နှစ်ရက်ကြာ အစည်းအဝေး၌ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး၊ ဝင်ငွေနည်းနိုင်ငံများ၏ များပြားလှသော ကြွေးမြီ ဝန်ထုပ်ဝန်ပိုးများ လျော့ပါးအောင်ဆောင်ရွက်ရေး၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့နှင့်ကမ္ဘာ့ဘဏ်တို့လို အဖွဲ့အစည်းများတွင် ဖွံ့ဖြိုးဆဲနိုင်ငံများ ပြောရေးဆိုခွင့်ပိုမိုရရှိရေး ကိစ္စတို့တွင် တိုးတက်မှုရရှိရေးအတွက် ဖိအားပေးလျက်ရှိသည်။

ယခုအစည်းအဝေးသည် လွန်ခဲ့သော သီတင်းပတ်က ရီယိုဒီဂျနေယိုမြို့တွင် ကျင်းပခဲ့သော ဂျီ၂၀ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီးတွင် ကျင်းပသော အစည်းအဝေးဖြစ်ပြီး နိုဝင်ဘာတွင် ရီယိုဒီဂျနေ ယို၌ ကျင်းပမည့် ဂျီ၂၀ ခေါင်းဆောင်များ၏  နှစ်ပတ်လည် ညီလာခံအတွက် စီးပွားရေးဆိုင်ရာ မူဝါဒ အခြေခံအုတ်မြစ်ကို စတင်ချမှတ်သွားမည်ဖြစ်သည်။

“ဆွေးနွေးစရာကိစ္စတွေ အများကြီးရှိနေပါတယ်။ ကျွန်မတို့ဟာ အဲဒီကိစ္စအားလုံးမှာ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်” ဟု ဂျီ၂၀ ဘဏ္ဍာရေးဝန်ကြီးများ အစည်းအဝေးကို စီစဉ်ကျင်းပသော ဘရာဇီး တာဝန်ရှိသူ တာတီယာနာရိုဆီတိုက ပြောကြားခဲ့သည်။

“ကျွန်မတို့ရဲ့ ရည်ရွယ်ချက်ကတော့ စေ့စပ်ဆွေးနွေးရေးအတွက် အများသဘောတူညီချက်ကို ရရှိဖို့နဲ့ ပြဿနာတွေကို တင်ပြသွားဖို့ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ဗြိတိန်၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊  အီတလီ၊ ဂျပန်၊  အမေရိကန်ပြည်ထောင်စုတို့ပါဝင်သော ဂျီ ၇ အုပ်စု၏ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဥရောပသမဂ္ဂ(အီးယူ)တို့က ဘဏ္ဍာရေးဝန်ကြီးများသည် ယူကရိန်းအတွက် အနောက်အုပ်စုက ပေးနေသော အကူအညီများကိစ္စကို ဆွေးနွေးခဲ့သည်။                      Ref:AF

Most Read

Most Recent